#Local_News
Published _ 6 September 2022
လာမည့် ပညာသင်နှစ်မှစ၍ အထက်တန်းကျောင်းများတွင် စိုက်ပျိုး၊မွေးမြူရေးအကြောင်း ထည့်သွင်းသင်ကြားရန် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ကျွမ်းကျင်အဆင့်လေ့ကျင့်ပေးနိုင်ရန် စိုက်ပျိုးရေးသိပ္ပံကျောင်းများကဲ့သို့ ကျောင်းများဖွင့်လှစ်ပေးထားသော်လည်း စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် ရည်ရွယ်ပြီး လာမည့်ပညာသင်နှစ်တွင် အထက်တန်းကျောင်းအချို့မှာ ထည့်သွင်းသင်ကြားပေးမည်ဟုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးမှ ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ပညာရေးဂဏ္ဍမှာ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် သက်မွေးမှုပညာသင်တန်းကျောင်းတွေကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တိုးချဲ့ဖွင့်လှစ်သွားရန် နစက ဥကဋ္ဌမှ တိုက်တွန်းပြောကြားခဲ့သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _ 6 September 2022
မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂ သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။
"ဆန်တန်ချိန် ၂ သိန်းကို ဝယ်ယူမယ်ဆိုတာ ဟုတ်ပါတယ်။ G to G စနစ်နဲ့ ဝယ်ယူမှာပါ ၊CIF နဲ့ အာမခံကြေးအပါအဝင် တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၆၅ ဒသမ ၅၀ နဲ့ ရောင်းဖို့ နှုတ်အားဖြင့် သဘောတူပြီးပါပြီ၊ မကြာခင်မှာစာချုပ်ချုပ်ဆိုကြမှာပါ"ဟု အဆိုပါဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိတစ်ဦးက YMG ကို ပြောသည်။
အဆိုပါ ဆန်ဝယ်ယူမှုအတွက် စာချုပ်ချုပ်ဆိုပြီးပါက လပိုင်းအတွင်း တင်ပို့သွားမည်ဖြစ်ကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမှုကို ရန်ကုန်မြို့ရှိ Asia World Port Terminal ၌ ကျင်းပခဲ့ရာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ခဲ့သည်။
လက်ရှိတွင် ပြည်တွင်း၌ ဆန်တန်ချိန် (၃ ဒသမ ၆၃၅) သန်းကျန်ရှိနေသေးကြောင်း၊ ပြည်တွင်းစားသုံးလိုအပ်ချက်မှာ (၃ ဒသမ ၁၃၄) သန်းသာဖြစ်သောကြောင့် ပြည်တွင်းသုံးစွဲမှုအတွက် ဆန်ဖူလုံနေသည့် အနေအထားတွင် ရှိနေကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 6 September 2022
တောင်ကိုရီးယားအလုပ်အကိုင် (EPS)စာမေးပွဲကို မူလကြေညာတဲ့ရက်တွင် မပြုလုပ်ဘဲ ရက်ရွှေ့ဆိုင်းခဲ့ပြီး ပြန်လည်ဖြေဆိုမည့်စာမေးပွဲရက်အတိအကျ ထပ်မံမထုတ်ပြန်သေးကြောင်း ဖြေဆိုမည့်သူများထံမှ သိရသည်။
အဆိုပါ EPS စာမေးပွဲကို ဩဂုတ် ၁၆ ရက်တွင် ကျင်းပမည်ဟု ကြေညာထားပြီး ဇူလိုင်လထဲတွင် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများ ရောင်းချခဲ့ခြင်းဖြစ်သည်။
သို့သော်စာမေးပွဲရက်ကို ပထမတစ်ကြိမ်ရွှေ့ဆိုင်းပြီး ပြန်ကျင်းပမည့်ရက်ကို တိတိကျကျ ထပ်မံကြေညာတာမျိုးမရှိသေးခြင်းကြောင့် စာမေးပွဲကြေး ပြန်ထုတ်လိုသူတွေရှိလာကြောင်း သိရသည်။
EPS စာမေးပွဲဖြေခွင့်ရရန် စာမေးပွဲကြေးကို အမေရိကန်ဒေါ်လာ ၂၄ဒေါ်လာ ပေးသွင်းခဲ့ရကြောင်း၊ EPS စာမေးပွဲအတွက် ဇူလိုင်လတွင် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာရောင်းချစဉ် လျှောက်ထားသူဦးရေ ၃၇၀၀၀ ကျော်ရှိခဲ့ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 6 September 2022
ယူနက်စကိုဝင်နိုင်ရေးကြိုးပမ်းနေသော မြောက်ဦးနန်းရာကုန်းတွင် ယနေ့ စက်တင်ဘာလ ၆ ရက် နံနက် ၉နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရသည်။
"ဗုံးကွဲတာ မနက် ၉ နာရီလောက်က နန်းရာကုန်းရဲ့ အရှေ့တောင်ထောင့်၊ ဒုတိယတံတိုင်းနဲ့ တတိယတံတိုင်းကြားမှာ ဖြစ်တာ။ လူရော မြို့ရိုးရော ထိခိုက်ပျက်စီးတာ မရှိပါဘူး၊ ဘယ်သူလုပ်တယ်ဆိုတာတော့ မသိပါဘူး"ဟု အဆိုပါ ဌာနတာဝန်ရှိသူက YMG ကို အတည်ပြုပြောပြသည်။
မြောက်ဦးဒေသ ယဉ်ကျေးမှုအမွေအနှစ်ယူနက်စကိုဝင်နိုင်ရေးအတွက် တင်ပြထားပြီး ဖြစ်ရာ ယခု ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် သက်ဆိုင်ရာပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ မြောက်ဦးဒေသအား ယူနက်စကိုစာရင်းဝင်၊ မဝင် ဆုံးဖြတ်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published - 6 September 2022
ယနေ့ စက်တင်ဘာလ ၆ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
ယနေ့ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ၂၄၂၅ ကျပ်၊ 95 တစ်လီတာ ၂၅၃၅ ကျပ်၊ 97 တစ်လီတာ ၃၁၁၈ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃၁၉၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီမှာ ယခုအပါတ်အတွင်း မြန်မာနိုင်ငံသို ရောက်ရှိမည်ဖြစ်ပြီး ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီပြတ်လပ်သည့် ဆီဆိုင်တွေကိုလည်း အရေးယူဆောင်ရွက်မည်ဟုလည်း အသိပေး ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်း ဖြင့်ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 6 September 2022
မြန်မာအပါအဝင် (၇)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ပါဝင်တက်ရောက်သည့် နိုင်ငံအလံများကို International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ရုရှားအာကာသယာဉ်မှူးများက အာကာသတွင် ချိတ်ဆွဲ ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
ချိတ်ဆွဲထားသည့် အလံများမှာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တရုတ်နိုင်ငံတို့၏ အလံများဖြစ်ကြောင်း တွေ့မြင်ရသည်။
လက်ရှိတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ (၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022)ကိုကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ယင်းတွင် ပါဝင်တက်ရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ဂုဏ်ပြုသောအားဖြင့် ချိတ်ဆွဲ ဂုဏ်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း ရုရှားဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
မနက်ဖြန် စက်တင်ဘာလ ၇ ရက်တွင် အဆိုပါ စီးပွားရေး ဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session ကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ မြန်မာနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan ၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene တို တက်ရောက်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Mr. Li Zhanshu လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 5 September 2022
အနုပညာဝန်ဆောင်မှုလုပ်ငန်းတွေအဖြစ် လတ်တလောမှာအွန်လိုင်းကြော်ငြာရိုက်ကူးရေးလုပ်ငန်းတွေနဲ့ Billboard ရိုက်ကူးရေး အချို့သာပြန်လည်စတင်နိုင်သေးတယ်လို့ အနုပညာဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1815 of 2257