#Local_News
#Published 25 Oct 2022
အင်တာပိုလ်၏ ဖိတ်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသည့် အကြိမ် (၉၀) မြောက် အင်တာပိုလ် အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပါတယ်။
ညီလာခံဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Narendra Modi တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် (၉၁) ကြိမ်မြောက် အင်တာပိုလ်အထွေထွေ ညီလာခံကို ဩစတြီး ယားနိုင်ငံ၊ ဗီယင်နာမြို့၌ လက်ခံကျင်းပရန် ဩစတြီးယားနိုင်ငံ၊ ပြည်ထဲရေး ဝန်ကြီးက ကြေညာအဖွင့်အမှာစကား ပြောကြားခြင်း၊ ၂၀၂၅ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့်နိုင်ငံနှင့် ပတ်သက်၍သဘောထားမေးမြန်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ပါတယ်။
ဒုတိယဝန်ကြီး/ရဲချုပ်သည် အင်တာပိုလ်ညီလာခံ တက်ရောက်စဉ်အတွင်း အစည်းအဝေးပထမနေ့တွင် မလေးရှားနိုင်ငံ၊ CID ညွှန်ကြားရေးမှူးချုပ်၊ ရဲဗိုလ်ချုပ် Kamarudin BINMP DIW နှင့် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံရဲအဖွဲ့၊ အင်တာပိုလ်အတွင်းရေးမှူး ရဲမှူးချုပ် Amur Chandra Juli Buana နှင့် လည်းကောင်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေး ဒုတိယနေ့တွင် ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Chief Prosecutor (ရှေ့နေချုပ်) Mr. MOTORENKS MKAALL ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေး တတိယနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲချုပ် Mr. Chowdhury Abudullah Al MAMUN ၊ တရုတ် နိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် အင်တာပိုလ်အမှုဆောင် ကော်မတီဝင် Mr. Binchen HU ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသတွင် Online လောင်းကစားမှုများ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ လန်ချန်း-မဲခေါင် မြစ်ကြောင်းလုံခြုံရေးတွင် LMLECC နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးစတုတ္ထနေ့တွင် အင်တာပိုလ်အထွေထွေ အတွင်းရေးမှူးချုပ် Mr. Jurgen Stock၊ အင်တာပိုလ်မှုခင်း တိုက်ဖျက်ရေးတာဝန်ခံနှင့် အမှုဆောင်ကော်မတီဝင် Mr. Stephen Kavanagh တို့နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် အင်တာပိုလ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ပနိုင်ငံများတွင် ခိုအောင်းနေသော မြန်မာနိုင်ငံသား အကြမ်းဖက်သမားများအား တည်ဆဲဥပဒေများနှင့်အညီ တားဆီးနှိမ်နင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးခဲ့ပါတယ်လို့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆက်လက်၍ ထိုင်းနိုင်ငံတော်ဝင်ရဲအဖွဲ့ ရဲချုပ် H.E Police General Damrongsak Kittiprapas နှင့် အင်တာပိုလ်ညီလာခံတွင် အလွတ်သဘော တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး အောက်တိုဘာ ၂၂ ရက်တွင် ဘန်ကောက်မြို့၊ လေဆိပ်အနီး Novotal Hotel အစည်းအဝေးခန်းမ၌ ထိုင်းတော်ဝင်ရဲအဖွဲ့ ရဲဗိုလ်ချုပ် Khemmarin Hassiri ခေါင်းဆောင်သောအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်လို့ သိရပါတယ်။
အကြိမ် (၉၀) မြောက် အင်တာပိုလ် အထွေထွေညီလာခံကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အမျိုးသားဗဟိုဌာန (National Centre) တွင် အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပရာ အင်တာပိုလ်အဖွဲ့ဝင် ၁၉၅ နိုင်ငံအနက် နိုင်ငံ ၁၇၀ တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 25 october 2022
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သား (၁၂၉) ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၁၉) ဦး၊ စုစုပေါင်း (၁၄၈) ဦးသည် ၂၅-၁၀-၂၀၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များအား မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပါသည်။
တောင်ကိုရီးယားနိုင်ငံဟာ ယခုနှစ်ဆန်းပိုင်းမှစ၍ မြန်မာလုပ်သားများကို ဆက်တိုက်ခေါ်ယူနေခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း မြန်မာလုပ်သားဦးရေ ၅၀၀၀ နီးပါး ခေါ်ယူထားရှိပြီး လက်ရှိ အဆိုပါနိုင်ငံတွင် မြန်မာလုပ်သား ၄၅၀၀၀ ဦးရေ အလုပ်လုပ်ကိုင်နေကြကြောင်း မှတ်တမ်းများအရ သိရသည်။
#ymg/NN
#Yangom_Media_Group
#Local_News
Published_ 25 October 2022
တိုင်းရင်းဆေးဝါးထုတ်လုပ်သူများအနေဖြင့် မြန်မာ့တိုင်းရင်းဆေးကျမ်းမှဆေးနည်းများကို ဖော်ထုတ်၍ ပြည်သူလူထုအကျိုးရှိစေမည့် တိုင်းရင်းဆေးဝါးများကို သိပ္ပံနည်းကျ သုတေသနများပြုလုပ်ကာ သုတေသနရလဒ်များအပေါ် မူတည်၍ ထုတ်လုပ်သွားကြရန် ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး၊ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် တာဝန် ရှိသူများနှင့်အတူ အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ကြို့ကုန်း ကျေးရွာရှိ မုံရွာဆရာမိုး တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ကုန်ချောလည်ပတ် ထုတ်လုပ်နေမှု၊ ထုတ်ပိုးမှုနှင့် အရည်အသွေး ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြည်တွင်း၌သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်အောင် ကြိုးစားခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများကို ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ပြီး ကုန်ကြမ်းမှသည် ကုန်ချောအထိ အရည်အသွေးပိုင်းကို အမြဲကောင်းမွန်အောင် ထိန်းချုပ်ရမယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ထို့ပြင် ကုန်ကြမ်းပစ္စည်းများ စိုက်ပျိုးထုတ်လုပ်ရာတွင် တိုင်းရင်းဆေးပညာ ဦးစီးဌာနအောက်ရှိ ပရဆေးဥယျာဉ်များ၌ စိုက်ပျိုးထုတ်လုပ်နိုင်အောင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လိုအပ်သည့်သုတေသနနှင့် နည်းပညာပိုင်းဆိုင်ရာများကို ပံ့ပိုးပေးသွားမယ်လို့ ပြောပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _25 October 2022
KIA တပ်မဟာ (၉) နယ်မြေကို လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE) အတိုင်း လိုအပ်သော စစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
KIA တပ်မဟာ(၉)နှင့် နောက်လိုက် KIA အဖွဲ့များအနေဖြင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့နှင့်အတူ ဖားကန့်နယ်မြေနှင့် ခန္တီး၊ ဟုမ္မလင်းနယ်မြေစပ်ကြား ဆည်ဇင်းကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများသို့ သာလွန်အင်အားဖြင့် (၉) ကြိမ် အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခြင်း၊ ဟုမ္မလင်း၊ ရေပေါ်မီးနှင့် ဆက်စပ်နယ်မြေအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့၏ အလစ်အငိုက်တွင် ဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခန္တီးမြို့အနီး နိုင်ငံတော်သို့ တရားဝင် အခွန်တော်ငွေပေးဆောင်၍ ကျောက်စိမ်းတူးဖော်နေသည့် နန်စီပွန် လုပ်ကွက်ရှိ လုံခြုံရေးရဲစခန်းကိုလည်း ၂၀၂၁ မေလအတွင်း သာလွန်အင်အားဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်း၊ လုပ်ငန်းခွင်ပိုင် ယန္တရားများကိုလည်း ကစဉ့်ကလျား ပြန်လည်ဆုတ်ခွာချိန်၌ မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ကံဆီး၊ လုံးခင်း၊ ဖားကန့်ရဲစခန်းများအား အကြိမ်ကြိမ် နှောင့်ယှက်တိုက်ခိုက်ခဲ့ခြင်းများအပြင် ကံဆီး၊ လုံးခင်း၊ နန့်ယား၊ မိုးကောင်း ကားလမ်းတစ်လျှောက်နှင့် တပ်မတော်စခန်းများကို ၂၀၂၁ ခုနှစ်မှ ယနေ့ကာလအထိ အလစ်အငိုက်ရယူကာ (၁၁) ကြိမ်အထိ နှောင့်ယှက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းလည်း ရေးသားဖော်ပြထားသည်။
ထို့အပြင် အောက်တိုဘာလ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်များတွင် မိုးမောက်မြို့နယ်အနီးရှိ တပ်မတော်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြိမ်ကြိမ်ပြင်းထန်စွာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အပြင် ဗန်းမောက်သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သယ်ပို့နေသည့် ခရီးသည်တင်ရေယာဉ်များနှင့် စက်လှေများကို ကသာ၊ ရွှေကူနှင့် ဗန်းမော်ကြား အကြိမ်ကြိမ် အကြောင်းမဲ့ပစ်ခတ်နေမှုတို့ကြောင့် တပ်မတော်အနေဖြင့် KIA တပ်မဟာ (၉) နယ်မြေကိုလိုအပ်သောစစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်ချမ်းရေးတို့အတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ်ကို အခြေခံသော လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE) အတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း လည်း အဆိုပါ ထုတ်ပြန်ချက်တွင် ထပ်မံ ဖော်ပြထားသည်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေရာ အတိအကျမှာ KIA တပ်မဟာ (၉) လက်နက်ကိုင်အဖွဲ့၏ အခြေပြုနေရာဖြစ်ပြီး ၎င်းနေရာကိုလည်း Google Map တွင် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ပြည်သူများနေထိုင်ခြင်း သို့မဟုတ် လက်နက်ကိုင်အဖွဲ့အစည်း နေထိုင်ခြင်းတို့ကို ခွဲခြားကြည့်ရှုနိုင်ကာ အဆိုပါနေရာသို့ တရားမဝင်စီးပွားရေး ဆက်သွယ်လုပ်ကိုင်ရန်အတွက် ကျောက်သူဌေးအချို့နှင့် KIA လက်နက်ကိုင်တပ်ဖွဲ့များသာ ဝင်ရောက်နိုင်သည့် နေရာဖြစ်ပြီး အများပြည်သူသွားလာရန် လုံခြုံရေးအရ ကန့်သတ်ချက်ရှိသော နေရာဖြစ်ကြောင်း၊ ၎င်း ကိစ္စအပေါ် Online Media များက ဖားကန့်တေးဂီတ ဖျော်ဖြေပွဲကို တပ်မတော်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အပြစ်မဲ့ ပြည်သူများနှင့် ကချင်ဝါရင့်အဆိုရှင်အချို့ သေဆုံးခဲ့ကြောင်းရေးသားကြသည်ကိုတွေ့ရကြောင်း၊ သို့သော်လည်း အတည်ပြုနိုင်သော မြေပြင်သတင်းများနှင့် လိုင်ဇာ၊ KIO ဗဟိုဌာနချုပ်၏ အတွင်းသတင်းများအရ တပ်မဟာမှူးအဆင့်ရှိ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူးအဆင့်ရှိ ဇယ်တောင်၊ တိုက်နယ်မှူးအဆင့်ရှိ ဒူကဘာလအောင်၊ သယံဇာတ တိုင်းတာရေး တာဝန်ခံဆိုသူ ဖေရန်တို့ အပါအဝင် KIA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_25 October 2022
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ငွေဈေးမငြိမ်သက်မှုကြောင့် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းများပြန်လည်မြင့်တက်ခဲ့ပြီး ကြက်သွန်နီဈေးနှုန်းမှာလည်း တစ်ပိဿာ ၃၇၀၀ ကျပ်အထိ ပြန်လည်မြင့်တက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။
တရုတ်ဘက်မှ ကြက်သွန်များဝင်ရောက်လာမှုကြောင့် ပြည်တွင်းကြက်သွန်နီဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလာပြီး တစ်ပိဿာ ၃၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေခြင်းဖြစ်သည်။ ယနေ့အောက်တိုဘာ (၂၅) ရက်တွင် နယ်မှရန်ကုန် (ဘုရင့်နောင်ကုန်စည်ဒိုင်)သို့ ကြက်သွန်နီကားအစီးရေ ၂၆ စီးဝင်ရောက်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ကြက်သွန်ဈေးနှုန်းသည် ကုန်စည်ဒိုင်အဖွင့်ဈေးအနေဖြင့် ကျပ် ၃၀၀၀ မှ ၄၅၀၀အကြားဈေးရှိခဲ့ကာ ပြင်ပဈေးကွက်တွင် ၅၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဈေးကွက်အတွင်း၌ ကြက်သွန်နီအပါအဝင် အခြားသောအခြေခံ စားသောက်ကုန်စည်ဈေးနှုန်းများသည် အတက်ဘက်သို့ ဦးတည်နေကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 25 October 2022
ချောက်ရေနံမြေ တွင်းအမှတ် CDT-15 ကို ဇွန်လ ၃၀ ရက်က စတင်တူးဖော်ခဲ့ရာ ရည်မှန်းအနက်ပေ ၇၉၂၀ သို့ စက်တင်ဘာ ၁၉ ရက်တွင် ရောက်ရှိခဲ့ပြီး တစ်ရက်လျှင် ရေနံစိမ်း ၈ စည်ခန့်နှင့် သဘာဝဓာတ်ငွေ့ ၀ ဒသမ ၅ သန်းခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရပါတယ်။
အဆိုပါတွင်းမှ ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို ချောက်-ဆားခါး-ပုလိပ်-ကျောက်ဆည် ပိုက်လိုင်းအတွင်းသို့ အားဖြည့်ပို့လွှတ်သွားမှာဖြစ်ပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ချောက်/လမ်းရွာ ရေနံမြေတွင်းအမှတ် CDT-13 ၊ CDT-14 နှင့် CDT-15 တို့ကို တူးဖော်နိုင်ခဲ့သကဲ့သို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီနှင့် ပူးပေါင်း၍ တွင်းပေါင်း ၁၄ တွင်းတူးဖော်နိုင်ခဲ့ရာ တစ်ရက်လျှင် ရေနံစိမ်း ၈၀၈ စည်နှင့် သဘာဝဓာတ်ငွေ့ ၁ ဒသမ ၈၇၁၂ သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး၊ ချောက်/လမ်းရွာ ရေနံမြေရှိ တွင်းအမှတ် CDT-15 အောင်မြင်စွာ တူးဖော်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဝန်ကြီးသည် ဖိုကုန်းဒေသ ZJ 70 L SR 1 တွင်းတူးစက်ဖြင့် အောင်မြင်စွာ တူးဖော်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထုတ်လုပ်လျှက်ရှိသော တွင်းအမှတ် CDT-15 ကို ကြည့်ရှုစစ်ဆေးပြီး ချောက်ရေနံမြေတွင် ဆက်လက်တူးဖော်သွားမည့် ထုတ်လုပ်ရေး တွင်းများ အလားအလာများကို ဆွေးနွေးပါတယ်။
ထို့ပြင် ထုတ်လုပ်ရရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ကြရန် လိုကြောင်းမှာကြားပြီး တွင်းအမှတ် CDT-15 မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များ မီးရှို့စမ်းသပ်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
#ygm_mnn
#Yangon_Media_Group
#LocalNews
Published_24 October 2022
အကယ်ဒမီ မီးလင်းရွှေရည်ညွှန်းဈေးနှုန်းကို ဗဟိုဘဏ်ကသတ်မှတ်တဲ့ ဈေးနဲ့သာ တွက်ချက်နေရတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။
#Yangon_Media_Group
Page 1813 of 2359