Published 3 May 2023
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၂၁၅၃ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ နစက,က အမိန့်ထုတ်ပြန်ကြေညာပါတယ်။
နစကရဲ့ အမိန့်အမှတ် ၃၁/၂၀၂၃ အရ အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၂၁၅၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ အဆိုပါအမိန့်မှာဖော်ပြထားပါတယ်။
နစက ဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ယခုလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့လည်းသိရှိရပါတယ်။
ymg/knl
#နစကပြစ်ဒဏ်လွတ်ငြိမ်းခွင့်
#၅၀၅-ကများပြစ်ဒဏ်လွတ်ငြိမ်း
#YangonMediaGroup
#Local_News
Published_ 2 May 2023
ပြည်တွင်းကရွှေတွေကို အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်ရောင်းချတာတွေ ရှိနေတာကိုလည်းစုံစမ်းစစ်ဆေး ဖော်ထုတ်သွားမယ်လို့ ရန်ကုန် ရွှေအသင်းက ဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News #အရေးယူမယ် #ပြင်ပရွှေဈေး #ဆက်တိုက်ကျဆင်း
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
မေလ(၂)ရက်မှစပြီးနောက်နှစ်ရက်အတွင်း ရန်ကုန်အပါအဝင်ဒေသအချို့မှာ နေရာကွက်ပြီးမိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်အပါအဝင် #နေရာကွက်၍မိုးထစ်ချုန်းရွာနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ကဆုလပြည့်ဗုဒ္ဓနေ့ကိုရည်မှတ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သံဃာတော် (၁၁၁၁၁)ပါးနဲ့ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားနှင့်ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲမင်္ဂလာအခမ်း အနားကျင်းပပြုလုပ်ခဲ့တယ်လိုသိရပါတယ်၊၊
#Local_News #ကဆုန်လပြည့်ဗုဒ္ဓနေ့ #ရွှေတိဂုံစေတီတော် #အနေကဇာတင်အခမ်းအနား
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
လတ်တလောမှာ ကိုဗစ်ပိုးတွေ့လူနာတွေများလာသလို ပိုးတွေ့လူနာနဲ့ထိစပ်မိသူတွေလည်းများပြားလာပြီးမြောက်ဥက္ကလာပမြိုနယ်ထဲမှာ တစ်ရက်တည်းမှာပင်ကိုဗစ်သံသယရှိလိုကိုဗစ်ပိုးစစ်ဆေးဖိုပိုဆောင်ရမယ့်သူ(၂၅)ဦးအထိရှိနေတယ်လို လူမှုကူညီရေးအဖွဲထံမှသိရပါတယ်၊၊
#Local_News #ကိုဗစ်ပိုးတွေ့လူနာ #ကိုဗစ်သံသယရှိသူ
#YMG #Yangon_Media_Group
#Daily_News
Published_ 2 May 2023
၁။ ကိုဗစ်ပိုးတွေ့လူနာ နှင့်ထိစပ်မိသူများ ပိုများလာ ၊မြောက်ဥက္ကလာတွင် တစ်ရက်အတွင်းကိုဗစ်သံသယရှိသူ (၂၅)ဦးအထိ ပိုဆောင်စစ်ဆေးပေးနေရ
၂။ ကဆုန်လပြည့် ဗုဒ္ဓနေ့ကိုရည်မှတ်၍ ရွှေတိဂုံစေတီတော်တွင် သံဃာတော်(၁၁၁၁၁)ပါးဖြင့်အနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကျင်းပ
၃။ နောက်နှစ်ရက်အတွင်း ရန်ကုန်အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးထစ်ချုန်းရွာနိုင်
၄။ ယခင်ကထက် ခရီးသွားဧည့်သည်များ ရောက်ရှိလာစေရန် ဂျပန်ခရီးသွားလုပ်ငန်းများ မျှော်လင့်ဆောင်ရွက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 2 May 2023
ယခုသီတင်းပါတ်အတွက်စားသုံးဆီတင်သွင်သိုလှောင်ဖြန်ဖြူးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကလက်ကားဈေးစားအုန်းဆီတစ်ပိသာကို၄၅၇၀ကျပ်သတ်မှတ်ကြောင်းသိရပါတယ်။
#Local_News #စားအုန်းဆီ #လက်လီလက်ကားဈေး
#YMG #Yangon_Media_Group
Page 1511 of 2421