#TV Yangon Times Matters အစီအစဉ်
Published - 16 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကျော်ကျော်ဟန်၊ သူဇာအောင်(အဆိုတော်)တို့နှင့်အတူ
-"နှစ်ပွင့်တစ်ခိုင်သီဆိုဖျော်ဖြေလျှက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သင်ယူရတာတွေရှိကြောင်း
-မိဘဘိုးဘွား အမွေအနှစ်ကိုထိန်းသိမ်းရင်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းမျှဝေပေးသွားမှာဖြစ်ကြောင်း
-မဟာဂီတသီဆိုရတာကို ပိုကြိုက်မိပြီး အဆိုသင်တန်းတွေ ဖွင့်လှစ်ထားကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published 16 October 2022
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအတွက် အရည်အသွေးမြင့်ဘိလပ်မြေများ ပေးသွင်းနိုင်မည့်လုပ်ငန်းရှင်များ ဖိတ်ခေါ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအနေဖြင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း RCC Dam အတွက် ကွန်ကရစ်သွန်းလောင်းရာတွင် သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီသည့် ဘိလပ်မြေများကို စဉ်ဆက်မပြတ် ပေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်အတွင်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ တရားဝင်ခွင့်ပြုလုပ်ကိုင်လျက်ရှိသော တိုင်းရင်းသား/နိုင်ငံခြားသားလုပ်ငန်းရှင် များထံမှ အဆိုပါ စိတ်ဝင်စားမှုအဆိုပြုလွှာကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပေးသွင်းရမည့် ပစ္စည်း ဘိလပ်မြေပမာဏမှာ တန်ချိန် ၄၆၈၀၀ တန်ဖြစ်ပြီး တင်ဒါလျှောက်လွှာများကို အောက်တိုဘာလ ၁၇ ရက်တွင်ရောင်းချမည်ဖြစ်ပြီး လာမည့်နိုဝင်ဘာလ ၁၆ ရက်တွင် နောက်ဆုံးပြန်လည်တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _16 October 2022
ရေလှောင်တမံတွေမှာ ရေပြည့်နေတဲ့အတွက် လျှပ်စစ် မဂ္ဂါဝပ် ၁၅၀ နီးပါး ပိုပြီးထုတ်လုပ်နိုင်တာကြောင့် လျှပ်စစ်မီး ပြတ်တောက်ချိန်ဟာ နဂိုကထက် နည်းသွားတယ်လို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 16 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကျော်ကျော်ဟန်၊သူဇာအောင်(အဆိုတော်)တို့နှင့်အတူ
-"နှစ်ပွင့်တစ်ခိုင်သီဆိုဖျော်ဖြေလျှက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သင်ယူရတာတွေရှိကြောင်း
-မိဘဘိုးဘွား အမွေအနှစ်ကိုထိန်းသိမ်းရင်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းမျှဝေပေးသွားမှာဖြစ်ကြောင်း
-မဟာဂီတသီဆိုရတာကို ပိုကြိုက်မိပြီး အဆိုသင်တန်းတွေ ဖွင့်လှစ်ထားကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _16 October 2022
ထိုင်ဝမ်ရေလက်ကြား၌နစ်မြုပ်သည့် တောင်ကိုရီးယားသင်္ဘောပေါ်ပါ မြန်မာသင်္ဘောသားများအနက် တစ်ဦးသေဆုံးသွားကြောင်း maritimebulletin သတင်းဌာန၏ ရေးသားချက်ကို ကိုးကား၍ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်း(MOSA)၏ ဥက္ကဌ ဦးစိုးမင်းအောင်က အတည်ပြုပြောပြသည်။
"အဲဒီ သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသားသင်္ဘောသား ၁၈ ယောက် နဲ့ နောက် တခြားနိုင်ငံခြားသား နှစ်ယောက်ပါတယ်။သင်္ဘောက နစ်မြုပ်တော့ ကယ်ဆယ်ရေးတွေ လုပ်ကြတယ်။နစ်မြုတ်သူတွေကို ကယ်တင်တာလုပ်ပြီး ပို့ဆောင်နေတာတွေလုပ်နေတုန်း မြန်မာသင်္ဘောသားအရာရှိတစ်ယောက်က လမ်းမှာ ဆုံးသွားတယ်၊အခုကတော့ အသက်ရှင်လျက် ကျန်သူတွေရော ၊ သေဆုံးသွားတဲ့ တစ်ယောက်ကိုပါ နီးစပ်ရာ ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ ကနဦးသိရတယ်။သေဆုံးသူကိုတော့ Mortuary မှာထားမှာပေါ့"ဟု ယင်းကပြောသည်။
သေဆုံးသည့် သင်္ဘောသားမှာ အသက် ၄၀ ကျော် အရွယ်ရှိ Chief Officer ကိုတင်မောင်ဦးဆိုသူဖြစ်ကာ လူပျိုတစ်ဦးဖြစ်ကြောင်း ၊ ယင်းအတွက် မြန်မာနိုင်ငံဘက်က မိသားစုနှင့် ဆက်သွယ်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရသည်။
နစ်မြုပ်သွားသော အဆိုပါ သင်္ဘောမှာ တောင်ကိုရီးယား WOOSHIN Marine လိုင်းက Kelsey 2 ရေနံတင်သင်္ဘောဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်ကတည်းက သင်္ဘောတွင် ပြဿနာရှိနေသည့်အတွက် အရှိန်လျော့ထားခဲ့ရကြောင်း၊ထိုင်ဝမ်ရေလက်ကြား၊ Wuqui ကျွန်း၏တောင်ဘက် 25nm မီတာအရောက် တဖြည်းဖြည်း အင်ဂျင်ခန်းကို ရေဝင်ကာ အောက်တိုဘာလ ၁၅ ရက် နံနက်က နစ်မြုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ရေနံတင်သင်္ဘောသည် ဟောင်ကောင်မှ ဂွန်ဆန်ကိုရီးယား လမ်းကြောင်းပေါ်၌ ရေနံနှင့် ဓာတုပစ္စည်းများ စုစုပေါင်း တန်ချိန် ၇,၅၀၀ တင်ဆောင်ကာ အောက်တိုဘာလ ၁၆ ရက်ထိ ခရီးစဉ်ပြေးဆွဲသည့်သင်္ဘောဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _16 October 2022
ရုရှားနိုင်ငံ၏ အဓိကလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Inter RAO – Export ကုမ္ပဏီနှင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်ဖွံ့ဖြိုးတိုးတက်အကောင်အထည်ဖော်ရေးအစီအစဉ်အတွက် PTG Energy ကုမ္ပဏီနှင့် လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရေး Notice to Proceed(NTP)ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ က သိရသည်။
ရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ၌ကျင်းပသည့် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်အတွင်း အထက်ပါအတိုင်းလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း၊ယင်းအပြင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း အဆိုပါဖိုရမ်အတွင်း ဖိတ်ခေါ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်များ ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များရှိသောကြောင့် ရေအားလျှပ်စစ်နှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ၌ ကျင်းပသည့် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊စွမ်းအင်ဝန်ကြီးဌာနတို့အနေဖြင့် ရုရှားနိုင်ငံ Novatek ကုမ္ပဏီ ၊ LLC SIGMA ကုမ္ပဏီ ၊ Prometey ကုမ္ပဏီတို့မှ သက်ဆိုင်သူများနှင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယင်းအပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Mr. Nikolay G.Shulginov ဦးဆောင်သောအဖွဲ့နှင့်လည်း စွမ်းအင်ဆိုင်ရာရင်းကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ကိစ္စ၊ မြန်မာနိုင်ငံသို့ စက်သုံးဆီတင်သွင်းရေးကိစ္စများ၊ ရေနံချက်စက်ရုံ တည်ဆောက်ရေးကိစ္စနှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်ကိစ္စ စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ Joint Stock Company Foreign Economic Corporation “PRODINTORG” နှင့်တွေ့ဆုံကာ ရုရှားနိုင်ငံမှ ဓာတ်မြေဩဇာတင်သွင်းရေးလုပ်ငန်းများအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 16 October 2022
မြန်မာလျှပ်စစ်ကား (NEV) ဈေးကွက်ကို ဝင်ရောက်နိုင်ဖို့အတွက် တရုတ်လျှပ်စစ်မော်တော်ယာဉ် ကော်ပိုရေးရှင်း HOZON Auto က မြန်မာနိုင်ငံအခြေစိုက် Grand Sirius Company Limited (GSE) နဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကာ ပြင်ဆင်နေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံက လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များနဲ့ပတ်သက်ပြီး ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ထားပြီး ယာဉ်သုံးစွဲရာမှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အားသွင်းနိုင်မယ့် Charging Station တွေကို တည်ဆောက်သွားမယ်လို့လည်း သိရပါတယ်။
တရုတ်အခြေစိုက် HOZON AUTO ကုမ္ပဏီဟာ မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီနဲ့ NETA U မော်ဒယ်လ် လျှပ်စစ်စွမ်းအင်သုံးကား နဲ့ NETA V မော်ဒယ်လ် လျှပ်စစ်စွမ်းအင်သုံးကားများကို မိတ်ဆက်ရောင်းချသွားမှာဖြစ်သလို လိုအပ်တဲ့ဝန်ဆောင်မှုများ ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
HOZON AUTO ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံဈေးကွက်ထဲကို ပထမဆုံးဝင်ရောက် လာတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ စင်္ကာပူအခြေစိုက် GSE ကုမ္ပဏီနဲ့ အောက်တိုဘာ (၁၀) ရက်က ပူပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
HOZON AUTO က လက်ရှိမှာ လျှပ်စစ်စွမ်းအင်သုံးကားအစီးရေ ပေါင်း ၅၂ဝဝ ခန့် အော်ဒါလက်ခံရရှိထားတယ်လို့ သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1511 of 2039