#LocalNews
Published_19 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်း၊ အမှတ်(၅၀၀) မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် Ye Min Aung Money Changer ကို ဓားပြတိုက်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်ကအဆိုပါMoney Changer သို့ အမျိုးသား ၃ ဦးဝင်ရောက်လာပြီး အမျိုးသား ၂ ဦးက သေနတ်ဖြင့်ချိန်ကာ ကျန်အမျိုးသားတစ်ဦးက ဓားမြှောင်တစ်လက်ကိုင်ဆောင်ခြိမ်းခြောက်၍ ဆိုင်ရှိ ငွေကျပ်သိန်း ၃၀၀ ခန့်နှင့် I phone တစ်လုံးကို ဓားပြတိုက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
ယင်းဓားပြတိုက်မှုတွင် လူ ၄ ဦးက ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး ၃ ဦးက ဆိုင်အတွင်း ဝင်ရောက်လုယက်ကာ တစ်ဦးမှာ ဆိုင်အပြင်ဘက်ရှိ မော်တော်ယာဉ်ပေါ်၌ အသင့်စောင့်ဆိုင်းနေခဲ့ကြောင်း၊ အခင်းဖြစ်နေရာ၌ လုယက်သူများကျန်ရှိခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ 9mm ကျည် ၉ တောင့်နှင့် ကျည်ခွံတစ်ခုတို့ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ကြောင်း၊အမှုကို တောင်ညွန့်မြို့မရဲစခန်းတွင် (ပ)၃၅၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။
ဓားပြတိုက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့ သည့် မော်တော်ယာဉ် မောင်းနှင်ပေးခဲ့သူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ ၁၀၃ လမ်း၊ တိုက်အမှတ်(၂၇)၊ ၆ လွှာ-အေနေ အသက် ၁၉ နှစ် အရွယ် အောင်ပိုင်ဦး(ခ)ပိုင်ပိုင် အား ငွေစက္ကူ ရောရာ ၄၅ သိန်း၊ Redmi K30 အမျိုးအစား အပြာရောင်ဖုန်းတစ်လုံး၊ ဓားပြတိုက်မှုကျူးလွန်စဉ် ဝတ်ဆင်အသုံးပြုခဲ့သည့် အနက်ရောင်တီရှပ်အင်္ကျီလက်တို တစ်ထည်၊ အဖြူရောင်ဘောင်းဘီရှည် တစ်ထည်တို့နှင့်အတူ နိုဝင်ဘာလ ၁၈ ရက်နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ မြယာကုန်းမီးပွိုင့်တွင် စတင်ဖမ်းဆီးရမိခဲ့ကြောင်း ယင်း၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ သာကေတမြို့နယ်၊ (၇/အရှေ့)ရပ်ကွက်၊ သဇင်နီလမ်း၊ အမှတ်(၉)နေ အသက် ၂၄ နှစ်အရွယ် အောင်ရဲနိုင်(ခ) အရှည်ကြီး ကို Redmi K30 အမျိုးအစား ခရမ်းရောင်ဖုန်း တစ်လုံးနှင့်အတူ ယင်းနေ့ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် မင်းရဲကျော်စွာလမ်းထိပ်တွင် ဖမ်းဆီးရမိခဲ့ပြီး အလားတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ သာကေတမြို့နယ်၊ (၆/အရှေ့)ရပ်ကွက်၊ အောင်သုခ(၂၂)လမ်း၊ အမှတ်(၁၁၅၄)နေ အသက် ၂၄ နှစ်အရွယ် မင်းဟိန်း(ခ)ဂွပု အား ယင်းနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် Oppo A16K အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးနှင့်အတူ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ဓားပြတိုက်မှုကို ဖမ်းဆီးရန်ကျန်နေသေးသည့် ဝေကြီး(ခ)ဝေဖြိုးအောင်က ဦးဆောင်၍ အဖွဲ့ဝင် ၄ ဦးဖြင့် ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီးဓားပြတိုက်မှုကျူးလွန်စဉ် ဝေကြီး(ခ)ဝေဖြိုးအောင်က ပစ္စတိုသေနတ်ကို ကိုင်ဆောင်ကာ အောင်ရဲနိုင်(ခ)အရှည်ကြီးနှင့်အတူ ဆိုင်အတွင်း ဝင်ရောက်လုယက်ဓားပြတိုက်ခဲ့ကာ မင်းဟိန်း(ခ)ဂွပုက ဆိုင်အပေါက်ဝတွင် အခြေအနေစောင့်ကြည့်ပေးပြီး အောင်ပိုင်ဦး(ခ)ပိုင်ပိုင်က ဆိုင်အပြင်၌ မော်တော်ယာဉ်ဖြင့် အသင့်စောင့်ဆိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ္စတိုသေနတ်ကိုလည်း ဖမ်းဆီးရန်ကျန်သူ ဝေကြီး(ခ) ဝေဖြိုးအောင် က ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး ဓားပြတိုက်မှုကျူးလွန်ရာမှရရှိ ခဲ့သည့် ငွေ ၁၇၃ သိန်းကျပ် အနက်မှ အောင်ပိုင်ဦး(ခ)ပိုင်ပိုင်အား ၁၅ သိန်းကျပ်၊ မင်းဟိန်း(ခ)ဂွပုအား ၁၀ သိန်းကျပ်၊ အောင်ရဲနိုင်(ခ)အရှည်ကြီးအား ၁၅ သိန်းကျပ်စီ အသီးသီးခွဲတမ်းအဖြစ်ပေးအပ်ခဲ့ကာ ကျန်ငွေများကို ဝေကြီး(ခ)ဝေဖြိုးအောင်က ယူဆောင်ခဲ့ခြင်းကြောင်း ဖော်ထုတ်သိရှိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 19 november 2022
လာမယ့် ဒီဇင်ဘာလဆန်းပိုင်းတွင် ကြံကြိတ်ခွဲရာသီစတင်တော့မှာဖြစ်တာကြောင့် ကြံတစ်တန်ကို အမြင့်ဆုံးဈေး ၉သောင်းကျပ်ကနေ အနိမ့်ဆုံးဈေး ၇သောင်းကျပ်အထိ ပေါက်ဈေးရှိနေတယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published _19 November 2022
စင်ကာပူနိုင်ငံတွင် ယနေ့ညနေပိုင်းက ကျင်းပခဲ့သည့် One Championship ၏ One-163 ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်းပွဲစဉ်၌ မြန်မာMMA ဖိုက်တာ အောင်လအန်ဆန်းက ဂျပန်ကစားသမား အိုကာမီ ကို အနိုင်ရရှိခဲ့သည်။
ပွဲစဉ် ပထမပိုင်းတွင်ပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ymg/mt
Yangon _Media_Group
#Health_Matters
Published - 19 Nov 2022
-ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးဟာ လက်ရှိ လိင်ကိစ္စလွတ်လပ်မှုလွန်ခေတ်အခြေအနေတွေကြောင့် အဟန့်အတားဖြစ်နေမလား??
#Yangon_Media_Group
#Local_News
Published_ 19 November 2022
လတ်တလောမှာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာမယ့် မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် ဒေသအချို့မှာ အခုရက်ပိုင်းအတွင်းမိုးသည်းထန်ဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 19 Nov 2022
- မြန်မာနိုင်ငံရဲ့လက်ရှိ ခုခံအားကျဆင်းမှုရောဂါဖြစ်ပွားမှုဘယ်လိုရှိနေပါသလဲ??
#Yangon_Media_Group
#DailyNews
Published _ 19 November 2022
၁။ ဆောင်းအဝင်တွင်မိုးသည်းမည်ဖြစ်၍ သီးနှံမပျက်စီးအောင်သတိပြုရန်လို၊လေပြင်းနှင့်မိုးကြိုးအန္တရာယ်ရှိနိုင်
၂။ တစ်တန်ကို ၉သောင်းအထိ ပေါက်စျေးရှိနေပြီး ယခင်နှစ်များထက် စျေးကောင်းပိုရနေ
၃။ ပို့ကုန်ဝင်ငွေကို ဒေါ်လာအပြင် ယွမ်/ဘတ်တို့ဖြင့် ပေးသွင်းခွင့်ပြုမည်
၄။ သတင်းမှားတိုက်ဖျက်ရေးအတွက်တာဝန်ရှိသည့် အိန္ဒိယမှအချက်အလက်စစ်ဆေးသူများ ထောင်ကျခြိမ်းခြောက်မှုနှင့်ပါရင်ဆိုင်နေရ ...အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1514 of 2114