#Local_News
Published_ 16 October 2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀၀ ကီလိုနှင့် ကက်တမင်း ၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်း၊ ဆင်စားကုန်း ကျေးရွာအနီးတွင် မိုးကုတ်ဘက်မှ ပြင်ဦးလွင်ဘက်သို့ ငွေအောင် မောင်းနှင်ပြီး မင်းမင်း လိုက်ပါလာသည့် DONGFENG ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) ၁၅၀၀ ကီလိုနှင့် ကက်တမင်း ၁ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် နှင့် ကက်တမင်းတို့အား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published _15 October 2022
ထိုင်း-မြန်မာ နယ်စပ် မဲ့ဆောက် မြဝတီ အမှတ် ၁ တံတားအနီး ယနေ့ည ၇ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ ကားနှစ်စီး မီးလောင်ခဲ့ကြောင်း သိရသည်။
"အသံအတော်ကျယ်ကျယ်ကြားရပါတယ်။ ပထမတစ်လုံး နဲ့ ဒုတိယတလုံး က ဆယ်မိနစ်လောက် ခြားမယ်ထင်တယ်၊မရှေးမနှောင်းမှာ ပေါက်တာဗျ"ဟုမြဝတီမြို့ခံတစ်ဦးကဆိုသည်။
ကိုဗစ်ကြောင့် ပိတ်ထားရသော အဆိုပါ အမှတ် ၁ တံတားကို ယခုတိုင်ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 15 October 2022
ရာသီဥတု အကူးအပြောင်းကာလဖြစ်တဲ့အတွက် အဖျားကြီးတဲ့ကလေးလူနာတွေ၊ ဝမ်းပျက်ဝမ်းလျောဖြစ်တဲ့ ကလေးလူနာတွေကို ဆေးရုံတွေကို ပို့ဆောင်ပေးနေရတာများတယ်လို့ ပုလဲအရန်မီးသတ်အဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-15 October 2022
ကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်း တရုတ်နိုင်ငံဘက်မှ ကိုဗစ်စည်းကမ်းတွေသတ်မှတ်ထားတာကြောင့် သကြားတင်ပို့နိုင်ခြင်း မရှိတော့ဘူးလို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 15 October 2022
လက်ရှိအချိန်တွင် မြန်မာ့ရေချိုငါးမြစ်ချင်းတွေက အဝယ်ပြန်လိုက်နေပြီး ဈေးကွက်အနေအထားကတော့ ပုံမှန်လည်ပတ်နေတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 October 2022
ကထိန်ပွဲတွေနဲ့ကျောက်ဆည်ဆင်ပွဲအတွက် ဆင်နဲ့ပတ်သက်တဲ့ ရွှေချည်ထိုးအသုံးအဆောင်တွေဖြစ်တဲ့ဆင်ချိုးရွှေချည်ထိုးတွေ အမှာများနေတယ်လိုသိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 15 October 2022
၁။ သီတင်းကျွတ်ပိတ်ရက်နောက်ပိုင်းများ၌ ရေချိုငါးမြစ်ချင်း အဝယ်ပြန်လိုက်လာဟုဆို
၂။ တရုတ်ဘက်မှ ကိုဗစ်စည်းကမ်းများ ဖြေလျှော့ပေးပါက ပုံမှန်အတိုင်းသကြားပြန်လည် တင်ပို့နိုင်မည်ဟုဆို
၃။ အဖျားကြီးသည့် ဝမ်းပျက်ဝမ်းလျောဖြစ်သည့် ကလေးလူနာများကိုဆေးရုံပို့ဆောင်ပေးရခြင်းများလာ
၄။ ကာတာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွင်း လမ်းပိတ်ခြင်းမဖြစ်စေရန် စီစဉ်သူများ ကြိုတင်ဆောင်ရွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1512 of 2039