#Local_News
Published_ 1 March 2023
မတ်လအတွင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ဒေသအချို့မှာ မြူတွေကျဆင်းဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မတ်လ #လေဖိအားနည်းရပ်ဝန်း #မြူကျဆင်း#YMG
#Yangon_Media_Group
#Local_News
Published_ 1 March 2023
အထပ်မြင့် တိုက်ခန်းနေထိုင်တဲ့သူတွေအနေနဲ့ မီးလောင်ချိန်မှာ အိမ်သော့နဲ့သံပန်းသော့တွေပျောက်နေလို့ တိုက်ခန်းတွင်းပိတ်မိပြီး သေဆုံးမှုတွေများနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #အိမ်သော့နှင့်သံပန်းသော့များ #တိုက်ခန်းတွင်း #မီးလောင်သေဆုံးမှု #YMG #Yangon_Media_Group
#Local_News
Published_ 1 March 2023
မတ်လ ၁ရက်နေ့ မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၈၂၆ ဒေါ်လာပေါက်ဈေးရှိနေပြီး ဖေဖော်ဝါရီလ ၂၈ရက်ထက် ဈေးနှုန်းမြှင့်တက်လာပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ဒေါ်လာ #ပြင်ပပေါက်ဈေး #YMG
#Yangon_Media_Group
#DailyNews
Published_ 1 March 2023
၁။ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၈၂၆ ဒေါ်လာနှင့်ဈေးပြန်တက်လာပြီးပြင်ပပေါက်ဈေး၂၈ သိန်း ၃ သောင်းဝန်းကျင်ပေါက်ဈေးရှိနေ
၂။ အိမ်သော့နှင့်သံပန်းသော့များ ပျောက်နေ၍ တိုက်ခန်းတွင်းမီးလောင်သေဆုံးမှုများအဖြစ်များနေ
၃။ မတ်လအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်၊ ဒေသအချို့၌ မြူကျဆင်းဦးမည်
၄။ လုပ်ငန်းလည်ပတ်စရိတ် မြင့်တက်လာခြင်းကြောင့် ဂျပန်နိုင်ငံရှိပင်လယ်စာများ သိသိသာသာဈေးနှုန်းမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 1 March 2023
လျှပ်စစ်မီးလိုင်းတွေပြုပြင်ဖို့ရှိတဲ့အတွက် အမျိုးသားပြတိုက်(ရန်ကုန်)ကို မတ်လ(၂)ရက်မှမတ်လ(၁၅) ရက်အထိ ပြတိုက်ခေတ္တပိတ်ထားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #လျှပ်စစ်မီးလိုင်း #အမျိုးသားပြတိုက် #ခေတ္တပိတ်ထား #YMG #Yangon_Media_Group
#LocalNews
Published -1 March 2023
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့နယ် လှိုင်နယ်မြေအတွင်းရှိ ဘဲကုန်းဈေးအနောက်ဘက် တွင် ယနေ့ မွန်းလွဲပိုင်းကဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် လူနေအိမ် ၄-လုံးမီးထဲပါသွားပြီး ကလေးငယ်၁-ဦးနှင့် အဖိုးအို ၁-ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
"မီးက ဘာကြောင့်လောင်တာဆိုတာ မသိရသေးဘူး၊၂ နာရီ ခွဲလောက်က ဖြစ်တာ။လေဖြတ်နေတဲ့ အဖိုးတစ်ယောက် နဲ့ ၄ နှစ်ခွဲ လောက် ရှိတဲ့ ယောင်္ကျားလေးတစ်ယောက် မီးထဲပါသွားတယ်၊အခု မော်လမြိုင်ဆေးရုံကိုပို့လိုက်တယ်"ဟု ပရဟိတ အဖွဲ့တစ်ခု ဖြစ်သော ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များ၊ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူများနှင့်ဒေသခံလူမှုကူညီရေးအသင်းများသွားရောက် ကူညီငြိမ်းသတ်ခဲ့ကြကြောင်းသိရသည်။
#ymg/mt
#Yangon-Media-Group


#Local_News
Published_ 1 March 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၆ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၈ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးက သိရသည်။
စေလွှတ်ခဲ့သည့် လုပ်သားများမှာ Re-entry ကုန်ထုတ်လုပ်သား ၂၁ ဦး၊ ကုန်ထုတ်လုပ်သားသစ် ၁၈ ဦး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်သားသစ် ၁၀၇ ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာလုပ်သားများမှာ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ ဖေဖော်ဝါရီလ တစ်လတာအတွင်း ကိုးရီးယား သမ္မတ နိုင်ငံသို့ ပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၅၁၁ဦးကို စေလွှတ်နိုင်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံး၏ စာရင်းတွင်ဖော်ပြထားသည်။
#ymg/mt #Local_News #EPS #Worker #ကိုရီးယားနိုင်ငံ
#YMG #Yangon-Media-Group
Page 1513 of 2315