#Local_News
Published_ 4June 2023
ရန်ကုန်-ပြည်ကားလမ်းတွင် ယနေ့ဖြစ်ပွားသော ယာဉ်တိုက်မှုကြောင့် (၂)ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့ကသိရသည်။
ယနေ့ ဇွန်လ ၄ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သပြေစမ်းရွာအနီး၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၀၀/၁ အနီးတွင် Hino. Profia အဖြူရောင် (၁၂)ဘီးယာဉ် က (၂၂)ဘီးယာဉ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းအရမင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၂၂ မိမိနစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်၊၊
အဆိုပါယာဉ်တိုက်မှုကြောင့် Hino. Profia အဖြူရောင် (၁၂)ဘီးယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) တို့အား မင်းလှမြို့နယ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် သာယာဝတီပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊
ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 3 june 2023
အခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ အထူးအောင်ပုဂ္ဂိုလ်များစာရင်းကို ဇွန်လ(၃)ရက်မှာထုတ်ပြန် ကြေညာခဲ့ပြီး ပထမကြီး ၊ပထမလတ်တန်းနဲ့ အခြေပြုမူလတန်းအောင်မြင်တဲ့ ရဟန်းရှင်လူစုစုပေါင်း (၂၁၉၉၀)ဦးအောင်မြင်ခဲ့တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရပါတယ်၊၊
#Local_News #အစိုးရပါဠိပထမပြန်စာမေးပွဲ #ရဟန်းရှင်လူ(၂၁၉၉၀)ဦးရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 3 june 2023
အခွန်ကောက်ခံမှုနှုန်းထား အပြောင်းအလဲရှိမရှိ စောင့်ကြည့်နေခဲ့ရတဲ့အတွက် အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးခဲ့တယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းတွေထံမှ သိရပါတယ်၊
#Local_News #အခွန်နှုန်းထားအပြောင်းအလဲ #အိမ်ခြံမြေဈေးကွက်အရောင်းအေးခဲ့
#YMG #Yangon_Media_Group
#Health_Matters
Published_ 3 June 2023
- ရာသီဥတုပြောင်းလဲဖောက်ပြန်နေတဲ့ ယခုခေတ်ကြီးမှာ ရာသီပြောင်းတွေကြောင့်ဖြစ်ပေါ်တဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုက ပိုကြီးမားလာပါသလား...??
#Health_Matters #ရာသီပြောင်းနှင့်ကျန်းမာရေးသတိ
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 3 june 2023
ဗန်းမော်ဆရာတော်ကြီးရဲ့ အန္တိမဈာပနပူဇာသဘင်အခမ်းအနားကို ဇွန်(၆)ရက်မှာ ကျင်းပမှာဖြစ်ပြီး ကြွင်းကျန်ရစ်တဲ့အရိုးဓာတ်ပြာတော်ကို ဇွန်လ(၇)ရက်မှာ ကရဝိက်ဖောင်တော်ရေယာဉ်နဲ့ပင့်ဆောင်ပြီးဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်သွားနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်၊၊
#Local_News #ဗန်းမော်ဆရာတော်ကြီး #အရိုးဓာတ်ပြာကိုရေမျှောပူဇော်ရန်
#YMG #Yangon_Media_Group
#Health_Matters
Published_ 3 June 2023
- ယခုလည်းရာသီပြောင်းကာလဖြစ်ပါတယ်။ ဘာတွေကို သတိထားသင့်ပါသလဲ...??
#Health_Matters #ရာသီပြောင်းနှင့်ကျန်းမာရေးသတိ
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 3 June 2023
၁။ ဗန်းမော်ဆရာတော်ကြီး၏ အရိုးဓာတ်ပြာကို ကရဝိက်ရေယာဉ်ဖြင့် ပင့်ဆောင်ပြီး ရေမျှောပူဇော်ရန် ကြိုတင်ပြင်ဆင်နေ
၂။ အခွန်နှုန်းထား အပြောင်းအလဲရှိမရှိ စောင့်ကြည့်နေရ၍ အိမ်ခြံမြေဈေးကွက်အရောင်းအေးခဲ့ ၊လာမည့်လမှအရောင်းအဝယ်ပြန်ဖြစ်နိုင်
၃။ အစိုးရပါဠိပထမပြန်စာမေးပွဲ အထူးအောင်သည့် ရဟန်းရှင်လူ(၂၁၉၉၀)ဦးရှိ
၄။ အမေရိကန် တွန်းအားပေးမှုကြောင့် အန္တရာယ်ရှိသည့် စစ်ကာကွယ်ရေးပြင်ဆင်မှုများ ဂျပန်အစိုးရလုပ်ဆောင်နေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1449 of 2421