#Local_News
Published_19 October 2022
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ လုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း (၇) နှစ်မြောက်နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနားမှာ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်က ဆွေးနွေးရေးအဖွဲ့တွေကို ပွဲထုတ်လာတာဟာ ကောင်းတဲ့ လက္ခဏာပဲလို့ PPST ပြောရေးဆိုခွင့် ရှိ ဗိုလ်မှူးကြီးခွန်ဥက္ကာက သုံးသပ်လိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 October 2022
အခုရက်ပိုင်းအတွင်း ကိုဗစ်မျိုးကွဲသစ် XBB ကို စင်ကာပူ၊ ဟောင်ကောင်နိုင်ငံတွေမှာသာမက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်မှာလည်း တွေ့ရှိရလို့ မြန်မာနိုင်ငံအနေနဲ့သတိပြုဖို့ လိုအပ်တယ်လို့ ပြည်သူ့ကျန်းမာရေးပညာရှင်ဒေါက်တာခင်မောင်လွင်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 19 October 2022
အများပြည်သူစီးနင်းလိုက်ပါမှုများတဲ့ ကာလတွေမှာ အထူးရထားတွေပြေးဆွဲနိုင်ဖို့ စက်ခေါင်းတွေနဲ့ တွဲဆိုင်းတွေကို အရန်သင့်ပြင်ဆင်ထားတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _19 October 2022
ရှမ်းပြည်နယ် တောင်ပိုင်းက ကလောမြို့ကို အပန်းဖြေခရီးသွားမြို့တော်အဖြစ်လုပ်ဆောင်မယ့် စီမံကိန်းကို စတင်နေပြီလို့ ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 19 October 2022
၁။ ကလောမြို့ကို အပန်းဖြေမြို့အဖြစ် ဆောင်ရွက်သည့်လုပ်ငန်းစတင်
၂။ လာမည့် အောက်တိုဘာလ ၂၄ ရက်တွင် ရန်ကုန်- မန္တလေး အထူးရထားပြေးဆွဲပေးသွားမည်
၃။ ကူးစက်မှုများနိုင်သည့် ကိုဗစ်မျိုးကွဲသစ် XBB မြန်မာ၏ အိမ်နီးချင်းနိုင်ငံဘင်္ဂလားဒေ့ရှ်တွင် တွေ့ရှိရသဖြင့် သတိပြုရန်လိုဟုဆို
၄။ စပျစ်သီးများနှင့်ဝိုင်များကို ရည်ရွယ်ကပ်လှူလေ့ရှိသည့် ဂျပန်ဘုရားကျောင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 October 2022
စာရေးဆရာအကြည်တော် မကျန်းမာတဲ့အတွက် ဆေးကုသမှုခံယူနေရပြီး အောက်တိုဘာလ(၁၉)ရက်နေ့လည်ပိုင်းအထိတော့ သတိပြန်မလည်လာသေးဘူးလို့ ဆရာအကြည်တော်နှင့်ညီအစ်ကိုတော်စပ်သူ ပန်းချီကိုဆန်းက ပြောပြပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 19 october 2022
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ပုလဲလမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၁၉ ရက် ယနေ့ နံနက်ပိုင်းတွင် လူ ၃ဦးမှ ဆိုင်ကယ်ဌားစီး၍ ဆိုင်ကယ်မောင်းနှင်သူအား လုယက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ မနက် ၇ နာရီကျော်ခန့်က အမည်၊ အသက်၊ နေရပ်လိပ်စာ (စစ်ဆေးဆဲ)အမျိုးသား ၃ ဦးသည် ဆိုင်ကယ် ၂ စီးအားငှားရမ်း၍ အခင်းဖြစ်နေရာ အရောက်တွင် ဆိုင်ကယ်မောင်းသူ ၂ ဦးအား ဓားဖြင့်ထောက်၍ ဆိုင်ကယ်များအားလုယက်ခဲ့ကြသည်။ လုယက်စဉ် ဆိုင်ကယ်မောင်းနှင်သူ ၁ ဦးမှ အော်ဟစ်ခဲ့သဖြင့် ၎င်းဖြစ်စဉ်အားမြင်တွေ့သူ ၁ ဦးမှ ဆိုင်ကယ်ရှေ့ကပိတ်၍ တားဆီးရာ လုယက်သူ ၁ ဦးက ဓားဖြင့် တိုက်ခိုက်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
"တစ်ယောက်ကတော့ ထွက်ပြေးသွားတယ် ကျန်တဲ့ ၂ ယောက်ကိုတော့အနီးနားကလူတွေဝိုင်းဖမ်းလို့ မိသွားပါတယ် သူတို့က (၃) ယောက်လာတာပါ၊ ကူညီပေးတဲ့သူလည်း ဒဏ်ရာရသွားတယ်။ ပြီးတော့လုတဲ့သူ နှစ်ယောက်လည်း ထိုးကြိတ်ဒဏ်ရာတွေရထားတယ်"ဟု တွဲလက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက YMG ကို အခုလိုပြောပြသည်။
လုယက်သူ ၂ ဦးနှင့် လုယက်သူများအား တားဆီးပေးသူ ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သက်ဆိုင်ရာ ရဲစခန်းနှင့်ချိတ်ဆက်ကာ အင်းစိန်မြို့နယ်ကြက် ခြေနီသူနာပြုတပ်ဖွဲ့နှင့် တွဲလက်လူမှုကူညီရေးအဖွဲ့တို့က အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရသည်။
#ymg/NN
#Yangon_Media_Group
Page 1445 of 1980