#Local_News
Published_ 1 Jun 2023
ဖိလစ်ပိုင်တွင်အင်တာနက်မှ ငွေကြေးလိမ်လည်မှုများ၌လုပ်ကိုင်သည့်မြန်မာနိုင်ငံသားများအား ကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ်၊ မာဘလာကတ်မြို့ရှိ Clark Sun Valley Hub တွင်ပြုလုပ်ခဲ့သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ဖိလစ်ပိုင်ရဲအဖွဲ့မှ စစ်ဆင်ရေးပြုလုပ်၍ ကယ်ထုတ်ခဲ့ရာတွင် နိုင်ငံပေါင်းစုံမှ နိုင်ငံသား ၁,၀၉၀ ဦးခန့် တွေ့ရှိခဲ့ရပြီး ယင်းတွင် မြန်မာနိုင်ငံသား လူငယ်များ ၃၉ ဦးပါဝင်ခဲ့သည့်သတင်းကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်စာဖြင့် မြန်မာသံရုံးသို့ ၂၀၂၃ခုနှစ်၊ မေလ ၅ ရက်တွင် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာသံရုံးယာယီတာဝန်ခံနှင့် ကောင်စစ်အရာရှိတို့မှ သွားရောက်တွေ့ဆုံခဲ့ရာ အင်တာနက်ငွေကြေးလိမ်လည်မှု (Online Scam) တွင် လူကုန်ကူးခံရ၍ ကယ်တင်ခံထားရသည့် မြန်မာနိုင်ငံသား ၃၉ ဦးနှင့်တွေ့ဆုံစိစစ်မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ယင်း ၃၉ ဦးအနက် ပထမအသုတ်အဖြစ်၂၀ ဦးကို မြန်မာနိုင်ငံသံရုံး၏ စီစဉ်ပေးမှုဖြင့် မေလ ၂၈ ရက်တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ခဲ့ကာ ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်မှုနှင့် လူကုန်ကူးခံရသည့် အခြေအနေများကို စိစစ်မေးမြန်းခဲ့ကြောင်း သိရသည်။
မေးမြန်းရာတွင်(က) ပထမအသုတ်ရောက်ရှိလာသူ ၂၀ ဦးတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့ဖြစ်ပြီး ၎င်းတို့အားလုံးသည် အသက် ၂၂ နှစ်မှ ၃၃ နှစ်အကြားရှိ လူငယ်များဖြစ်ကာ အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်စွာ တတ်မြောက်သူများဖြစ်ကြောင်း( ခ ) အဆိုပါ မြန်မာလူငယ် ၂၀ ဦးသည် Facebook တွင် ကြော်ငြာထားသည့် LeapGroup Co., Ltd. နှင့် Colorful Group Co.,Ltd. တို့၏ Website မှ တစ်လလျှင်လစာ ပီဆို ၃၀,၀၀၀ မှ ၇၀,၀၀၀ အထိ လည်းကောင်း၊ တရုတ်ယွမ်ငွေ ၄,၀၀၀ မှ၈,၀၀၀ အထိ လည်းကောင်း၊ အရည်အချင်းအပေါ်မူတည်၍ ရရှိမည်ဟု အလုပ်ခေါ်ယူသည့် ကြော်ငြာစာများတွေ့ရှိသဖြင့် Online မှ လျှောက်ထားခဲ့ကြောင်း၊Online Interview ဖြင့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်မှုကို စစ်ဆေးခံရပြီး အောင်မြင်သဖြင့် အလုပ်ခေါ်စာနှင့် လေယာဉ်လက်မှတ်ကို Online မှပေးပို့သဖြင့် ရရှိခဲ့ကြကြောင်း( ဂ ) ၎င်းတို့ရရှိသည့် လေယာဉ်လက်မှတ်ဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ရာ လေဆိပ်တွင် အမည်မသိသူများမှ လာရောက်ကြိုဆိုပြီး Clark Angeles မြို့ရှိ ကုမ္ပဏီရုံးဝင်းသို့ ပို့ဆောင်ခဲ့ကြောင်း ၊ အဆိုပါကုမ္ပဏီဝင်းတွင် စားသောက်ရန်နှင့် နေထိုင်ရန်နေရာပေးထားကြောင်း ၊ ၂/ ၃ ရက်ခန့် စမတ်ဖုန်းနှင့် ကွန်ပျူတာတို့မှ Online အသုံးပြု လိမ်လည်သည့်နည်းလမ်းများကို သင်ကြားပေးကြောင်း (ဃ) ထို့နောက် ကွန်ပျူတာနှင့် စမတ်ဖုန်းများအသုံးပြုကာ အင်တာနက်မှ ဆက်သွယ်ရှာဖွေ၍ ချိတ်ဆက်လာသူများကို ဆွဲဆောင်စည်းရုံး၍ လောင်းကစားပြုလုပ်ရန်နှင့် ငွေကြေးလိမ်လည်သည့် နည်းစနစ်များအတိုင်း အလုပ်လုပ်ရကြောင်း ၊ အလုပ်ချိန်မှာ နေ့စဉ် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ၁၂ နာရီလုပ်ကိုင်ရကြောင်း၊ Online မှလိမ်လည်စည်းရုံးခေါ်ယူသည့်လူမရလျှင် အချိန်ပို ၂ နာရီမှ ၃ နာရီအထိ နေ့စဉ်ထပ်မံ အလုပ်ဆင်းရကြောင်း ( င ) လုပ်ခလစာကို ပထမလတွင် သတ်မှတ်ထားသည့်အတိုင်း ရှင်းပေးသော်လည်း နောက်လများတွင် သတ်မှတ်ထားသည့် စည်းကမ်းများ မလိုက်နာခြင်း၊ အလုပ်တာဝန်ပျက်ကွက်ခြင်း၊ Online လိမ်လည်သည့်အလုပ်မှ လူမရခြင်းတို့အပေါ် မူတည်၍ ငွေကြေးဖြတ်တောက်မှုများပြုလုပ်ကြောင်း၊ အချို့ မှာ လစာလုံးဝမရရှိကြောင်း( စ ) ၎င်းတို့ကုမ္ပဏီတွင် Online လိမ်လည်သည့်လုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်နေသူ ၁,၀၀၀ ကျော်ခန့်ရှိကြောင်း၊ ရက်သတ္တတစ်ပတ်လျှင် ၁ ရက်သာ အလုပ်နားခွင့်ပေးပြီး အပြင်ထွက်လိုလျှင် ကြိုတင်တင်ပြရပြီး ခွင့်ပြုမှ သွားလာခွင့်ရှိကြောင်း(ဆ) နေ့စဉ်နိုင်ငံတကာမှ အင်တာနက်မှဆက်သွယ်လာသည့် အလုပ်အကိုင်ရှာဖွေသူများ၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြားစီးပွားရေးကိစ္စများတွင် ဆွဲဆောင်စည်းရုံး၍ လိမ်ညာပြီး ငွေကြေးရယူခြင်း၊ ဘဏ်အကောင့်များမှ လိမ်လည်လွှဲပြောင်းရယူခြင်းတို့ကို ဆောင်ရွက်ရကြောင်းသိရသည်။
Online မှ ငွေကြေးလိမ်လည်ရယူမှုများကို အာရှဒေသရှိ နိုင်ငံအများစုတွင် ကျူးလွန်လျက်ရှိရာ Facebook, Twitter, Instragram တို့တွင် ကုမ္ပဏီကြီးများဟန်ဆောင်၍ ကြော်ငြာများဖြင့် လစာကောင်းကောင်းပေးမည်ဟု ဆွဲဆောင်ကာ လူသစ်များခေါ်ယူခြင်း၊ လုပ်ငန်းခွင်သို့ ရောက်ရှိသည့်အခါ သတ်မှတ်လစာနှုန်းထားမပေးတော့ဘဲ တစ်ရက်လျှင် ၁၄နာရီခန့် အလုပ်စေခိုင်းပြီး အကြပ်ကိုင် ခြိမ်းခြောက်မှုများပြုလုပ်ကြောင်း၊ ဘဏ်ကတ်နှင့် ဘဏ်အကောင့်များမှ လိမ်လည်၍ ငွေထုတ်ယူခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခု ဖိလစ်ပိုင်နိုင်ငံမှ စစ်ဆင်ရေးပြုလုပ်၍ ဖမ်းဆီးခံခဲ့ရသော မြန်မာနိုင်ငံသားလူငယ်များ၃၉ ဦးတို့သည် မြန်မာနိုင်ငံသံရုံးနှင့် တာဝန်ရှိသူများ၏ အချိန်မီ သိရှိဆက်သွယ် ဆောင်ရွက်ပေးနိုင်မှုကြောင့် အရေးယူခြင်းမခံရဘဲ လုံခြုံစိတ်ချစွာ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 31 May 2023
မိုးတိမ်တောင်ဖြစ်ထွန်းမှုကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့မှာ မိုးသက်လေပြင်းတွေတိုက်ခတ်ဖိုရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်၊၊
Local_News #မိုးတိမ်တောင်များ #ဒေသအချို၌မိုးကြီးခြင်း #လေပြင်းတိုက်ခတ်ခြင်း
#YMG #Yangon_Media_Group
#Local_News
Published_ 31 May 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ မေလ ၃၁ရက်နေ့ နေ့လည်ပိုင်းစျေးနူန်းများအရ တစ်အောင်စကို ၁၉၅၇ဒေါ်လာပေါက်စျေးရှိနေပြီး စျေးအနည်းငယ် ပြန်လည်မြင်တက်လာပါတယ်။
#Local_News #ကမ္ဘာ့ရွေစျေး #အနည်းငယ်ပြန်တက် #အရောင်းအဝယ်အေးနေ
#YMG #Yangon_Media_Group
#Local_News
Published_ 31 May 2023
မိုခါမုန်တိုင်းဘေးသင့်ဒေသတွေမှာမုန်တိုင်းအလွန်ကာလမှာ ဝမ်းရောဂါ၊သွေးလွန်တုပ်ကွေးရောဂါနဲ့အခြားကူးစက် ရောဂါတွေမဖြစ်ပွားအောင်ဆောင်ရွက်နေတယ်လို ကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်၊၊
#Local_News #မုန်တိုင်းအလွန်ကာလ #ဝမ်းရောဂါနှင့်သွေးလွန်တုပ်ကွေး
#YMG #Yangon_Media_Group
#Local_News
Published_ 31 May 2023
မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ကိုပို့နေတဲ့ မြန်မာသရက်သီးတွေ အရည်အသွေးမမှီတာကြောင့် ဝယ်ယူမှုနည်းလာသလို ဈေးနူန်းလည်း ကျဆင်းလာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
#Local_News #မြန်မာ့သရက်သီး #တရုတ်ဘက်ကဈေးနှိမ်ဝယ်ယူ
#YMG #Yangon_Media_Group
#Daily_News
Published_ 31 May 2023
၁။ မြန်မာ့သရက်သီးတွေ အရည်အသွေးအကြောင်းပြကာ တရုတ်ဘက်က ဈေးနှိမ်ဝယ်ယူနေ
၂။ မုန်တိုင်းအလွန်ကာလ၌ ဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားအောင်ဆောင်ရွက်နေ
၃။ ကမ္ဘာ့ရွေစျေး အနည်းငယ်ပြန်တက် ၊ စျေးမငြိမ်သည့်အတွက် အရောင်းအဝယ်အေးနေ
၄။ နာမည်ကျော် လစ်ပစ်ဇန်မြင်းများအား ယူနက်စ်ကို အသိအမှတ်ပြုပေးသည့်အတွက် ဆလိုဗေးနီးယားအောင်ပွဲခံ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 31 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၃၀ရက်နေ့ည ၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ၉၁၉၇ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၉၂ ဦး ထပ်မံတွေ့ရှိခဲ့ တယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ် #ထပ်တွေ့ရှိ #၁ရာခိုင်နူန်းရှိ
#YMG #Yangon_Media_Group
Page 1453 of 2421