#Local_News
Published_ 2 May 2023
ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ကာ လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
တပ်မတော် (ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)များကိုလည်းကောင်း တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်) သင်တန်းများကို သက်ဆိုင်ရာမြို့ နယ် အသီးသီးရှိ တပ်မတော်(လေ) လေကြောင်း လူငယ်စခန်း များတွင်လည်းကောင်း သင်ကြားလျက်ရှိကြောင်း သိရသည်။
တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၁၅ ဦး၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦးတို့ကို မေလ ၁ ရက်တွင် သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးနေကြောင်း သိရသည်။
ယင်းအပြင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်(ရေ)ရေကြောင်းလူငယ်စခန်း ၁၁ ၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊တပ်မတော်(လေ)က လည်း လေကြောင်း လူငယ်စခန်း ၁၇ ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၈၀ ဦးဖြင့် လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ymg/pl
#Local_News #ရေကြောင်းနှင့်လေကြောင်းလူငယ် #အခြေခံသင်တန်းများ
#YMG #Yangon_Media_Group






#Loacl_News
Published_ 1 May 2023
အလှူပွဲလမ်းသဘင်များတဲ့ ပွင့်လင်းရာသီနဲ့ သင်္ကြန်တွင်းကာလတွေအပြီး အသားတိုးကြက် ခြံဖမ်းဈေးဟာ ဈေးအနည်းငယ်သာပြန်ကျလာတယ်လို့ အသားတိုးကြက် မွေးမြူသူများသူထံမှ သိရပါတယ်။
#Loacl_News #အသားတိုးကြက် #ဈေးပြန်ကျ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ဆေးရုံကြီး ကိုးထပ်ဆောင်ကို အောက်ဆီဂျင်ဖြန့်ဝေပေးတဲ့ Stationမှာ မီးလောင်ကျွမ်းမှုဧပြီလ (၃၀)ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့ ပုသိမ်ရှိ လူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်၊၊
#Local_News #အပူချိန်မြင့် #ပုသိမ်ဆေးရုံ #အောက်ဆီဂျင်ဖြန့်ဝေပေးသည့်Station #မီးလောင်ကျွမ်းခဲ့ #ထိခိုက်ဒဏ်ရာရသူ
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
ယခု တစ်ပတ်ဈေးကွက်အဖွင့် စက်သုံးဆီဈေးမှာ နှုန်းထား နှစ်ရာကျပ်ဝန်းကျင် အထိသို့ ကျဆင်းခဲ့ပြီး ၉၂တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီဈေးနှုန်း
#YMG #Yangon_Media_Group
#Local_News
Published_ 1 May 2023
စစ်ပွဲများနှင့် ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ရွှေဘိုဆန်ဈေး မြင့်တက်နေပေမယ့် ယခုလအတွင်းမှာ ဈေးပြန်ကျလာနိုင်တယ်လို့ ဆန်ကုန်သည်များအသင်းကပြောပါတယ်။
#Local_News #ဒေသတည်ငြိမ်မှုမရှိ #ရွှေဘိုဆန် #ဆန်ကုန်သည်အသင်း
#YMG #Yangon_Media_Group
#Daily_News
Published_ 1 May 2023
၁။ ဒေသတည်ငြိမ်မှု မရှိသော်လည်း ရွှေဘိုဆန်ဈေး ပြန်ကျလာမည်ဟု ဆန်ကုန်သည်အသင်းပြေ
၂။ စက်သုံးဆီဈေးနှုန်း အကျဘက် ဆက်လက်တည်ရှိနေ
၃။ အပူချိန်မြင့်၍ ပုသိမ်ဆေးရုံရှိ အောက်ဆီဂျင်ဖြန့်ဝေပေးသည့်Station မီးလောင်ကျွမ်းခဲ့ ၊ ထိခိုက်ဒဏ်ရာရသူ မရှိဟုဆို
၄။ နာမကျန်းဖြစ်နေသည့် တူရကီသမ္မတ ပူတင်နှင့်ဗီဒီယိုရုပ်သံတွင် ပြောဆိုကာလူရှေ့ ပြန်လည်ပေါ်ထွက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 1 May 2023
ရန်ကုန်မြို့နဲ့ အနီးဆုံးမြို့နယ်ဖြစ်တဲ့ ဒလမြို့နယ်တွင် သောက်သုံးရေကန်များခမ်းခြောက်လာတာကြောင့် ရပ်ရွာ ဒေသခံများ ပူးပေါင်းပြီး ရေကန်တွေပြည်လည်တူဖော်နေတယ်လို့ ဒေသခံတွေက YMG ကိုပြောပါတယ်။
#Local_News #အပူရှိန်မြင့်လာခြင်း #ဒလမြို့ #ရေကန်များခမ်းခြောက်
#YMG #Yangon_Media_Group
Page 1454 of 2362