#Local_News
Published_ 2 May 2023
ပြည်တွင်းကရွှေတွေကို အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်ရောင်းချတာတွေ ရှိနေတာကိုလည်းစုံစမ်းစစ်ဆေး ဖော်ထုတ်သွားမယ်လို့ ရန်ကုန် ရွှေအသင်းက ဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News #အရေးယူမယ် #ပြင်ပရွှေဈေး #ဆက်တိုက်ကျဆင်း
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
မေလ(၂)ရက်မှစပြီးနောက်နှစ်ရက်အတွင်း ရန်ကုန်အပါအဝင်ဒေသအချို့မှာ နေရာကွက်ပြီးမိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်အပါအဝင် #နေရာကွက်၍မိုးထစ်ချုန်းရွာနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ကဆုလပြည့်ဗုဒ္ဓနေ့ကိုရည်မှတ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သံဃာတော် (၁၁၁၁၁)ပါးနဲ့ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားနှင့်ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲမင်္ဂလာအခမ်း အနားကျင်းပပြုလုပ်ခဲ့တယ်လိုသိရပါတယ်၊၊
#Local_News #ကဆုန်လပြည့်ဗုဒ္ဓနေ့ #ရွှေတိဂုံစေတီတော် #အနေကဇာတင်အခမ်းအနား
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
လတ်တလောမှာ ကိုဗစ်ပိုးတွေ့လူနာတွေများလာသလို ပိုးတွေ့လူနာနဲ့ထိစပ်မိသူတွေလည်းများပြားလာပြီးမြောက်ဥက္ကလာပမြိုနယ်ထဲမှာ တစ်ရက်တည်းမှာပင်ကိုဗစ်သံသယရှိလိုကိုဗစ်ပိုးစစ်ဆေးဖိုပိုဆောင်ရမယ့်သူ(၂၅)ဦးအထိရှိနေတယ်လို လူမှုကူညီရေးအဖွဲထံမှသိရပါတယ်၊၊
#Local_News #ကိုဗစ်ပိုးတွေ့လူနာ #ကိုဗစ်သံသယရှိသူ
#YMG #Yangon_Media_Group
#Daily_News
Published_ 2 May 2023
၁။ ကိုဗစ်ပိုးတွေ့လူနာ နှင့်ထိစပ်မိသူများ ပိုများလာ ၊မြောက်ဥက္ကလာတွင် တစ်ရက်အတွင်းကိုဗစ်သံသယရှိသူ (၂၅)ဦးအထိ ပိုဆောင်စစ်ဆေးပေးနေရ
၂။ ကဆုန်လပြည့် ဗုဒ္ဓနေ့ကိုရည်မှတ်၍ ရွှေတိဂုံစေတီတော်တွင် သံဃာတော်(၁၁၁၁၁)ပါးဖြင့်အနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကျင်းပ
၃။ နောက်နှစ်ရက်အတွင်း ရန်ကုန်အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးထစ်ချုန်းရွာနိုင်
၄။ ယခင်ကထက် ခရီးသွားဧည့်သည်များ ရောက်ရှိလာစေရန် ဂျပန်ခရီးသွားလုပ်ငန်းများ မျှော်လင့်ဆောင်ရွက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 2 May 2023
ယခုသီတင်းပါတ်အတွက်စားသုံးဆီတင်သွင်သိုလှောင်ဖြန်ဖြူးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကလက်ကားဈေးစားအုန်းဆီတစ်ပိသာကို၄၅၇၀ကျပ်သတ်မှတ်ကြောင်းသိရပါတယ်။
#Local_News #စားအုန်းဆီ #လက်လီလက်ကားဈေး
#YMG #Yangon_Media_Group
#Local_News
Published_ 2 May 2023
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့ရှိ ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက သုဿန်သို့ ပို့ဆောင်ကာ မီးသဂြိုလ်ပေးခဲ့ကြောင်း ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းထံမှ သိရသည်။
မေ ၁ ရက်၊ ညပိုင်းက ပြည်မြို့ကုတင် - ၅၀၀ ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါလက္ခဏာဖြင့် ကွယ်လွန်သွားသည့် အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား မေ ၂ ရက်၊ ယနေ့နံနက်ပိုင်းက ဆေးရုံမှ အကြောင်းကြားချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်သည့် PPE ဝတ်စုံများ ဝတ်ဆင်ကာ ပြည်မြို့ရှိ အေးငြိမ်းရာသုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"သူတို့က ဘာရောဂါလို့တော့ မတပ်ဘူး။ ကိုဗစ်ရောဂါရဲ့ နောက်ဆုံးလက္ခဏာနဲ့ ဆုံးပါးသွားတယ်လို့ ပြောပါတယ်။ မိသားစုက မြန်အောင်ဘက်ကပါ။ နေရပ်ကို ပြန်သွားကြပြီ“ ဟု အသင်းမှ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူမှာ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှ ပြည်မြို့ ကုတင်-၅၀၀ ဆေးရုံရှိ ကူးစက်ဆောင်တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဆေးရုံလာရောက်တက်နေသူဖြစ်ကာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
ပြည်မြို့၌ ကိုဗစ်ပိုးတွေ့လူနာ သေဆုံးမှုမှာ ယခုလပိုင်းများအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဒေသခံလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ဧပြီလတစ်လအတွင်း ပြည်တွင်း၌ ကိုဗစ်ပိုးတွေ့လူနာ ရှစ်ရာဝန်းကျင်အထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရပြီး မေ ၁ ရက်၊ ယမန်နေ့ တစ်ရက်တည်းတွင်ပင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၆ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
ymg/ppk
#YMG #Yangon_Media_Group





Page 1452 of 2362