Published 4 June 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသမဟာထေရ် မြတ်ကြီး၏အန္တိမဈာပနပူဇာသဘင်အခမ်းအနားတႂင် အရိုးဓာတ်ပြာတော်ရေမျှောပူဇော်မည့် ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းနေရာ နှင့် အရိုးဓာတ်ပြာတော်အိုးများ ပင့်ဆောင်မည့် ကရဝိတ်ဖောင်တော်ရေယာဉ်ကြီးအား ပြင်ဆင်ဆောင်ရွက်နေကြောင်းသိရပါတယ်။
ဗန်းမော်ဆရာတော် ဘုရားကြီး၏ အန္တိမဈာပနပူဇာသဘင်အခမ်းအနားအား နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ သာသနာရေး ထုံးတမ်းစဉ်လာများအတိုင်း ကျင်းပမည်ဖြစ်ရာ ဥတုဇရုပ်ကလာပ်တော်အား ယာယီစံကျောင်းတော်မှ ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ပင့်ဆောင်၍ လောင်တိုက်ပြဿဒ်၌ တေဇောဓာတ်ပူဇော်ခြင်း၊ အရိုးဓာတ်ပြာတော်အိုးများကို ချမ်းမြသာစည်လေဆိပ်ဟောင်းမှ ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းရှိ ကရဝိတ်ဖောင်တော်ရေယာဉ်ပေါ် ပင့်ဆောင်ပူဇော်ခြင်းနှင့် မြစ်အတွင်းရေမျှောပူဇော်ခြင်း အခမ်းအနားများကို အဆင့်ဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဇွန် ၆ ရက် ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်မှ ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ပင့်ဆောင်၍ လောင်တိုက်တော်၌ တေဇောဓာတ်မီးပူဇော်ပြီး ဇွန် ၇ ရက် နံနက်ပိုင်းတွင် အရိုးဓာတ်ပြာတော် များအား ဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်သွားမည့် အခမ်းအနားများကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ကျင်းပသွားမယ်လို့လည်းသိရပါတယ်။
အဆိုပါပြင်ဆင်ဆောင်ရွက်နေမှုတွေကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊နှင့်အဖွဲ့က ယမန်နေ့သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကာနိုင်ငံတော်ဗဟိုသံဃဝန်ဆောင်မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် နာယက၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ဆရာတော်တို့ထံမှလည်း ဩဝါဒခံယူခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
-ymg/knl
#ဗန်းမော်ဆရာတော်ဘုရားကြီး
#အရိုးပြာဓာတ်တော်အိုးပင့်ဆောင်မည့်ကရဝိတ်ဖောင်တော်ရေယာဉ်
#YangonMediaGroup
#Local_News
Published_ 4June 2023
ရန်ကုန်-ပြည်ကားလမ်းတွင် ယနေ့ဖြစ်ပွားသော ယာဉ်တိုက်မှုကြောင့် (၂)ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့ကသိရသည်။
ယနေ့ ဇွန်လ ၄ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သပြေစမ်းရွာအနီး၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၀၀/၁ အနီးတွင် Hino. Profia အဖြူရောင် (၁၂)ဘီးယာဉ် က (၂၂)ဘီးယာဉ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းအရမင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၂၂ မိမိနစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်၊၊
အဆိုပါယာဉ်တိုက်မှုကြောင့် Hino. Profia အဖြူရောင် (၁၂)ဘီးယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) တို့အား မင်းလှမြို့နယ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် သာယာဝတီပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊
ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 3 june 2023
အခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ အထူးအောင်ပုဂ္ဂိုလ်များစာရင်းကို ဇွန်လ(၃)ရက်မှာထုတ်ပြန် ကြေညာခဲ့ပြီး ပထမကြီး ၊ပထမလတ်တန်းနဲ့ အခြေပြုမူလတန်းအောင်မြင်တဲ့ ရဟန်းရှင်လူစုစုပေါင်း (၂၁၉၉၀)ဦးအောင်မြင်ခဲ့တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရပါတယ်၊၊
#Local_News #အစိုးရပါဠိပထမပြန်စာမေးပွဲ #ရဟန်းရှင်လူ(၂၁၉၉၀)ဦးရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 3 june 2023
အခွန်ကောက်ခံမှုနှုန်းထား အပြောင်းအလဲရှိမရှိ စောင့်ကြည့်နေခဲ့ရတဲ့အတွက် အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးခဲ့တယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းတွေထံမှ သိရပါတယ်၊
#Local_News #အခွန်နှုန်းထားအပြောင်းအလဲ #အိမ်ခြံမြေဈေးကွက်အရောင်းအေးခဲ့
#YMG #Yangon_Media_Group
Published 3 June 2023 ၂၀၂၂ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ဘိုအောအာရှဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်ကို တင်ပြခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၏ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံအားပေးမှုနှင့် တက်တက်ကြွကြွတုံ့ပြန်မှုရရှိခဲ့တယ်လို့သိရပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံက “ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက် အယူအဆစာတမ်း” ဆိုတာဘာလဲ။
Source : China Embassy Yangon
#Health_Matters
Published_ 3 June 2023
- ရာသီဥတုပြောင်းလဲဖောက်ပြန်နေတဲ့ ယခုခေတ်ကြီးမှာ ရာသီပြောင်းတွေကြောင့်ဖြစ်ပေါ်တဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုက ပိုကြီးမားလာပါသလား...??
#Health_Matters #ရာသီပြောင်းနှင့်ကျန်းမာရေးသတိ
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 3 june 2023
ဗန်းမော်ဆရာတော်ကြီးရဲ့ အန္တိမဈာပနပူဇာသဘင်အခမ်းအနားကို ဇွန်(၆)ရက်မှာ ကျင်းပမှာဖြစ်ပြီး ကြွင်းကျန်ရစ်တဲ့အရိုးဓာတ်ပြာတော်ကို ဇွန်လ(၇)ရက်မှာ ကရဝိက်ဖောင်တော်ရေယာဉ်နဲ့ပင့်ဆောင်ပြီးဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်သွားနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်၊၊
#Local_News #ဗန်းမော်ဆရာတော်ကြီး #အရိုးဓာတ်ပြာကိုရေမျှောပူဇော်ရန်
#YMG #Yangon_Media_Group
Page 1371 of 2351