#Local_News
Published_ 26 April 2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ပြည်ကြီးမျက်ရှင် ကားဝင်းအတွင်းကားဂိတ်၌ ပါဆယ် ပစ္စည်းလာရောက်ထုတ်ယူသူ၏ဂျပ်ဖာများအတွင်းမှ ငွေကျပ် ၁၀၀၉သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကသိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်၂ရပ်ကွက်၊ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်းရှိ ကားဂိတ်တွင် Super Custom အမျိုးအစားမော်တော်ယာဥ်ဖြင့် ပါဆယ် ပစ္စည်းလာရောက်ထုတ်ယူသူ အောင်ကျော်ဇော(ခ)စစ်မင်းချန့်အားစစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူလာသည့်စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၂.၀၁၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့ကို ဧပြီလ၂၄ရက်က သိမ်းဆည်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့်အောင်ကျော်ဇော(ခ)စစ်မင်းချန့်(၃၂)နှစ်အား အမှတ်(၉)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက် များကို ဖော်ထုတ်လျက်ရှိကြောင်းလည်းသိရသည်။
#ymg/pl
#Local_News #မန္တလေး #စိတ်ပြောင်းဆေးဝါး(Happy Water)
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဗင်ကူးဗားမြို့ အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အား လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့်ကနေဒါနိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပညာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်နိုင်မည့် ကိစ္စများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း နိုင်ငံရေးဝန်ကြီးဌာနကသိရသည်။
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းက၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်ညနေ၂နာရီ၃၀မိနစ်က ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗင်ကူးဗားမြို့ အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Dr. Peter Chung အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့စဥ်အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက် မှုအခြအနေများကို ဆွေးနွေးအသိပေးခဲ့ပြီးဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ မမြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ပေးရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
#ymg/pl
#Local_News #ကနေဒါနိုင်ငံ #မြန်မာသံအမတ်ကြီး #မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
အခြေခံပညာအတန်းများဖြစ်သည့်KGကနေGrade 11 အထိကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းများကိုဧပြီ(၂၇)ရက်မှာထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှ သိရသည်၊၊
အောင်စာရင်းများထုတ်ပြန်ပေးပြီးတဲ့နောက် မေလထဲတွင်ကျောင်းအပ်နှံရေးလက်ခံဆောင်ရွက်သွားဖို့ရှိသည်ဟုဆိုသည်၊၊
"အခြေခံပညာကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းတွေ ဧပြီလ(၂၇)ရက်မှာ ထုတ်ပြန်မယ်ဆိုတာဟုတ်ပါတယ်၊၊KGကနေGrade 11 အထိကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းတွေပါ၊၊မေလထဲမှာကျောင်းအပ်နှံတာပြန်လက်ခံသွားမှာဖြစ်ပါတယ်"ဟုအခြေခံပညာဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးက YMGကိုပြောသည်၊၊
ကျောင်းတွင်းစစ်စာမေးပွဲများတွင်အောင်မြင်သူများရောကျရှုံးသူများပါ မေလထဲတွင်ကျောင်းပြန်လည်အပ်နှံရမည်ဖြစ်သည်ဟုဆိုသည်၊၊
နှစ်စဥ်မြန်မာနိုင်ငံတွင် ဇွန်လအတွင်းကျောင်းများပြန်ဖွင့်လှစ်လေ့ရှိပြီး မေလကနေဇွန်လအတွင်းကျောင်းအပ်နှံရေးလက်ခံရေးရက်သပ္ပါတ်များသတ်မှတ်ပြီး ကျောင်းသားသစ်များပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #အခြေခံပညာကျောင်း #စာမေးပွဲအောင်စာရင်း
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးနဲ့ ဝေဇယန္တာလမ်းထောင့်မှာ ယမန်နေ့ ဧပြီ ၂၅ ရက်နေ့ ည ၉ နာရီ ၂၀မိနစ်အချိန်ခန့်က စက်ဘီးနဲ့ကားတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ် ပရဟိတအဖွဲထံက သိရသည်။
ဖြစ်စဉ်မှာ စက်ဘီးမောင်းနှင်လာသူမှာ လမ်းမကြီးမှ ရပ်ကွက်လမ်းသွယ်ထဲသို့ ဝင်စဉ် အရှိန်ဖြင့်မောင်းနှင်လာသောကားဖြင့်ဝင်တိုက်မိခြင်းဖြစ်သည်။
"စက်ဘီးက လမ်းလယ်တုံးကြားကနေ ဖြတ်ဝက်တာ၊ ဖြစ်ချင်တော့အဲ့နားက လမ်းမီးကလဲ ပျက်နေတော့မှောင်နေတယ်၊ ကားကလဲ အရှိန်နဲ့လာတာ၊ ဝင်တိုက်မိပြီး လူကပေ ၇၀ လောက်အထိကို လွင့်သွားတာ"ဟု သာကေတမြိုနယ်ပရဟိတအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကားနဲ့တိုက်မိမှုကြောင့် ပေါင်အဆစ်လွဲဒဏ်ရာ၊ တင်ပဆုံအဆစ်လွှဲဒဏ်ရာ၊ ပေါင်ရိုးကျိုးဒဏ်ရာ၊ဒူးဆစ်လွှဲဒဏ်ရာ၊ ခြေသလုံးကျိုးဒဏ်ရာနဲ့ ဦးခေါင်းဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုသည်။
လူမှုကူညီရေးအသင်းရောက်ရှိချိန်မှာ မသေသေးပဲ ပရိဟိတအသင်းမှ မြေပြင်ကုသမှုများ လုပ်ပေးခဲ့ပေမဲ့ သွေးထွက်လွန်ကာ သေဆုံးသွားတယ်လို့ သိရသည်။
သေဆုံးသူမှာ အသက် ၂၀ ကျော်အရွယ်အမျိုးသားဖြစ်ပြီး အခင်းဖြစ်နေရာအနီးအနားမှာနေထိုင်ကာ အောင်နိုင်သူပရဟိတကားဖြင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရသည်။

#ymg/ppk #Local_News #သာကေတ #ကားနဲ့စက်ဘီးတိုက်မိ
#Yangon-Media-Group
#Local_News
Published_ 26 April 2023
မြန်မာနိုင်ငံမှလယ်ယာထွက်ကုန်များအပြင် အေးခဲအမဲသား၊ အေးခဲဆိတ်သားနှင့်အေးခဲဘဲသားများကိုတရုတ်နိုင်ငံသို့တရားဝင်တင်ပို့နိုင်ရန်ဆွေးနွေးခဲ့ကြောင်းသိရသည်၊၊
တရုတ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး Mr.Tang Renjian၏ ဖိတ်ကြားချက်အရတရုတ်နိုင်ငံပေကျင်းမြို့၌ ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်နှင့် စီမံကိန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းတို့ တရုတ်နိုင်ငံစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Ma Youxiang ဦးဆောင်သော တာဝန်ရှိသူများနှင့်တွေ့ဆုံစဥ်ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်၊၊
မြန်မာနိုင်ငံမှပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အာဆီယံ−တရုတ်စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေး အထိမ်းအမှတ်နှစ်ဖွင့်ပွဲအခမ်းအနား၊ အာဆီယံ-တရုတ် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု စိုက်ပျိုးရေးဆိုင်ရာ ဖိုရမ်နှင့် (၂၄)ကြိမ်မြောက် သိပ္ပံနည်းကျစိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်ပြပွဲများသို့ တက်ရောက်ရန် တရုတ်နိုင်ငံပေကျင်းမြို့ကိုရောက်နေကြခြင်းဖြစ်သည်၊၊
ဆွေးနွေးပွဲတွင် မြန်မာနှင့်တရုတ်နိုင်ငံကြား လယ်ယာထွက်ကုန်များဖြစ်သည့် သီးနှံထွက်ကုန်များသာမက ပြုပြင်ထားသောအေးခဲ အမဲသား၊ အေးခဲဆိတ်သားနှင့် အေးခဲဘဲသားစသည်တို့ကို တရုတ် နိုင်ငံသို့တရားဝင်တင်ပို့နိုင်ရေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီအောက်တွင် လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးဆက်လက်ကျင်းပနိုင်ရေး၊ မြန်မာနှင့်တရုတ်စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီများပူးပေါင်းပြီးစပ်မျိုး နေကြာနှင့်အာလူးမျိုးအပါအဝင် အခြားအရေးကြီးသီးနှံများ၏ မျိုးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါ ထိန်းချုပ်မှုလုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တရုတ်-မြန်မာ နယ်စပ်အနီးရှိ ကွတ်ခိုင်မြို့နယ်၌ တိရစ္ဆာန်ရောဂါစောင့်ကြည့်ရေးစခန်းကို တရုတ်နိုင်ငံမှ ပညာရှင်များလာရောက်စစ်ဆေး၍ အတည်ပြုနိုင်ရေး၊ မြန်မာ့မွေးမြူ ရေး တောင်သူများ၏ သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံမှနည်းပညာနှင့် မျိုးကောင်းမျိုးသန့်များ ကူညီထောက်ပံ့ပေးနိုင်ရေး၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေကူညီထောက်ပံ့မှုများ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်၊၊
၂၀၂၂-၂၀၂၃ ခုနှစ်များတွင်တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့အကြား ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂) ဘီလီယံကျော်ရှိကြောင်းလည်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က ထည့်သွင်းပြောကြားခဲ့သည်၊၊
#ymg/tthl #Local_News #အေးခဲဆိတ်သား #အေးခဲဘဲသား #တရုတ်နိုင်ငံ #တရားဝင်တင်ပို့
#YMG #Yangon_Media_Group
#Local_News
Published _26 April 2023
တောင်ကိုရီးယားတွင် ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းက မြန်မာအလုပ်သမားတစ်ဦး လုပ်ငန်းခွင်အတွင်း နှလုံးရပ်၍ ရုတ်တစ်ရက် သေဆုံးခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ ချောင်နန်မြို့ရှိ စက်ရုံတွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာ
အသက်(၃၉)နှစ်အရွယ် ကိုမျိုးနိုင်အေးဆိုသူဖြစ်ကြောင်း သိရသည်။
"စက်ရုံမှာ ပစ္စည်းတွေကို ကွန်တိန်နာပေါ်က ချနေရင်းနဲ့ နှလုံးအောင့်ပြီး မောပြီးတော့ မူမူးလဲသွားတ၊ ချွန်နမ်ပြည်နယ် ချောင်နန်မြို့ ဒန်ဂု့တက္ကသိုလ် ဆေးရုံကြီးကိုပို့တယ်၊ ဆေးကုနေရင်းဆုံးသွားတာ"ဟု ကိုရီးယားနေ မြန်မာ တစ်ဦးကဆိုသည်။
ကိုမျိုးနိုင်အေးမှာ မြင်းခြံမြို့ကဖြစ်ပြီး တောင်ကိုရီးယားသို့ ဒုတိယအကြိမ်ရောက်ရှိ အလုပ်လုပ်ကိုင်နေသူဖြစ်ဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီးနှင့် (၅)နှစ်အရွယ်ကလေးတစ်ဦး၊ (၈)လသား အရွယ် ကလေးတစ်ဦးကျန်ခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #တောင်ကိုရီးယား #မြန်မာအလုပ်သမား
#YMG #Yangon _Media _Group
#Local_News
Published_ 26 April 2023
အလုပ်ခေါ်စာအသစ် တင်ခွင့်အတွက် ပိတ်သိမ်းထားခြင်း ခံထားရသော ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း)လိုင်စင်ရအေဂျင်စီ ၁၃၃ ခုကို ပြန်လည်ဖြေလျော့ပေးလိုက်ကြောင်း သိရသည်။
မြဝတီမြို့တွင် MoU အလုပ်သမားအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုပြုလုပ်ခဲ့သည့် အတွက် ပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားချက်ဖြင့် စစ်ဆေးခဲ့ကာ ပြီးခဲ့သည့် ဇန်နဝါရီ လ အတွင်းက Black List စာရင်းသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ဖြေလျော့ပေးခဲ့ခြင်းကြောင့် စစ်ဆေးခံခဲ့ရသည့် အေဂျင်စီ ၁၃၃ ခုထဲတွင် အေဂျင်စီ ၁၆ ခု အနေဖြင့် လာမည့် မေလ ၂ ရက်မှ စတင်ကာ နဂိုအတိုင်း အလုပ်ခေါ်စာ အသစ်များလက်ခံ၍ စာချုပ်အသစ်များချုပ်ဆိုနိုင်တော့မည်ဖြစ်ကြောင်း၊ ကျန်အေဂျင်စီ ၁၁၇ ခု အနေဖြင့် အလုပ်ခေါ်စာ အသစ်တစ်ခု စာချုပ်ချုပ်ဆိုရာ၌ ကန့်သတ်အနေဖြင့် အလုပ်သမား ၁၀၀ ဦးသာချုပ်ဆိုခွင့်ပြုကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ကိုင်နေသူများထံမှ သိရသည်။
#ymg/pl #Local_News # အေဂျင်စီ
#YMG #Yangon_Media_Group
Page 1372 of 2274