#Local_News
Published_ 3 November 2022
မေရီချက်(ပ်)မင်းနားမကြားသော ကလေးငယ်များ ကျောင်းကိုတည်ထောင်ခဲ့တာဟာ အခုဆိုရင်နှစ်ပေါင်း(၁၀၂)နှစ်ရှိပြီပဲ ဖြစ်ပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_3 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာလ ၂၁ ရက်အထိ ခုနှစ်လတာနီးပါး ပြည်ပကို ပဲတန်ချိန် ၈ သိန်း ၇ သောင်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၈၉ ဒသမ ၃၈ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _3 November 2022
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဟာ လက်ရှိအခြေအနေ ပုံမှန် မဖြစ်သေးဘူးလို့ ရခိုင်ပြည်နယ်ကုန်သည်နှင့်စက်မှုအသင်းချုပ်က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _3 November 2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်ကနေ အခု ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ ထိုင်းနိုင်ငံအတွင်းမှာ အဖမ်းခံရတဲ့ အထောက်အထားမဲ့ မြန်မာအရေအတွက်ဟာ သောင်းနဲ့ချီရှိနေပါပြီ။
#Yangon_Media_Group
#DailyNews
Published _ 3 November 2022
၁။ ပြီးခဲ့နှစ် ဖေဖော်ဝါရီလမှ ယခုနှစ်အောက်တိုဘာလကုန်ထိ ထိုင်းနိုင်ငံအတွင်းအဖမ်းခံရသည့် အထောက်အထားမဲ့မြန်မာ သောင်းနှင့်ချီရှိနေ
၂။ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်မဖြစ်သေးဟုဆို
၃။ ပြည်ပသို့ပဲတန်ချိန် ၈ သိန်း ၇ သောင်းကျော်တင်ပို့ထား
၄။ ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း ပီရူးတွင်နွားရိုင်းသတ်ပွဲများပြန်လည်ဖွင့်လှစ်ရာ ဆန့်ကျင်သူများမှ ထပ်မံကန့်ကွက်ဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 3 November 2022
ရန်ကုန်ဘူတာကြီးကနေတဆင့် အနယ်နယ်အရပ်ရပ်ကို ပြေးဆွဲပေးနေတဲ့ မြန်မာ့မီးရထားမှ ရထားလက်မှတ်တွေကို Online စနစ်နဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့ ရုံပိုင်ချုပ်ကြီးထံမှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 3 november 2022
နေစားငြိမ်း ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်လာရောက်သူ ထောင်ဂဏန်းကျော်ရှိကြောင်း စေတီတော်ဂေါပကအဖွဲ့က သိရသည်။
"ဒီနေ့ မွန်းလွဲ တစ်နာရီကျော် အချိန်ထိဆိုရင် လူပေါင်းတစ်ထောင့်တစ်ရာကျော်ပါပြီ၊ ဆက်ပြီးတော့ တက်နေကြတာလည်း ရှိနေပါသေးတယ်။မနက်ဖြန် လာမယ့်သူက ပိုများနိုင်ပါတယ်"ဟု ဂေါပက အဖွဲ့တာဝန်ရှိသူကပြောသည်။
တန်ဆောင်တိုင်ကာလ ကျိုက်ထီးရိုးဘုရားဖူးများအနေဖြင့် နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်တို့တွင် လာရောက်သူများအား တောင်တက်ကား အခမဲ့၊ ဟိုတယ်နှင့်တည်းခိုခန်းများ အခမဲ့နေထိုင်နိုင်ရေးကို စီစဉ်ထားသည့်အပြင် စားရေးအတွက်လည်း စတုဒီသာကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို စေတီတော် ဂေါပကအဖွဲ့၊ တောင်တက်မော်တော်ယာဉ်၊ ရင်ပြင်တော်ဈေးကော်မတီအဖွဲ့၊ ရင်ပြင်တော်ရှိဟိုတယ်နှင့် တည်းခိုဆောင်များအဖွဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၃၆၁၅ ပေတွင်တည်ရှိနေသော ရသေ့ဦးခေါင်းသဏ္ဍာန် ကျောက်လုံးတော်ကြီးဖြင့် တည်ထားသည့် ကျိုက်ထီးရိုးစေတီတော်ကြီးသည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း တည်ရှိသော စေတီတော် ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
Page 1320 of 1890