[ Album ]
#TV Yangon Times Matters အစီအစဉ်
Published_ 21 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (လူရွှင်တော်) ပိန်ပိန်စာရေးဆရာအယ်ဒီတာနှင့်အတူ
ပိန်ပိန်ဆိုတဲ့နာမည်ကို ကျွန်တော့်ဆရာတစ်ယောက်ကပေးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိဒီနာမည်နဲ့ပဲ အနုပညာအလုပ်တွေဆက်လုပ်ဖြစ်နေတာဖြစ်ကြောင်း
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစုစည်းပြီးဖွဲ့ထားဖြစ်တဲ့ "မိုးနတ်သူဇာ"အငြိမ့်အဖွဲ့အကြောင်းယခုအထိလည်းအဆိုပါအငြိမ့်အဖွဲ့ဆက်လက်ရှင်သန်နေဆဲအကြောင်း
ငွေတာရီမဂ္ဂဇင်း၊မိုးသောက်ပန်းဂျာနယ် တို့တွင်တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ကလောင်နာမည် (၄)ခုဖြင့်စာအုပ်(၄)အုပ်ရေးသားထုတ်ဝေခဲ့တဲ့အကြောင်..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #လူရွှင်တော်ပိန်ပိန်စာရေးဆရာအယ်ဒီတာ
#YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၇၇ ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ရန်ကုန်တိုင်းရွှေအသင်းကတော့ အကယ်ဒမီ မီးလင်းရွှေကိုဘတ်၂၃သိန်း၂သောင်းကျော် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်ရွှေအသင်း #ရည်ညွှန်းဈေး
#YMG #Yangon_Media_Group
[ Album ]
#TV Yangon Times Matters အစီအစဉ်
Published_ 21 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (လူရွှင်တော်) ပိန်ပိန်စာရေးဆရာအယ်ဒီတာနှင့်အတူ
ပိန်ပိန်ဆိုတဲ့နာမည်ကို ကျွန်တော့်ဆရာတစ်ယောက်ကပေးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိဒီနာမည်နဲ့ပဲ အနုပညာအလုပ်တွေဆက်လုပ်ဖြစ်နေတာဖြစ်ကြောင်း
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစုစည်းပြီးဖွဲ့ထားဖြစ်တဲ့ "မိုးနတ်သူဇာ"အငြိမ့်အဖွဲ့အကြောင်းယခုအထိလည်းအဆိုပါအငြိမ့်အဖွဲ့ဆက်လက်ရှင်သန်နေဆဲအကြောင်း
ငွေတာရီမဂ္ဂဇင်း၊မိုးသောက်ပန်းဂျာနယ် တို့တွင်တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ကလောင်နာမည် (၄)ခုဖြင့်စာအုပ်(၄)အုပ်ရေးသားထုတ်ဝေခဲ့တဲ့အကြောင်..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #လူရွှင်တော်ပိန်ပိန်စာရေးဆရာအယ်ဒီတာ
#YMG #Yangon_Media_Group
#Local_News
Published_ 21 May 2023
အညာဒေသမှာ သင်္ကြန်မတိုင်ခင်ကာလကတည်းက တက်ဈေးမှာရှိနေတဲ့ ပဲမျိုးစုံနဲ့နှမ်းဈေးနှုန်းတွေက မုန်တိုင်းတိုက်ခတ်ပြီးနောက် ဈေးတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို မကွေးကုန်စည်ဒိုင်ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News #မိုခါမုန်တိုင်း #နှမ်းခင်းတွေဆုံးရှုံး #ပဲမျိုးစုံနဲ့နှမ်းဈေးတက်လာ
#YMG #Yangon_Media_Group
[ Album ]
#TV Yangon Times Matters အစီအစဉ်
Published_ 21 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (လူရွှင်တော်) ပိန်ပိန်စာရေးဆရာအယ်ဒီတာနှင့်အတူ
ပိန်ပိန်ဆိုတဲ့နာမည်ကို ကျွန်တော့်ဆရာတစ်ယောက်ကပေးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိဒီနာမည်နဲ့ပဲ အနုပညာအလုပ်တွေဆက်လုပ်ဖြစ်နေတာဖြစ်ကြောင်း
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစုစည်းပြီးဖွဲ့ထားဖြစ်တဲ့ "မိုးနတ်သူဇာ"အငြိမ့်အဖွဲ့အကြောင်းယခုအထိလည်းအဆိုပါအငြိမ့်အဖွဲ့ဆက်လက်ရှင်သန်နေဆဲအကြောင်း
ငွေတာရီမဂ္ဂဇင်း၊မိုးသောက်ပန်းဂျာနယ် တို့တွင်တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ကလောင်နာမည် (၄)ခုဖြင့်စာအုပ်(၄)အုပ်ရေးသားထုတ်ဝေခဲ့တဲ့အကြောင်..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #လူရွှင်တော်ပိန်ပိန်စာရေးဆရာအယ်ဒီတာ
#YMG #Yangon_Media_Group
#Local_News
Published_ 21 May 2023
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူအားလုပ်ကြံခဲ့သူများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းက ဇနီးဖြစ်သူအား “အောင်ရတနာ” အထူးကုဆေးရုံသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပြီး ပြန်အလာ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂)ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အမှတ်(၁၆)လမ်းဆုံအနီးသို့ ရောက်ရှိစဉ် အမျိုးသား နှစ်ဦးက မော်တော်ယာဉ်ရှေ့၌ ပိတ်ရပ်၍ ပစ္စတို ၂ လက်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်၍ သေဆုံးခဲ့ ရခြင်း ဖြစ်သည်။
သတင်းပေးပို့သူများပေးပို့သည့် သတင်းအရ မေလ ၁၂ ရက် နံနက်ပိုင်းတွင် ဦးစိုင်းကျော်သူအား လုပ်ကြံ သတ်ဖြတ်ရာတွင် စက်ဘီးဖြင့် အခြေအနေကြည့်ရှုပေးသူ အာကာထက်ကျော် (ခ)အောင်သုခ ကို Glock ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၂၀ တောင့် တို့နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်း၊ (၅)လွှာ(A)၊ အိမ်အမှတ် (၃၅)၌ ဖမ်းဆီးရမိခဲ့ရာ ယင်း၏ ထွက်ဆိုချက် အရ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၁၀)လမ်း၊ အိမ်အမှတ်(၄၀၇)၌ ရဲကျော်ပိုင်(ခ)မောင်ကြီး ကို လက်လုပ်သေနတ် ကိုယ်ထည် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၅.၅၆ ကျည် ၁၀ တောင့်၊ ပွိုင့် ၃၈၀ ကျည် ၁၀ တောင့်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ ကျည်ကာအင်္ကျီ ၈ ထည်၊ လက်ကိုင်ဖုန်း ၂ လုံးတို့ဖြင့် လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၃)ရပ်ကွက်၊ ရွှေတောင်ကြား (၅)လမ်း၊ အိမ်အမှတ်(၉၆၄၀)၌ ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင် ကို Laptop ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာနှင့် ကော့ဒွန်း ကျေးရွာ အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု တို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ဦးစိုင်းကျော်သူအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ် ခဲ့သူများဖြစ်သည့် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် ကို ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဦးထွန်းလင်းခြံလမ်းဆုံတွင် လည်းကောင်း၊ စိုးသူ(ခ)Red(ခ) ကောင်းဝေ ကို မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပုလဲ ရွှေဝါလမ်းသွယ်(၂)၊ အိမ်အမှတ်(၆၂၀)တွင် Sig Sauer ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၁၁ တောင့်တို့ဖြင့် လည်းကောင်း၊ ဦးစိုင်းကျော်သူကိုလုပ်ကြံသတ်ဖြတ်ရာတွင် စက်ဘီးဖြင့် အခြေအနေကြည့်ရှုပေးသူ မင်းဆက်(ခ)အောင်သူဟန် ကို မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပုဂံလမ်းပေါ်တွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများဖြစ်သည့် ချစ်ကိုကို ကို ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ အနော်ရထာလမ်းမကြီး၊ အိမ်အမှတ်(၇၁၆)တွင် လည်းကောင်း၊ ကျော်လွင်ဦး ကို ဒလမြို့နယ်၊ အံ့ကြီးအရှေ့ရပ်ကွက်၊ ဖိုးရာဇာလမ်း၊ အိမ်အမှတ် (၂၉၉)တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း၊ထို့အပြင် ဖမ်းဆီးရမိ သူ အာကာထက်ကျော်(ခ)အောင်သုခ၏ ထွက်ဆိုချက် အရ မေလ ၁၄ ရက်တွင် ဆက်စပ်သူပန်းအေး(ခ)ကိုမျိုးကို ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ရန်ပြေမာန်ပြေသာမဏေစာသင်တိုက်၌ လည်းကောင်း၊ မေလ ၁၆ ရက်တွင် ဆက်စပ်သူ လပြည့်အိမ်(ခ)ကိုရှိုင်းကို မြောက်ဥက္ကလာပ မြို့နယ်၊ (ဃ)ရပ်ကွက်၊ အဝိုင်းမှတ်တိုင်အနီး၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်း ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူ ၁၀ ဦးမှာ Yangon Revolution ForceYRF. အဖွဲ့ဝင်များဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားပြီး ထိုသူများကို ပစ္စတို ၂ လက်၊ လက်လုပ်သေနတ် ကိုယ်ထည် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၅၆ တောင့်၊ ကျည်ကာအင်္ကျီ ၈ ထည်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ Laptop ၁ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ရန်ကုန်မြို့အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၈ ကြိမ် ကျူးလွန်ခဲ့ကြောင်းလည်းသတင်းတွင်ဖော်ပြထားသည်။ ထိုအထဲတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်သည် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jameတို့၏စေခိုင်းမှုဖြင့် … မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊တေးနုယဉ် လမ်းနေ Mytel ရုံးချုပ်မှ အထွေထွေမန်နေဂျာဦးသိန်းအောင် နှင့် ဇနီးဖြစ်သူ ဒေါ်သိမ့်အောင်သူ တို့အားပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်အရသိရှိရသည်။
ymg/pl
Yangon_Media_Group




Published 21May 2023
မြန်မာနိုင်ငံရဲ့ မိုခါ ဆိုင်ကလုန်းဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် အာဆီယံအဖွဲ့ကြီးရဲ့ ပထမဦးဆုံးသော အရေးပေါ်တုန့်ပြန် အကူအညီတွေဟာ မြန်မာနိုင်ငံကို လေယာဉ်နှင့်ရောက်ရှိလာမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောတယ်လို့ ခမာတိုင်းမ်သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အဆိုပါသတင်းထုတ်ပြန်ချက်မှာ အကူအညီတွေအားလုံးပြင်ဆင်ပြီးဖြစ်လို့ အာဆီယံရဲ့ သဘာဝဘေးအန္တရာယ်အရေးပေါ်ထောက်ပို့စနစ်အောက်က သိုလှောင်ရုံတွေထဲ အဆင်သင့်ရှိနေပြီလို့ဖော်ပြထားပါတယ်။ အဆိုပါသိုလှောင်ရုံတွေထဲမှာ မလေးရှားနိုင်ငံ ဆူဘန်နှင့် ထိုင်းနိုင်ငံ ချိုင်နတ်တို့လည်းပါဝင်ပါတယ်။
“ နောက်ထပ်အကူအညီတွေကို မေ၂၂ ဒါမှမဟုတ် ၂၃မှာ အင်ဒိုနီးရှား၊စင်္ကာပူနှင့် ထိုင်းစစ်တပ်တွေရဲ့ စစ်လေယာဉ်တွေနှင့် ပေးပို့မှာဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လူသားချင်းဆိုင်ရာအကူအညီနှင့် ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအကူအညီတွေကို အာဆီယံတပ်မတော် အဆင်သင့်အုပ်စုကနေတစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်လေယာဉ်တွေအသုံးပြုပေးပို့သွားမှာဖြစ်တယ်လို့ လည်းသိရပါတယ်။
ဒီကူညီမှုဟာ အာဆီယံ၂၀၂၃ရဲ့ ဥက္ကဋ္ဌအနေနှင့် အင်ဒိုနီးရှားရဲ့ကတိကဝတ်နှင့်ညီညွတ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ “ တစ်ခုတည်းသောအာဆီယံ၊တစ်ခုတည်းသောတုန့်ပြန်မှု” ဆိုတဲ့ချည်းကပ်မှုကနေတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ ဆန္ဒတွေကို ဆောင်ကြဉ်းတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဆီယံလူသာချင်းစာနာမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ညိနှိုင်းဆောင်ရွက်ရေးစင်တာ ((AHA Centre) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် အင်ဒိုနီးရှား၊ဘရူးနိုင်း၊ဖိလစ်ပိုင်၊စင်္ကာပူနှင့်ထိုင်နိုင်ငံတို့က ကိုယ်စားလှယ်တွေဟာ အာဆီယံ အရေပေါ်တုန့်ပြန်မှုနှင့် အကဲဖြတ်အဖွဲ့(ASEAN-ERAT) ၊အာဆီယံ အတွင်းရေးမှူးအဖွဲ့တို့ဟာ အရေးပေါ်တုန့်ပြန်မှုတွေဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေကြပြီလို့လည်း သတင်းမှာဖော်ပြထားပါတယ်။
သူတို့ဟာ မြေပြင်မှာ သတင်းအချက်အလက်တွေကောက်ယူနေပြီး လက်ငင်းအမြန်လိုအပ်တာတွေဘာတွေလဲဆိုတာ အကဲဖြတ်နေကြတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
#YangonMediaGroup
#Myanmar_Mocha_Cyclone
#မြန်မာ_မိုခါ_ဆိုင်ကလုန်း_အာဆီယံ
Page 1319 of 2275