#Local_News
Published_ 14 March 2023
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးနှင့် အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို နစက ဆန့်ကျင်အဖွဲ့က Drone ယာဉ်များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ရုံးဝန်ထမ်း အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မတ်လ ၁၃ ရက် နံနက် ၁၁ နာရီခန့်က နစက ဆန့်ကျင်သူများက အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက် ခဲ့ရာ ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၊အလားတူ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးကို နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန် အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၁ ဦးသေဆုံး၍ အမျိုးသား ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိကာ ရုံးတံခါးပေါက်မှန် ၈ ချပ် ကွဲအက်ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ နစက ဆန့်ကျင်သူများအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြကြောင်း သိရသည်။
#ymg/mt #Local_News #နွားထိုးကြီး #Drop Bomb #သုံးဦးဒဏ်ရာရ #YMG #Yangon_Media_Group
#Local_News
Published_ 13 March 2023
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ မတ်လ(၁၃)ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တဲ့အတွက် သစ်ပင်တွေလဲကျပြီး နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #ပဲခူးတိုင်း #လေပြင်းတိုက် #နေအိမ်အချို့ပျက်စီး
#YMG #Yangon_Media_Group
#World_Energy
Published 13 March 2023
လက်တင်အမေရိကဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်တဲ့ အဓိကနေရာဖြစ်လာရန် ပြင်ဆင်နေပြီး ကြီးမားတဲ့လျှပ်စစ်စွမ်းအင်သုံးဆိုလာပြား တစ်ဘီလီယံနီးပါးတန်ဖိုးရှိ ပရောဂျက်များကို လာမယ့် ၇ နှစ်အတွင်း အွန်လိုင်းမှာတင်နိုင်ရန် စီစဉ်ထားကြောင်း ကြာသပတေးနေ့က အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။
#World_Energy #ပြည့်ဖြိုးမြဲစွမ်းအင် #လက်တင်အမေရိက
#YMG #Yangon_Media_Group
#Local_News
Published_ 13 March 2023
မတ်လ ၁၃ ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂,၁၀၅ရှိလာပြီး ယနေ့ရောင်းချဈေးမှာ ၂,၁၀၅ အောက် အလျော့ နှုန်းထားဖြင့် ဈေးကျလာကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ် ဈေးနှုန်းအပြောင်းအလဲများအရ သိရပါတယ်။
#Local_News #ဓာတ်ဆီ #ပြန်လည်ကျဆင်း
#YMG #Yangon_Media_Group
#Local_News
Published_ 13 March 2023
နွေကျောင်းပိတ်ချိန်လည်းဖြစ် သင်္ကြန်နားနီးလာပြီလည်းဖြစ်တဲ့အတွက် ကားစီးလုံးငှားပြီး ခရီးသွားမယ့်သူတွေတိုးလာတယ်လို့ ကားစီးလုံးငှားလုပ်ငန်းလုပ်ကိုင်နေသူတွေထံမှ သိရပါတယ်၊၊
#Local_News #သင်္ကြန် #ကားစီးလုံးငှား #ဈေးတက်နိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 13 March 2023
မတ်လဒုတိယအပတ်ထဲမှာ ကမ္ဘာ့ရွှေဈေးဟာလည်း တစ်အောင်စကို ၁၈၃၀ အောက်အထိဖြစ်ပေါ်ခဲ့ပြီး အခုမတ်လ ၁၃ ရက်နေ့မှာ ၁၈၈၀ ဈေးတန်းကိုမြင့်တက်လာပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ပြည်တွင်းရွှေ #Gold #Price
#YMG #Yangon_Media_Group
#Local_News
Published_ 13 March 2023
မြန်မာနိုင်ငံမှ ကလေး(၅.၆)သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေသည်ဟု UNICEF က မတ်လ(၁၃)ရက်တွင်သတင်းထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
ယူနီဆက်၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်မှဖေဖော် ဝါရီ (၂၈)ရက်အထိရရှိထားသည့် အစီရင်ခံစာ၌ ယင်းကဲ့သို့ ထုတ်ပြန်ဖော်ပြထားခြင်းဖြစ်သည်၊၊
အဆိုပါ အစီရင်ခံစာတွင် ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံရှိကလေးငယ်တွေအပါအဝင်ကဏပေါင်းစုံအတွက် အမေရိကန်ဒေါ်လာ ၁၆၉.၆ သန်းထောက်ပံ့ပေးဖို့ လိုအပ်ကြောင်းကိုလည်း ဖော်ပြထားသည်၊၊
ယူနီဆက်အနေဖြင့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကူညီထောက်ပံ့ရန် လိုအပ်သည့်သူများကို ထောက်ပံ့ခဲ့ကြောင်းနှင့် နေရပ်စွန့်ခွာနေထိုင်ကြရသူများကို ကူညီထောက်ပံ့ရန်လိုအပ်ကြောင်း၊ကူညီထောက်ပံ့ပေးရန်ရှိကြောင်းကိုလည်း အစီရင်ခံစာ၌ဖော်ပြထားကြောင်း သိရသည်၊၊
ymg/tthl #Local_News #ကလေးငယ်(၅.၆)သန်း # ယူနီဆက်
#YMG #Yangon_Media_Group
Page 1318 of 2129