#Daily_News
Published_ 29 June 2024
၁။ မူးယစ်ဆေးစွဲသွားသူများအတွက် ဥပဒေအရပြစ်ဒဏ်မရှိတော့၍ ဆေးဖြတ်ရန်အမြန်ဆုံးကြိုးစားသင့်ဟုဆို
၂။ ဂျပန်ဗီဇာလျှောက်ထားခြင်းများ ဇူလိုင်လအတွင်းအွန်လိုင်းဘိုကင်စနစ်ကျင့်သုံးမည်
၃။ ရန်ကုန်တွင်အခုရက်ပိုင်း လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်ရန်ရှိ
၄။ အမေရိကန်လေယာဥ်မှချသွားသည့် ရေငုပ်သင်္ဘောရှာဖွေရေးကိရိယာများကို တရုတ်ကြားဖြတ်ဆယ်ယူ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ရှိမြို့နယ်အချို့မှာ အခုရက်ပိုင်းတွေမှာ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်တာတွေရှိနိုင်တယ်လို့သိရပါတယ်။ (၁)230kVမန်စံ - ရွှေစာရံလိုင်းအမြဲတမ်းအပြစ်ဖြစ်လို့နဲ့ (၂)အရှေ့ဒဂုံဓာတ်အားခွဲရုံလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ဖို့ ဓာတ်အားပိတ်ဆောင်ရွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။
#Local_News
Published 29 June 2024
#လျှပ်စစ်ဓာတ်အား #ယာယီပြတ်တောက်
#tthl #Yangon_Times
ဂျပန်နိုင်ငံကို သွားရောက်ကြမယ့် ဗီဇာလျှောက်ထားတာတွေကို ဇူလိုင်လအတွင်းမှာ အွန်လိုင်းဘိုကင်စနစ် ကျင့်သုံးသွားမယ်လို့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဇွန်လ ၂၈ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁ ရက်က စတင်ပြီး တစ်ဦးချင်းစီအလိုက် ဗီဇာလျှောက်ထားတာကို အွန်လိုင်းဘိုကင်စနစ် ကျင့်သုံးသွားမှာဖြစ်ပြီး အဖွဲ့လိုက်လျှောက်ထားတာနဲ့ ပတ်သက်လို့လည်း ဇူလိုင်လ အလယ်ပိုင်းမှာ အွန်လိုင်းဘိုကင် စတင်လက်ခံမယ့် ရက်အတည်ပြုပြီးပါကလည်း ထပ်မံအသိပေးကြေညာပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published_ 29 June 2024
#ဂျပန်ဗီဇာ #အွန်လိုင်းဘိုကင်စနစ် ကျင့်သုံး
#NN #YMG #Yangon_Times #Yangon_Media_Group
အသစ်ပြဌာန်းမယ့်ဥပဒေမှာ မူးယစ်ဆေးစွဲသမားတွေအတွက်ပုဒ်မ(၁၅)ရှိပေမယ့် ပြစ်ဒဏ်မရှိတော့ဘဲ ပြန်လည်ထူထောင်ရေးအနေနဲ့ ဆေးဖြတ်ရမှာဖြစ်တယ်လို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)မှ သိရပါတယ်။
#Local_News
Published_ 29 June 2024
#မူးယစ်ဆေးစွဲလူနာ #ဆေးဖြတ်ရန်အမြန်ဆုံးကြိုးစားသင့်
#tthl #Yangon_Times
၂၉ ဇွန် ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်ဟာ မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့်အတူတက်ရောက်ခဲ့ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင် ဟာ အခမ်းအနားမစတင်ခင်မှာ အခမ်းအနားသို့ တက်ရောက်လာတဲ့ မြန်မာနိုင်ငံ သမ္မတ(ငြိမ်း)ဦးသိန်းစိန်အပါအဝင် အခြားသော နိုင်ငံ့အကြီးအကဲဟောင်း များနှင့် ခေါင်းဆောင်တွေကို တစ်ဦးချင်းနှုတ်ဆက်ခဲ့ပါတယ်။
Source CCTV+
#Local_News
Published_ 29 June 2024
▪️ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံဖွင့်ပွဲသို့ မြန်မာနိုင်ငံမှ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက "ယနေ့ညီလာခံတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ တိုင်းရင်းဆေးနယ်ပယ်မှ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား တိုင်းရင်းဆေးနှင့်ပတ်သက်၍ ဘက်စုံကဏ္ဍစုံမှ စဉ်းစားသုံးသပ်မှုများလုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊
▪️ အထူးသဖြင့်သိပ္ပံနည်းကျသုတေသနတွင် ရင်းနှီးမြှုပ်နှံပြီး ခေတ်မီနည်းပညာများ အသုံးပြုခြင်းဖြင့် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ ထိရောက်မှု၊ ဘေးကင်းလုံခြုံစိတ်ချရမှုနှင့် သုံးစွဲနိုင်မှုတိုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊
▪️ တိုင်းရင်းဆေးပညာ၏ မူပိုင်ခွင့်ဆိုင်ရာ စံသတ်မှတ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော ညီလာခံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား တိုင်းရင်းဆေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် နားလည်ယုံကြည်မှု၊ တီထွင်ဆန်းသစ်မှုများဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း" ပြောကြားခဲ့သည်။
▪️ ညီလာခံဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယအတွင်းရေးမှူး Ye Jian-chun တို့က ညီလာခံကိုဖွင့်လှစ်ပေးကြပြီး ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် ကျန်းရှီးပြည်နယ်ကော်မတီအတွင်းရေးမှူး Yin Hong က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
▪️ ထို့အတူ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ မောလ်ဒိုက်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ ဒုတိယအတွင်းရေးမှူးချုပ်တို့ကလည်း အမှာစကားပြောကြားခဲ့ကြသည်။
▪️ ညီလာခံသို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့၏အဖွဲ့ဝင်နိုင်ငံ၊ လေ့လာသူနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေး ပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 29 June 2024
▪️ ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှု ပြင်ဆင်ပြီးစီး၍ MPT မိုဘိုင်းလ်အင်တာနက်များ မူလအတိုင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ဇွန်၂၈ ရက်က အသိပေးကြေညာထားသည်။
▪️ SEA-ME-WE5 ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှု ပြန်လည်ပြင်ဆင်ပြီးစီးခြင်းဖြစ်ပြီး ယင်း ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းခဲ့မှုကြောင့် ယခုဇွန်လအတွင်း MPT မိုဘိုင်းလ်အင်တာနက် သုံးစွဲသူများ အင်တာနက်လိုင်းများ ကျဆင်းခဲ့မှုများ ကြုံတွေ့ခဲ့ရခြင်းကြောင့် အဆင်မပြေမှုများအတွက် MPT က တောင်းပန်ထားဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အဆင်မပြေဖြစ်ခဲ့သည့် သုံးစွဲသူများအတွက် ဒေတာလက်ဆောင် 500MB အား ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၇ ရက်အတွင်း *2006*5# ကို ခေါ်ဆို၍ လက်ဆောင်ရယူနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 829 of 2481