#Local_News
Published_ 29 June 2024


▪️ ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှု ပြင်ဆင်ပြီးစီး၍  MPT မိုဘိုင်းလ်အင်တာနက်များ မူလအတိုင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်း (MPT)မှ ဇွန်၂၈ ရက်က အသိပေးကြေညာထားသည်။

 

▪️ SEA-ME-WE5 ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှု ပြန်လည်ပြင်ဆင်ပြီးစီးခြင်းဖြစ်ပြီး ယင်း ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းခဲ့မှုကြောင့် ယခုဇွန်လအတွင်း MPT မိုဘိုင်းလ်အင်တာနက် သုံးစွဲသူများ အင်တာနက်လိုင်းများ ကျဆင်းခဲ့မှုများ ကြုံတွေ့ခဲ့ရခြင်းကြောင့် အဆင်မပြေမှုများအတွက် MPT က တောင်းပန်ထားဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင်  အဆင်မပြေဖြစ်ခဲ့သည့် သုံးစွဲသူများအတွက် ဒေတာလက်ဆောင် 500MB အား ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၇ ရက်အတွင်း *2006*5# ကို ခေါ်ဆို၍ လက်ဆောင်ရယူနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times