#Local_News
Published_29 Jun 2024

▪️ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်း ဆင်းပွဲများကို တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်း ကျောင်းများအသီးသီးတွင် ယနေ့ ဇွန်လ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း နစက သတင်းထုတ် ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားများသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ကြကာ ကတိသစ္စာခံယူခြင်းကို ဆောင်ရွက်ကြကြောင်း သိရသည်။

 

▪️ ထို့နောက် သက်ဆိုင်ရာ သင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဆင်းထူးချွန်ဆု များဖြစ် သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်း ကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

 

▪️ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊စစ်ရေးပြ ဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်များကို လည်းကောင်း၊ စစ်နည်းဗျူဟာဘာသာရပ်တွင်ပါဝင်သည့် ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ အဖွဲ့အလိုက်၊ တပ် စိတ် အလိုက်လေ့ကျင့်ခြင်း၊ ချီတက်မှုလေ့ကျင့်ခြင်း၊ အထူးစစ်နည်းဗျူဟာ၊ စစ်ဘက်ရေးရာလုံခြုံရေး၊ ချေမှုန်းရေး လေ့ကျင့်ခန်း စသည့်သင်ခန်းစာများကို လည်း ကောင်း စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားလေ့ ကျင့်ခဲ့ကြ ပြီး စစ်မြေပြင်အင်ဂျင် နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာရပ်နှင့် အထွေထွေဘာ သာရပ် များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

▪️ ယင်းတို့အနေဖြင့်အဖွဲ့အစည်းစိတ်ဓာတ်များ(Team Sprit)၊ အဖွဲ့အစည်းဖြင့် စည်းစနစ်ကျနစွာလုပ်ကိုင် ဆောင် ရွက်တတ်သည့် အလေ့အကျင့်များ(TeamWork)၊ ရဲဘော်ရဲဖက်စိတ်(esprit de corps)နှင့် နိုင်ငံ ကောင်း အောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်များရရှိခဲ့ကြပြီး တာဝန် ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကြတော့မည်ဖြစ်ကြောင်း သိရသည်။

 

#Yangon_Times/PP