Published_ 12 August 2023
ကဗျာဆရာ၊စာရေးဆရာ၊ဇာတ်ညွှန်းဆရာ အကယ်ဒမီ မြင့်ဦးဦးမြင့် ဩဂုတ်လ(၁၂)ရက်မနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။
ဦးမြင့်ဦး(ခေါ်)အကယ်ဒမီမြင့်ဦးဦးမြင့်သည် ကြိုးကြာတောင်ပံခတ်သံဇာတ်ကားဖြင့် ဇာတ်ညွှန်းအကယ်ဒမီ ဆုရရှိခဲ့သူတစ်ဦးဖြစ်ပြီး ဇာတ်ညွှန်းများစွာ၊ကဗျာများစွာနှင့်စာပေများစွာလည်းရေးသားခဲ့သည့် အနုပညာရှင် တစ်ဦးလည်းဖြစ်သည်။
ကွယ်လွန်ချိန်တွင် အသက်(၆၇)နှစ်ရှိပြီဖြစ်ပြီး ဩဂုတ်လ(၁၂)ရက်နေ့မွန်းလွဲ(၄)နာရီတွင် ရေဝေးသုဿန်သို့ ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ပြီး ဩဂုတ်လ(၁၈)ရက်တွင် ကွယ်လွန်သူကိုရည်စူးပြီး ဘုရားအမှူးပြုသော သံဃာတော်တွေကိုဆွမ်းခဲဖွယ်များကိုဆက်ကပ်လှူဒါန်းကာ ရက်လည်ဆွမ်းကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
ပုသိမ်လေယာဉ်ကွင်းကို နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်မည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေသခံမြို့မိမြို့ဖတွေကို ယနေ့ဩဂုတ် ၁၁ရက်ကပြောကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစကဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖများအား အစိုးရအဖွဲ့ရုံးဧည့်ရိပ်သာ၌ ဩဂုတ်၁၁ရက်က တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းရင်းနှီးနှီးတွေ့ဆုံ
ဆွေးနွေးရာမှာ ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ပုသိမ်-ရန်ကုန် ဖြတ်သန်းသွားလာမှုသည်နေ့စဉ် ယာဉ်အစီးပေါင်းများစွာ ဖြတ်သန်းသွားလာလျက်ရှိတဲ့အတွက် နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်များတွင် နေ့စဉ်ယာဉ်အစီးရေ သွားလာမှုအပေါ်မူတည်ပြီး လမ်းတွေကိုအဆင့်မြှင့်တင်ရတာကြောင့် လမ်းတွေကို အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက်လည်း သဘာဝအလှအပများ၊ ဒေသထွက်အစားအသောက်များနှင့်အခြားအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာ အထက်တန်းကျောင်းများကို ခရိုင် ၅၀ ခု၌ ဖွင့် လှစ်ထားရှိပြီးဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခု
ဖြစ်လို့ စိုက်ပျိုးရေးတွင် စံနမူနာပြတိုင်းဒေသကြီးအဖြစ် ဖော်ဆောင်ကြဖို့လည်း ဗိုလ်ချူပ်မှူးကြီးကတိုက်တွန်းပြောဆို တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲအတွင်း တက်ရောက်လာတဲ့ ဒေသခံမြို့မိဖြို့ဖများက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းတိုးတက်ရေး၊မြေ အရည်အသွေးထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များ၊ ပုလဲ၊ ယူရီးယားနှင့်အခြားသော ကွန်ပေါင်းဓာတ်မြေဩဇာများစွာကို ကာလရှည်ကြာ အသုံးပြုခဲ့သဖြင့်မြေအရည်အသွေးကို ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် မြေအရည်အသွေးမြှင့်တင်ရေးကို ဆောင်ရွက်သွားရန်လိုအပ်ချက်များကို တင်ပြခဲ့ကြပါတယ်။
အဲဒီအပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်တစ်ခု ဆောင်ရွက်ပေးစေလိုမှု၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် ကောင်းမွန်လျက်ရှိပြီးဖြစ်သော်လည်း အချို့သော လမ်းပိုင်းနေရာများ၌ အဆင့်မြှင့်တင်ပေးရန်လိုအပ်လျက်ရှိမှုတို့ကို တင်ပြခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် နစက ဥက္ကဋ္ဌနှင့်ဇနီး အဖွဲ့ဝင်များသည် ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါတယ်။
ယင်းအပြင်အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အားတွေ့ဆုံအမှာစကားပြောကြား ခဲ့တဲ့အပြင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#Daily_News
Published_ 11 August 2023
၁။ ပြည်သူ့ရင်ပြင်တွင် ဆန်တစ်ပြည်(၂၅၀၀)ဖြင့် ဆန်အကန့်အသတ်မရှိ ရောင်းပေးနေ
၂။ အိမ်ခြံမြေဝယ်ယူ၍ ရင်းနှီးမြုပ်နှံချင်ကြသော်လည်း ထုတ်မရောင်းရဲသူက ပိုများနေဟုဆို
၃။ သုံးနှစ်ကြာ ဒေသစာရီအပူဇော်ခံ ရပ်နားထားရသော အင်းလေးဖောင်တော်ဦးဘုရား အပူဇော်ခံ ကြွမည်
၄။ အမျိုးသားများနှင့် တန်းတူယှဉ်ပြိုင်ခွင့်ရရေး အမျိုးသမီးရှဝင်ဂန်နပမ်းသမားများကြိုးပမ်းနေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ထိုင်းရောက် မြန်မာများအတွက် Dee Money အမည်ရှိ တရားဝင် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း မိတ်ဆက်
တစ်ရက်ကို မြန်မာငွေကျပ်သိန်းတစ်ရာနဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေကို လွှဲပြောင်းနိုင်ပြီး လွှဲခအနေနဲ့ တစ်ကြိမ်ကို (၄၉) ဘတ်သာ ကျသင့်မှာဖြစ်
Yangon_Times/my
#Local_News
#Published_ 11 August 2023
#YMG #Yangon_Times
နံရံပန်းချီရှိသော ပုဂံဘုရား(၄၁၆)ဆူ၏ Data များကောက်ယူမည်
‘ပုဂံဒေသရှိ နံရံဆေးရေးပန်းချီလက်ရာတွေရှိတဲ့ ဘုရားပေါင်း(၄၁၆)ဆူရဲ့အသေးစိတ်အချက်အလက် သစ်တွေကွင်းဆင်းပြီးကောက်ယူသွားဖို့ရှိပါတယ်။အသေးစိတ်အချက်အလက်တွေ ကောက်ယူပြီး Update Data Baseတည်ဆောက်တာ၊ ပဏာမအဆင့်မှတ်ခြင်းလုပ်ငန်းအတွက် Assessment ကွင်းဆင်းကောက်ယူတာတွေ ဆောင်ရွက်လျက်ရှိတယ်’ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)
Yangon_Times/tthl
#Local_News
#Published_ 11 August 2023
#နံရံပန်းချီ #ပုဂံဘုရား #Data များကောက်ယူ #ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန
#YMG #Yangon_Times
Published_ 11 August 2023
မန္တလေး တိုင်းဒေသကြီး ၊မန္တလေးမြို့ပတ် သံလမ်းဘေး မိုးမခဆိုင်ရှေ့တွင် မော်တော်ကားနှင့်ဆိုင်ကယ် ဝင်တိုက် မိ၍ အမျိုးသား ၁ဦးသေဆုံးမှုယမန်နေ့ညကဖြစ်ခဲ့ကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းကသိရသည်။
သြဂုတ် ၁၀ရက် ည၈နာရီအချိန်ကမန္တလေးမြို့ပါတ်သံလမ်းဘေးလမ်းမိုးမခဆိုင်ရှေ့တွင် လမ်းပြောင်းပြန်ဝင်လာသော မော်တော်ကားနှင့်ဆိုင်ကယ်တိုက် မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့်ဆိုင်ကယ်စီးလာသူအမျိုးသား ၂ဦးအနက် ၁ဦးမှာ ညာနားထင်ပေါက် ၊ဘယ်ရင်အုံပေါက်ပြဲ၊ညာဝမ်းဗိုက်ပေါက်၊ လက်နှစ်ဖက်ကျိုး၊ ညာခြေကျိုး၍ဆေးရုံရောက်ရှိချိန်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။
"ဆိုင်ကယ်စီးလာသူ ၂ဦးထဲက ၁ဦးက ဒဏ်ရာပြင်းထန်တော့ ဆေးရုံပို့တော့ ဆေးရုံအရောက် မှာ သေဆုံးသွားပါတယ်"ဟု အဆိုပါအသင်းကသိရသည်။
သေဆုံးသူအားသေမှုသေခင်းစစ်ချက်များယူ၍မန္တလေးပြည်သူ့ဆေးရုံကြီးတွင်(PR04)ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 11 August 2023
ဘရာဇီးလ်နိုင်ငံ၊ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာကြသည့် သင်္ဘောသား အသိ အမှတ်ပြု သက်သေခံကတ်ပြား (Seafarers Identity Document‒SID) ကိုင်ဆောင် ထားခြင်းမရှိသေးသော မြန်မာသင်္ဘောသားများ ဒဏ်ကြေးပေးဆောင် နေရခြင်းမှ ကာလတစ်ခုအထိ ကင်းလွတ်ခွင့်ရရှိရေး နှစ်နိုင်ငံတာဝန်ရှိစသူများ ဆွေနွေးခဲ့ကြောင်း သိရပါတယ်။
ဘရာဇီးလျားမြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးအောင်ကျော်ဇံ သည် ဩဂုတ် ၁၀ ရက်တွင် ဘရာဇီးလ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်၍ နယ်စပ်ဖြတ်ကျော် မှုခင်းဆိုင်ရာဌာန အကြီးအကဲဖြစ်သူ Minister Marcelo Della Nina နှင့် ကောင်စစ်ရေးရာ၊ လူဝင်မှုကြီးကြပ်ရေး၊ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် မြန်မာသင်္ဘောသားများအတွက်လိုအပ်တဲ့ ကောင်စစ်ရေးရာ အကာအကွယ် များပေးအပ်နိုင်ရေး နည်းလမ်းများကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ လက်ရှိစတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော် ပြီးစီးမှု အခြေအနေနှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News
#YMG #Yangon_Media_Group
Page 824 of 1914