#Local_News
Published 26 November 2023
မြန်မာနိုင်ငံအတွင်းရှိ ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း များအသိအမှတ် ပြုလက်မှတ် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်တွင်းဘုရားဖူးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များအနေဖြင့် အသင်း ဝင်ရန်အတွက် လာမည့်ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားပြီး လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။
"
မြန်မာပြည်တစ်ဝန်း ဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြု လက်မှတ်လျှောက်ထားရမှာပါ ။ညွန်ကြားချက်နဲ့လျှောက်ထားပြီးရင်
ကိုက်ညီ မညီ သက်ဆိုင်ရာကစိစစ်သွားပါမယ်" ဟု ပြည်တွင်းဘုရားဖူးအသင်းက တာဝန်ရှိသူတစ်ဉီးက ပြောသည်။
ပြည်တွင်းဘုရားဖူးလုပ်ငန်းများ အသိအမှတ်ပြုလက်မှတ် ရယူလျှောက်ထားရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားပြီး အသိအမှတ်ပြုလက်မှတ်ကို ပြည်တွင်းဘုရားဖူးအသင်းဝင်ဖြစ်မှသာ လျှောက်ထား၍ ရမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်းဘုရားဖူးအသင်း၏ ထုတ်ပြန်ချက်အရ ဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပေးသည့် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို မဖြစ်မနေ လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်အခြေစိုက် ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်းများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ဝန်ဆောင်မှု ပေးခြင်း ရှိ /မရှိကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက် မှစတင်ပြီး သက်ဆိုင်ရာဌာနများမှ စိစစ်ကြပ်မတ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#Local_News ##ဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း #အသိအမှတ်ပြုလက်မှတ် #YMG /NN #Yangon-Times
#Local_News
နေပြည်တော်၊ နိုဝင်ဘာ -၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့ အထိ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်လျက်ရှိသည်။
အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပမှု များအနက် မီးပုံးပျံများ လွှတ်တင်ပူဇော်မှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD၊ MRTV Sports၊ MRTV Farmers’၊ MRTV Parliament၊ MWD HD Channel၊ MWD Variety HD Channel ၊ MWD Education ၊ Knowledge & Sports Channel ၊ Channel Light Channel၊ မြန်မာ့အသံရေဒီယိုနှင့် MRTV APP: အပါအဝင် Online တို့မှလည်း နိုဝင်ဘာ ၂၇ ရက် (တန်ဆောင်မုန်းလပြည့်) ည (၇)နာရီအချိန်မှ စတင်ပြီး တိုက်ရိုက် (Live) ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #မီးပုံးပျံလွှတ်တင်ပူဇော်မှု #Yangon_Times
#Local_News
Published 26 November 2023
EPSစနစ်ဖြင့်စေလွတ်သည့်လုပ်သားများတောင်ကိုရီးယားနိုင်ငံ၌ လာမည့် ၂၀၂၄ ခုနှစ်မှစတင်၍စားသောက်ဆိုင်များ၌ အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်ကြောင်းကိုရီးယားနိုင်ငံ Pulse News ၏ဖော်ပြချက် အရသိရသည်။
ကိုရီးယားအစိုးရက E9 လုပ်သားများကို စားသောက်ဆိုင်များအတွက် အလုပ်သမားအင်အား လိုအပ်ချက်အရ ခေါ်ယူခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
'အရင်က စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ဖူးသူတွေနဲ့ ကိုရီးယားမှာကျောင်းသွားတတ်တဲ့ သူတွေပဲခေါ်ယူတာမျိုးပါ၊အခုကလုပ်သားလိုအပ်ချက်ကြောင့် ခေါ်ယူ မယ့်သဘောဖြစ်မှာပါ၊ 'ဟု ကိုရီးယားစာသင်ကြားသည့်ဆရာမတစ်ဦးက ပြောသည်။
အဆိုပါ စားသောက်ဆိုင်လုပ်ငန်းအတွက် လုပ်သားလိုအပ်ချက်အရ E9 လုပ်သား ၃၀၀၀ ကို ကနဉီး ခေါ်ယူမည်ဖြစ်သော်လည်း စားသောက်ဆိုင်ပိုရှင်များ၏ တောင်းဆိုချက်အရ လုပ်သား ၁၀၀၀၀ အထိ တိုးမြှင့်ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံမှ EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ လုပ်သားများ စေလွှတ်ရာတွင် E9 ဗီဇာ အမျိုးအစား ထုတ်ပေးထားပြီး E9 ဗီဇာ ကိုင်ဆောင်ထားသည့်လုပ်သားများသည် ယခင်က ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်သာ အလုပ်လုပ်ခွင့်ရ၍ ပြီးခဲ့သည့်လမှ စတင်ကာ ကိုရီးယားအစိုးရက ကုန်စည်ပို့ဆောင်ခွင့် လုပ်ငန်းများကိုပါ လုပ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၏လုပ်ငန်းခွင် အသီးသီးတွင် လုပ်သားလိုအပ်ချက်မှာနှစ်သိန်းခန့်ရှိနေသဖြင့် ပြည်ပလုပ်သားများကို အားထားနေရကြောင်း သိရသည်။
#Local_News #EP စနစ် #တောင်ကိုရီးယားနိုင်ငံ #YMG/ NN #Yangon-Times
#Local_News
Published 26 November 2023
ပန်းတစ်ပွင့်တောင်သို့သွားရာလမ်း၌ ဘုံကထိန်သွားမော်တော်ယာဉ်တစ်စီး တိမ်းမှောက် မှုယနေ့နေ့လယ်၌ဖြစ်ပွားခဲ့ကြောင်းမြို့မလူမှုကူညီရေးအသင်း(မှော် ဘီ မြို့) မှသိရသည်။
ဖြစ်စဉ်မှာယနေ့ နိုဝင်ဘာ ၂၆ရက်နေ့လည် ၂နာရီခန့်တွင်မှော်ဘီမြို့နယ်၊ဝါးနက်ချောင်းကျေးရွာပန်းတစ်ပွင့်တောင်သို့သွားရာ လမ်း၌ ဘုံကထိန်သွားရောက် ပို့ဆောင်ရာမှ မော်တော်ယာဉ်တစ်စီး တိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
'ထိခိုက်ဒဏ်ရာရသူတွေကို မှော်ဘီဆေးရုံကိုလိုက်ပို့ပေးနေပါတယ် 'ဟုမြို့မလူမှုကူညီရေးအသင်း(မှော် ဘီ မြို့)မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်အပေါ်ပါမိဘပြည်သူ၊ ကလေးလူနာ(၂၅)ဉီး အား ဝါးနက်ချောင်း ဆေးရုံ မှ မှော်ဘီဆေးရုံသို့မြို့မလူမှုကူညီရေးအသင်းလူနာတင်ယာဉ် (၃)စီးဖြင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#Local_News #ပန်းတစ်ပွင့်တောင် #မော်တော်ယာဉ်တစ်စီးတိမ်းမှောက် #YMG/NN #Yangon_Times
၂၆ နိုဝင်ဘာ ၂၀၂၃
#အကြမ်းဖက်သောင်းကျန်းသူများနှင့် အချို့သော EAO အဖွဲ့များမှ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအား ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား တိုက်ခိုက်လျက်ရှိသည့် အခြေအနေများ
#၂၆-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများကို
နစကသတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက် အပြည့်အစုံကိုပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
‘နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံတကာ မီးသတ်သမား၂၈ယောက်တစ်ဦးချင်းမီးသတ်စွမ်းရည်ယှဉ်ပြိုင်ရာမှာ မြန်မာနိုင်ငံမှ မီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်းက တတိယဆုဆွတ်ခူးခဲ့တယ်။ အဖွဲ့လိုက်ပြိုင်ပွဲကို နိုင်ငံ ၁၃ နိုင်ငံမှ မီးသတ်အဖွဲ့(၁၆)ဖွဲ့လာပြိုင်ရာမှာ အသင်းလေးသင်းဖွဲ့ပြီး ယှဉ်ပြိုင်ရာမှာလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ပါဝင်တဲ့ အသင်းက နိုင်ငံကြီးတွေပါတဲ့ အသင်းတွေကိုဖြတ်ကျော်ပြီး ပထမဆုကြီးဆွတ်ခူးခဲ့တယ်’ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ညွှန်ကြားရေးမှူးဦးသိန်းထွန်းဦး
#Local_News
Published_ 26 November 2023
#မြန်မာမီးသတ်တပ်ဖွဲ့ #နိုင်ငံတကာမီးသတ်စွမ်းရည်ပြိုင်ပွဲ
#tthl #Yangon_Times
#Local_News
Published 26 November 2023
လာမည့် ဒီဇင်ဘာလအတွင်းပြုလုပ်မည့်သုတဓမ္မ ဒီပလိုမာစာမေးပွဲများအား ပြည်နယ်နှင့်တိုင်းအသီးသီး၌စာဖြေဌာန ၄၂ခုဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့မှသိရသည်။
အဆိုပါ သုတဓမ္မ ဒီပလိုမာ စာမေးပွဲများအားLevel ၁ စာမေးပွဲကို ဒီဇင်ဘာ ရက်နေ့ နေ့လည် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိ နှင့် Level (၂) Level (၃)စာမေးပွဲများကို ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လည် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
'ဖြေဆိုသူ အထူးများပြားလာတဲ့အတွက် စာဖြေဌာန (၄၂) အထိ တိုးချဲ့ စီစဉ်ထားရှိပါတယ်၊ရန်ကုန်မှာဖြေဆိုခွင့်ကတ်တွေထုတ်ပေးနေပါတယ်၊ရန်ကုန်စာဖြေဌာန တွေမှာ ဖြေဆိုမယ့်သူတွေက ရန်ကုန် (ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟအသင်း) ရုံးခန်းမှာထုတ်ယူနိုင်ပါတယ်၊ စာဖြေဌာန (၂) ဓမ္မဝိဇာလယသုဗောဓာရုံ သန်လျင် စာဖြေဌာနမှ ဖြေဆိုမယ့်သူတွေကတော့ အဲ့ဒီစာဖြေဌာနမှာပဲ စာမေးပွဲဖြေခွင့်ကတ်တွေ ထုတ်ယူရမှာပါ' ဟု စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စာဖြေဌာန များအတွက် သုတဓမ္မ ဒီပလိုမာ Level-1, Level 2, Level-3 စာမေးပွဲများဖြေဆိုရန် စာဖြေခွင့်ကတ်များကို နိုဝင်ဘာ၁၅ရက်မှ၃၀ရက်အတွင်း ထုတ်ပေးလျှက်ရှိပြီး အခြားသော တိုင်းနှင့်ပြည်နယ် စာဖြေဌာနများ အတွက်မူဒီဇင်ဘာ ၂ ရက် မှ ၁၁ ရက်အထိ ထုတ်ယူနိုင်ကြောင်း၊အသက်အရွယ်အားဖြင့် လည်းကောင်း ရပ်ဝေးမှနေသူများအနေ ဖြင့်လည်းကောင်း စာဖြေနေ့၌ စာဖြေခွင့်ကတ် ထုတ်ယူနိုင်ပြီးထုတ်ယူလိုသူများအနေဖြင့် သက်ဆိုင်ရာ စာဖြေဌာန နှင့်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။
အဆိုပါ သုတဓမ္မ ဒီပလိုမာ စာမေးပွဲများအား ပညာဘူမိတက္ကသိုလ်မှ ကြီးမှူးကျင်းပခြင်းဖြစ်ကာ ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာဘိဝံသမှ စာဖြေလိုသူအားလုံးတို့အတွက် တိုင်းနှင့်ပြည်နယ် အနှံ့ စာဖြေဌာန (၄၂) ခု ပြုလုပ်၍ စီစဉ်စေခြင်း၊ သုတဓမ္မဒီပလိုမာ စာမေးပွဲ မေးခွန်းများကို ဆရာတော်ကြီးကိုယ်တိုင် ထုတ်ပေးခြင်း၊ စာဖြေဌာန အသီးသီးရှိ တာဝန်ရှိသူများ၊ သံဃာတော်များ၊ ရုံးအဖွဲ့ သင်တန်းစီစဉ်ကြီးကြပ်ရေး အဖွဲ့နှင့် Volunteer အဖွဲ့များ မှ လိုအပ်မှု မှန်သမျှ စီစဉ်လျက်ရိြှခင်း ၊စာမေးပွဲ အထောက်အကူပြု သင်တန်း ဆရာ ဆရာမကြီးများ စာဖြေသူများကဘက်ကလည်း အားတက်သရော ကြိုးစား နေကြခြင်းတို့သည် သုတဓမ္မဒီပလိုမာ Level (၁) Level (၂) Level (၃) စာမေးပွဲ များ ၏ တူညီစွာ (equally important) အရေးအပါဆုံး စုဖွဲ့ မှု ဖြစ်သည်နှင့်အညီ အားလုံးစိတ်မလျော့ပဲမိမိတို့ အပိုင်းအလိုက် ကြိုးစား လျှက် ရှိကြောင်းသိရသည်။
#Local_News #သုတဓမ္မဒီပလိုမာစာမေးပွဲ #စာဖြေဌာန ၄၂ခုဖြင့်ကျင်းပမည်
#YMG/ NN #Yangon_Times
Page 827 of 2107