#Local_News
Published 1 July 2024
▪️ ပြည်တွင်းဆန်ဈေးကွက်တွင် သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းထက်ပိုမို၍ ဈေးနှုန်းမြှင့်တင် ရောင်းဝယ်နေသူများအား ဖော်ထုတ်အရေးယူထားကြောင်း'နစက'က ယမန်နေ့ညပိုင်းကသတင်းထုတ်ပြန်ထားသည်။
▪️ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အချို့လုပ်ငန်းရှင်များသည် စီးပွားရေးကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းဝယ်လျက် ရှိသောကြောင့် အများပြည်သူမှာ ဆန်ဝယ်ယူစားသုံးရန် အခက်အခဲများဖြစ်ပေါ်ပြီး ကြပ်တည်းမှုများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည့်အတွက် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီးများရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့မှ ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းထက်အမြတ်အစွန်း ပိုမိုရယူကာ ရောင်းချမှုရှိ/မရှိအား လုံခြုံရေး အဖွဲ့အစည်းများက ဖော်ထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ စစ်ဆေးတွေ့ရှိချက်များအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန် သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းအထိ အမြတ်အစွန်းပိုမို ရယူကာရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၇ ဦး၊ သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦး၊ သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိပိုမို၍ အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၇ ဦးရှိကြောင်း စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမို အမြတ်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦးကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ် များအပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံစည်းကြပ်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် အောက်ပါဆန်စပါး လုပ်ငန်းရှင် ၇ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အလားတူ နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီး များရှိ ဈေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီးများတွင် အလေးချိန်အမျိုးမျိုးဖြင့် အသင့်ထုပ်ပိုး ထားသည့်ဆန်အိတ်များ(Consumer Package)ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ပိုမိုအမြတ်တင်ရောင်းချ လျက်ရှိကြောင်း သိရှိရသည့်အတွက် ဈေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီး ၅၃ ဆိုင်၏ ဆန်ရောင်းဝယ်မှုအခြေအနေများအား လုံခြုံရေး အဖွဲ့အစည်းများက ဝင်ရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို ထိန်းသိမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ စစ်ဆေးတွေ့ရှိချက်များအရ အထက်ပါ ဈေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီးများသည် အလေးချိန်အမျိုးမျိုးဖြင့် အသင့်ထုပ်ပိုးထားသည့် ဆန်အိတ်များ (Consumer Package)ကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှလစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းအထိ အမြတ်အစွန်းပိုမိုရယူကာ ရောင်းချလျက် ရှိသည့် စတိုးဆိုင် ၁ ဆိုင်၊ ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချလျက်ရှိသည့် ဈေးဝယ်စင်တာနှင့်စတိုးဆိုင် ၃၀ ဆိုင်၊ ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချလျက်ရှိသည့် ဈေးဝယ်စင်တာ ၂၂ ဆိုင်ရှိကြောင်း၊ ထို့အပြင် ဈေးဝယ်စင်တာနှင့် စတိုးဆိုင်အချို့မှာ ၎င်းတို့၏ ကုမ္ပဏီဝန်ထမ်းစရိတ်၊ အရောင်းမြှင့်တင် ရေးစရိတ်များကိုပါ အကျိုးအမြတ်ရယူရောင်းချသည့်နှုန်းများတွင် မလိုလားအပ်ဘဲ ထည့်သွင်းတွက်ချက် ရောင်းဝယ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရကြောင်း ၊ စစ်ဆေးတွေ့ရှိရသည့်ဆိုင်များအနက် သတ်မှတ်ဈေးနှုန်းထက် ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဈေးဝယ်စင်တာနှင့်စတိုးဆိုင် ၃၀ ဆိုင်ကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့် အခွန်ထပ်မံ စည်းကြပ်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ဈေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိပိုမို၍အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် ဈေးဝယ်စင်တာ ၂၂ ဆိုင်မှ အောက်ပါ တာဝန်ရှိသူ ၄ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုများကြောင့် အခြေခံပြည်သူများမှာ ဆန်ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးရလျက်ရှိသည့်အပြင် နိုင်ငံတော်၏စီးပွားရေး ဈေးကွက်တည်ငြိမ်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့သဖြင့် ၎င်းတို့အား ဥပဒေနှင့် အညီထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ကြောင်း ဖော်ပြပါရှိသည်။
#YMG/ NN #Yangon_Times
#Local_News
Published 1 July 2024
▪️ရန်ကုန်မြို့သင်္ဃကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ဇေယျာသုခလမ်း၌ ယမန်နေ့နေ့လယ်က ဖြိုချလက်စတိုက် ပြိုကျပြီးအမျိုးသားသုံးဦးထိခိုက်ခဲ့ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
▪️ ဖြစ်စဉ်မှာ သင်္ဃကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ဇေယျာသုခလမ်း၌ ယမန်နေ့ နေ့လယ် ၁၂နာရီအချိန်က နှစ်ထပ်တိုက်ဖြိုချနေချိန် ပြိုကျခဲ့၍ အဆောက်အဦးပျက်များကြား လူပိတ်မိခြင််းများဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် MNRO - မေတ္တာညွန့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ မီးသတ်အထောက်အကူပြုယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီးများဖြင့် ကူညီမှုများ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာရလူနာသုံးဦးရှိခဲ့ပြီး ၎င်းတို့အား ပရဟိတအသင်းများမှ စံပြဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_1 July 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များ တိုက်ခိုက်ခံရသောကြောင့် ခရီးသည်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ သံဃာတော်တစ်ပါး၊ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
▪️ ဇွန်လ ၃၀ ရက် နံနက်ပိုင်းက ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးတွင် PDF များက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
▪️ ရန်ကုန်မှထွက်လာသော ရွှေစင်စင်္ကြာ၊ စိန်ဌေးလှိုင်၊ နယူးစွမ်း ၊ FAMOUS ခရီးသည်တင်ယာဉ် ၃ စီး၊ ရွှေမန္တလာနှင့် ရွှေသလ္လာ စုစုပေါင်း ခရီးသည်တင်ယာဉ် ၈ စီးမှာ ဇွန်လ ၃၀ ရက် နံနက် ၈ နာရီခွဲခန့်အချိန်က ချောင်းဦး မြို့နယ်၊ ငါးယှန်ကျေးရွာအနီး ဖြတ်ကျော်စဉ် အထက်ပါအတိုင်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
▪️ အခင်းဖြစ်ပွားရာနေရာသို့ မုံရွာမြို့နှင့် ချောင်းဦးမြို့မှလုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ရာ ငါးယှန်ကျေးရွာ ၏အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ မန္တလေး-မုံရွာ လမ်းမကြီးပေါ်၌ အသင့်စောင့်ဆိုင်းနေရာယူထားသည့် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
▪️ ထိတွေ့မှု ဖြစ်ပွားပြီးနောက် ခရီးသည်တင်ယာဉ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ပတ်ဝန်းကျင်နေရာ တစ်ဝိုက် ကိုနယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များကအမြန်ဆုံးသွားရောက်စစ်ဆေးခဲ့ရာတွင် မပေါက်ကွဲသေးသည့် လက်လုပ် မိုင်းမျိုးစုံ အလုံး ၃၀ သိမ်းဆည်းရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ခရီးသွားပြည် သူများအား ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 01 July 2024
▪️ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားရှိရပ်ကွက်အချို့ထဲရေဝင်နေ၍ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန်လ(၃၀)ရက်တွင် ၀၈ ၀၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူရပ်ကွက်များတွင် ရေများဝင်ရောက်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
▪️ အဆိုပါရေကြီးခြင်း ရေဝင်ရောက်ခြင်းကိုမြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှဖော်ပြထားသည်။
▪️ မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် မြစ်ရေများတိုးပြီးဇူလိုင်လတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ ပဲခူးမြစ်၊ တိုးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ဒုဌဝတီမြစ်၊ လေးမြို့မြစ်၊ ရွှေကျင်မြစ်၊ ဘီးလင်းမြစ်စတဲ့ မြစ်များသည် စိုးရိမ်ရေအမှတ်အထက်ရောက်ရှိလာဖို့ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးဖော်ပြထားသည်။
▪️ ဇူလိုင်လအတွင်းမြစ်ရေများတိုးပြီး စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်တဲ့အတွက် မြစ်နားကမ်းနားနေထိုင်သူများ၊ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း သိရသည်။
#tthl #Yangon_Times
ဈေးကွက်တွက်ခြေကိုက်မှုနည်းပါးတာနဲ့ နယ်မြေမအေးချမ်းတာတွေကြောင့် မိုးပြောင်းစိုက်ဧကကျဆင်းလာတယ်လို့ ပြောင်းစိုက်ပျိုးသူတွေဆီကသိရပါတယ်။
#Local_News
Published 30 June 2024
#မိုးပြောင်းစိုက်ဧက #စိုက်ဧကကျဆင်း
#tthl #Yangon_Times
မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် မြစ်ရေတွေတိုးပြီး ဇူလိုင်လမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်စတဲ့ မြစ်တွေဟာ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိလာဖို့ရှိလို့မြစ်နားကမ်းနားနေထိုင်သူတွေ၊ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့သိရပါတယ်။
#Local_News
Published 30 June 2024
#စိုးရိမ်ရေအမှတ်အထက်ကျော် #မိုးသည်းထန်စွာရွာသွန်း
#tthl #Yangon_Times
၂၉ ဇွန် ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနှင့် ယနေ့ ဇွန်လ ၂၉ရက်နေ့က ဘေဂျင်းမြို့တော်တွင် တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ဖော်ဆောင်ရေးနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုမြှင့်တင်ရန်အတွက် ကြိုးပမ်းမှု အသစ်များ လုပ်ဆောင်သွားမယ်လို့ မစ္စတာဝမ်ယီကပြောကြားခဲ့တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မစ္စတာဝမ်ယီက သမ္မတ(ငြိမ်း)ဦးသိန်းစိန်ကိုဆက်လက်ပြောကြားရာမှာ အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) က တရုတ်နိုင်ငံခေါင်းဆောင်မှ အဆိုပြုသည့် ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်သည် မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ရှေးဦးစွာရရှိခဲ့တာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက် အာရှတိုက်၌ မိတ်ဆက်ခဲ့ပြီး အာရှနိုင်ငံများအကြား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အား တိုက်မြှင့်တင်ပေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံသတ်မှတ်ချက်နှင့် နိုင်ငံတကာ ဥပဒေ အခြေခံမူအဖြစ် တိုးတက်လာပြီး ဒုတိယကမ္ဘာစစ်အလွန်ကာလ နိုင်ငံတကာအစီအစဉ် တည်ဆောက်မှ ုအတွက် အရေးပါအကျိုးထမ်းဆောင်မှု ပေး ကာ အရေးကြီး public goods များ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လည် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုပါတယ်။
ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတိုးတက်မှုကို အလွန်အလေးထားပြီး သမ္မတ ရှီကျင့်ဖျင်က အဆိုပြုသည့် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး အယူအဆကို အလွန်ချီးကျူးကာ ထောက်ခံအားပေးကြောင်းနှင့် တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ဆက်လက် လက်ဆင့်ကမ်း၍ ပြန့်ပွားအောင်လုပ်ဆောင်ပြီး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွကောင်းမွန်စွာတည်ဆောက်သွားလိုတယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သည့် ဆယ်နှစ်တုန်းက မိမိသည် သမ္မတအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၆၀) ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယခုအကြိမ်သည် တရုတ်နိုင်ငံ၏မိတ်ဆွေဟောင်းအနေဖြင့် ဒုတိယအကြိမ် တက်ရောက်ရခြင်းဖြစ်ပြီး အလွန်ဝမ်းမြောက် ဂုဏ်ယူ မိတယ်လို့လည်း ဦးသိန်းစိန်ကဆက်လက်ပြောကြားခဲ့ပါတယ်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် ကာလကြာရှည်စွာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့သည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ကို ယခင်မျိုးဆက်ခေါင်းဆောင်များက ကိုယ်တိုင်ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံက မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရန် အရေးပါသဘောတူညီချက်များ ရရှိခဲ့တာဖြစ်တယ်လို့ ဦးသိန်းစိန်ကပြောဆိုခဲ့ကြောင်း တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
Page 828 of 2481