#Local_News
Published_1 July 2024


▪️ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များ တိုက်ခိုက်ခံရသောကြောင့် ခရီးသည်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ သံဃာတော်တစ်ပါး၊ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

 

▪️ ဇွန်လ ၃၀ ရက် နံနက်ပိုင်းက ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးတွင် PDF များက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

 

▪️ ရန်ကုန်မှထွက်လာသော ရွှေစင်စင်္ကြာ၊ စိန်ဌေးလှိုင်၊ နယူးစွမ်း ၊ FAMOUS ခရီးသည်တင်ယာဉ် ၃ စီး၊ ရွှေမန္တလာနှင့် ရွှေသလ္လာ စုစုပေါင်း ခရီးသည်တင်ယာဉ် ၈ စီးမှာ ဇွန်လ ၃၀ ရက် နံနက် ၈ နာရီခွဲခန့်အချိန်က ချောင်းဦး မြို့နယ်၊ ငါးယှန်ကျေးရွာအနီး ဖြတ်ကျော်စဉ် အထက်ပါအတိုင်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ အခင်းဖြစ်ပွားရာနေရာသို့ မုံရွာမြို့နှင့် ချောင်းဦးမြို့မှလုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ရာ ငါးယှန်ကျေးရွာ ၏အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ မန္တလေး-မုံရွာ လမ်းမကြီးပေါ်၌ အသင့်စောင့်ဆိုင်းနေရာယူထားသည့် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

 

▪️ ထိတွေ့မှု ဖြစ်ပွားပြီးနောက် ခရီးသည်တင်ယာဉ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ပတ်ဝန်းကျင်နေရာ တစ်ဝိုက် ကိုနယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များကအမြန်ဆုံးသွားရောက်စစ်ဆေးခဲ့ရာတွင် မပေါက်ကွဲသေးသည့် လက်လုပ် မိုင်းမျိုးစုံ အလုံး ၃၀ သိမ်းဆည်းရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ခရီးသွားပြည် သူများအား ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#Yangon_Times/PP