#Local_News
Published 1 July 2024


▪️ရန်ကုန်မြို့သင်္ဃကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ဇေယျာသုခလမ်း၌ ယမန်နေ့နေ့လယ်က  ဖြိုချလက်စတိုက် ပြိုကျပြီးအမျိုးသားသုံးဦးထိခိုက်ခဲ့ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။

 

▪️ ဖြစ်စဉ်မှာ သင်္ဃကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ဇေယျာသုခလမ်း၌ ယမန်နေ့ နေ့လယ် ၁၂နာရီအချိန်က နှစ်ထပ်တိုက်ဖြိုချနေချိန် ပြိုကျခဲ့၍ အဆောက်အဦးပျက်များကြား လူပိတ်မိခြင််းများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ ထို့ကြောင့် MNRO - မေတ္တာညွန့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ  မီးသတ်အထောက်အကူပြုယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီးများဖြင့် ကူညီမှုများ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာရလူနာသုံးဦးရှိခဲ့ပြီး ၎င်းတို့အား ပရဟိတအသင်းများမှ  စံပြဆေးရုံကြီးသို့  ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times