Published-21-8-2023
ယနေ့ ဩဂုတ်လ (၂၁ )နံနက်ပိုင်းက မာန်အောင်ကျွန်း၏ တောင်ဘက် ပင်ဘယ်ပြင်အတွင်း အာကာသယာဉ်မှ စွန့်ပစ်ပစ္စည်းများ ကျရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဒေသခံများထံကသိရသည်။
အဆိုပါ အာကာသယာဉ် အစိတ်အပိုင်းများသည် တရုတ်နိုင်ငံမှ လွင့်တင်ထားသော အာကာသယာဉ်မှ မလိုအပ်သောပစ္စည်းအစိတ်အပိုင်းများအား စွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယနေ့ ဩဂုတ်လ (၂၁ )ရက်နေ့ နံနက်အစောပိုင်း (၁၂) နာရီ (၂၇) မိနစ်အချိန်တွင် ဂွမြို့နယ်၏ အနောက်ဘက် (၆၆) ကီလိုမီတာ၊ မာန်အောင်ကျွန်း၏ တောင်ဘက် (၁၀၄) ကီလိုမီတာ ဝန်းကျင်ပင်လယ် ပြင်၌ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအစိတ်အပိုင်းများ ကျရောက်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။
Yangon Times/my
#Local_News
#မာန်အောင်ကျွန်း #တောင်ဘက်ပင်ဘယ်ပြင် #အာကာသယာဉ်မှ စွန့်ပစ်ပစ္စည်းမျာ
#YMG #Yangon_Times
လာမယ့် ဩဂုတ် ၂၂ ရက် အင်္ဂါနေ့မှာ အနောက်အုပ်စုကစောင့်ကြည့်နေတဲ့ BRICS ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံမှာ ကျင်းပတော့မှာဖြစ်ပါတယ်။
BRICS အစည်းအဝေးက ဘာတွေထူးထူးခြားခြားဖြစ်လာမလဲ။
ဒေါ်လာကြီးစိုးမင်းမူမှုလျှော့ချရေးနှင့် BRICS ငွေကြေးက ဘယ်လောက်အထိ တိုးတက်လာမလဲ။
BRICS အင်အား ဘယ်လောက်ကြီးထွားလာမလဲ။
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ MISIS ရဲ့တွဲဖက်အတွင်းရေးမှူး နိုင်ငံရေးလေ့လာသူ ဦးခင်မောင်ဇော်က သူ့အမြင်ကိုပြောပြထားပါတယ်။
‘ဟိုတယ်တွေ၊ အခမ်းအနားတွေ၊ ရုံးတွေမှာ ပန်းအလှဆင်ပေးတဲ့လုပ်ငန်းနဲ့ ပြည်တွင်းပြည်ပမှာ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေဖို့ ပန်းအလှဆင်နည်း သင်တန်းတွေ ပြန်ဖွင့်သွားဖို့ရှိပါတယ်’
Published_ 20 August 2023
#ပန်းအလှဆင်သင်တန်း #အလုပ်အကိုင်အခွင့်အလမ်း
#tthl #Yangon_Times
#Local_News
Published-20-82023
မြန်မာနိုင်ငံရှိ အကျဉ်းထောင်/အချုပ် ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိရာမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ဘင်္ဂါလီလူမျိုး (၅၅၁) ဦးအား နေရပ်အသီးသီးသို့ ပြန် လည်ပို့ဆောင်ပေးခဲ့ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပြန်ကြားရေးဌာန ထံမှသိရသည်။
ယခု ဩဂုတ်လ ဒုတိယအပတ်အတွင်းအဆိုပါ ဘင်္ဂါလီလူမျိုး (၅၅၁)ဦးမှာ အမြန်ရေယာဉ် သုံးစီးဖြင့် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အသီးသီးရောက်ရှိလာကြသည်ဟုဆိုသည်။
ယင်းသို့ ပြန်လည်လွတ်မြောက်လာသူများမှာ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ ဘင်္ဂါလီလူမျိုး (၄၄၀) ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၁၁) ဦး၊ စုစုပေါင်း ၅၅၁ ဦးတို့ဖြစ်သည်။
ယင်းအနက် မောင်တောမြို့နယ်မှ အမျိုးသား (၂၆၄) ဦး၊ အမျိုးသမီး (၉၇) ဦး၊ ပေါင်း (၃၆၁) ဦးကို တာဝန်ရှိသူများက မော်တော်ယာဉ် (၈) စီးဖြင့် မောင်တောမြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အလားတူ ဘူးသီးတောင်မြို့နယ်မှ အမျိုးသား (၇၀) ဦး၊ အမျိုးသမီး (၉)ဦး၊ ပေါင်း (၇၉) ဦးအား ၎င်းတို့နေရပ်ဖြစ်သည့် ကျေးရွာများသို့ မပို့ဆောင်မီကာလအတွင်း ဘူးသီးတောင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ အာရ်ဗီစာသင်ကျောင်း၌ ခေတ္တစောင့်ရှောက်ထားရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား (၁၀၈) ဦး၊ အမျိုးသမီး (၃) ဦး၊ ပေါင်း (၁၁၁) ဦးအား နှစ်နိုင်ငံလွှဲပြောင်းလက်ခံရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့မလွှဲပြောင်းမီကာလအတွင်း ဘူးသီးတောင်အကျဉ်းထောင်၌ ခေတ္တယာယီစောင့်ရှောက်ထားကြောင်း သိရှိရသည်။
နစကအနေဖြင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း ဩဂုတ်လ (၁) ရက်နေ့တွင် ၎င်းတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
#YMG/my #Local_News #ဘင်္ဂါလီလူမျိုး (၅၅၁) ဦး #နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်
#Yangon_Times
#Local_News
Published-20-8-2023
ယနေ့ မွန်းလွဲပိုင်းတွင် စတင် ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံရှစ် (MLWC-8)ပြိုင်ပွဲ ရုံဝင်ကြေးကို အမြင့်ဆုံး ကျပ်တစ်သိန်း သတ်မှတ်ထားရှိကြောင်း ပွဲစီစဉ်သူများထံက စုံစမ်းသိရှိရသည်။
သို့သော် ရုံအတွင်းဝင်ဆံ့သည့်လူဦးရေ ၏ တစ်ဝက်ခန့်ကိုသာ ကြည့်ရှုခွင့်ပြုမည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါပွဲတွင် ရုံဝင်ကြေးကို ကျပ်တစ်သိန်း၊ ကျပ်ငါးသောင်း၊ ကျပ်နဖျစ်သောင်းနှင့် ကျပ်တစ်သောင်း အသီးသီးသတ်မှတ်ထားသည်ဟု ဆိုသည်။
MLWC-8 ပြိုင်ပွဲ၌ ပထမခေါင်တွဲဆိုင်းအဖြစ်(၈၀) ကီလိုတန်း၌ မကျေပွဲပြန် လည်စိန်ခေါ်ထိုးသတ်မည့် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ (၅)ချီ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။
ဒုခေါင်တွဲဆိုင်းအဖြစ် (၇၅) ကီလိုတန်းတွင် ထွန်းမင်းအောင်နှင့် ဂျပန်ဖိုက်တာ တိုခဲရှီတို့ (၅)ချီ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး၊ တတိယခေါင်တွဲဆိုင်းအဖြစ် (၇၁) ကီလိုတန်းတွင် ကျော်စွာဝင်းနှင့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ အဗတ်တာတို့ (၅)ချီယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
အခြားတွဲဆိုင်းများအဖြစ် စိန်လုံးချောနှင့် မိုးထက်အောင်တို့ (၅) ချီစိန်ခေါ် ပွဲ၊ ဟံသာဝတီနှင့် စီတိုးတို့ (၄) ချီစိန်ခေါ်ပွဲ၊ တိုင်းကျော်နှင့် ဝူသောဒို တို့ (၄) ချီစိန်ခေါ် ပွဲများ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
#YMG/my #Local_News #မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံရှစ် # အမြင့်ဆုံးကျပ်တစ်သိန်း သတ်မှတ် #Yangon_Times
#LocaL_News
Published 20-8-2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် (၆၀/၁)နှင့်(၆၀/၂)ကြားတွင် ယနေ့ ဩဂုတ်လ (၂၀)ရက် နံနက် (၆) နာရီ (၅၈ )မိနစ် အချိန်ခန့်၌ ယာဉ်တစ်စီး လမ်းလယ်ကျွန်းသစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီး သွားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မှာ PARTNER အမျိုးအစား အဖြူရောင်ယာဥ်ဖြစ်ပြီး၊ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ သစ်ပင်အား ဝင်တိုက်မိခြင်းဖြစ်သည်ဟု အမြန်လမ်းကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး၊ အမျိုးသမီး(၇)ဦး စုစုပေါင်း(၈)ဦးအနက် အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြ ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို 192 သူနာတင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ထံမှသိရသည်။
#YMG/my #LocaL_News #ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး #လမ်းလယ်ကျွန်းသစ်ပင်အား ဝင်တိုက်မှုဖြစ် #Yangon_Times
#Local_News
Published-20-8-2023
မြန်မာ့သဘာဝရှု့ခင်းနှင့် မြန်မာ့ထွက်ကုန်ပစ္စည်းများအကြောင်းအား (၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည် ပြပွဲတွင်မိတ်ဆက်ပြလျက်ရှိကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည် နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ ကျင်းပလျက်ရှိသော (၇)ကြိမ်မြောက်တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာ နိုင်ငံအနေဖြင့် ပြခန်းဖွင့်လှစ်ပြသနေခြင်းဖြစ်သည်။
အဆိုပါပြပွဲကို ဩဂုတ်လ (၁၆)ရက်နေ့မှ ယနေ့ ဩဂုတ်လ (၂၀)ရက်နေ့အထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။
ပြပွဲတွင် ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျောဖြေခဲ့ကြပြီး၊ ပြခန်းဆောင် အတွင်း ပြသထားသည့် မြန်မာ့ခရီးသွားနေရာများကို စိတ်ဝင်တစား လာရောက်ကြည့်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။
ပြခန်းတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တရုတ်လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး မြန်မာနှင့်တရုတ် လုပ်ငန်းရှင်များအကြား ကုန်ပစ္စည်းများ တင်ပို့ တင်သွင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ကြသည်ဟု သိရသည်။
ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေသည့် မြန်မာလုပ်ငန်းရှင်များကလည်း ကူမင်းမြို့ရှိ China South Asia Southeast Asia Cross Border e-commerce Industry Center သို့ သွားရောက် လေ့လာခဲ့ကြသည်။
အဆိုပါ Center သည် တောင် အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကုန်စည်များ ကို Live Sale ရောင်းချပေးနေသော နေရာဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များက မိမိတို့၏ ထုတ်ကုန်ပစ္စည်း နမူနာများကို ပါဝင်ပြသကြသည်။
Center တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းများကို Live Sale ရောင်းချနိုင်သည့် Broadcast Room တစ်ခုကိုလည်း ဖွင့်လှစ်ထားသည်ကို လေ့လာခဲ့ကြကြောင်း သိရသည်။
#Local_News #မြန်မာ့သဘာဝရှု့ခင်းနှင့် မြန်မာ့ထွက်ကုန်ပစ္စည်း
#YMG/my#Yangon_Times
Page 811 of 1915