#Local_Sport
Published 05 December 2023
ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။
လူငယ်အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၄)ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်က လူငယ်အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
အသက်(၂၀)အရွယ်သာရှိသေးပေမယ့် ဘယ်လင်ဟမ်ဟာ (၂၀၂၃) ခုနှစ်အတွင်း ခြေစွမ်းပြ နိုင်ခဲ့သလို ရီးရဲလ်မက် ဒရစ်အသင်းမှာလည်း အဓိကကစားသမားတစ်ယောက်အဖြစ် အခုဘောလုံးရာသီမှာ ခြေစွမ်းပြ ကစားနေပါတယ်။
ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ဒေါ့မွန်အသင်းကနေ ပေါင်(၁၁၅) သန်းနဲ့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ရောက်လာခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါ (၁၃)ပွဲ ကစားပြီးချိန်မှာ (၁၁)ဂိုးသွင်းယူကာ (၂)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ဘယ်လင်ဟမ် ဦးဆောင်တဲ့ ရီးရဲလ် မက်ဒရစ် အသင်းဟာ အခုဘောလုံးရာသီ လာလီဂါ(၁၅)ပွဲကစားပြီးချိန်မှာ (၁၂)ပွဲနိုင်၊ (၂)ပွဲ သရေ၊ (၁)ပွဲရှုးရလဒ်နဲ့ အမှတ်ပေးဇယားရဲ့အဆင့်(၁)နေရာမှာ ရပ်တည်နေပါတယ်။
#Local_Sport #ဘယ်လင်ဟမ် #Yangon_Times #YMG_News #Yangon_Media_Group
"မီးလောင်ကျွမ်းမှု (၁၂၇၁)ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၇၅ ဦးသေဆုံးကာ ကျပ်သန်းပေါင်း ၂သောင်း ကိုးထောင်ကျော်ဆုံးရှုးခဲ့တယ်။ နှစ်စဉ် ပူပြင်းခြောက်သွေ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ မီးလောင်ကျွမ်းမှုတွေ ပိုမိုဖြစ်ပွားနိုင်တဲ့အတွက် မီးသတိပြုဖို့လိုအပ်တယ်" မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အဖွဲ့ချုပ်မှညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး
#Local_News
Published 05 December 2023
#မီးသတိပြုရန်လို #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#tthl #Yangon_Times
အခုနှစ်ဖရဲ၊ သခွှားမွှေးရာသီချိန်အစမှာတရုတ်တင်ပို့တဲ့ လမ်းကြောင်းအခက်အခဲတွေရှိနေတဲ့အတွက် ဖရဲ၊သခွှားမွှေးစိုက်ပျိုးမှု လျော့ကျနေတယ်လို ဖရဲ၊ သခွှားမွှေးစိုက်ပျိုးတင်ပို့ရောင်းချသူတွေထံက သိရပါတယ်။
#Local_News
Published 05 December 2023
#သခွှားမွှေးစိုက်ပျိုးမှုလျော့ကျ #တရုတ်တင်ပို့
#YMG/NN #Yangon_Times
#Local_News
Published 05 December 2023
မန္တလေးတိုင်းဒသကြီး အမရပူရမြို့နယ်၌စိတ်ကျန်းမာရေးဝေဒနာခံစားနေရသည့် အသက် ၂၀ အရွယ်အမျိုးသမီးငယ်တစ်ဦး ရေတွင်းထဲခုန်ချသေဆုံးမှု ယနေ့မနက်၌ဖြစ်ပွားခဲကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၅ ရက်)နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဝါးတန်းမြောက်ရပ်(ဒေသအခေါ်)တွင် နေထိုင်သည့် စိတ်ကျန်းမာရေးဝေဒနာခံစားနေရသော အသက် ၂၀ အရွယ်အမျိုးသမီးငယ်တစ်ဦးသည် လမ်းလျှောက်ထွက်ရင်း ရပ်ကွက်အတွင်းရှိ ရေတွင်းထဲခုန်ချသွားခဲ့ကြောင်း သိရသည်။
'ကျွန်တော်တို့ဆီကို ရပ်ကွက်နေပြည်သူတစ်ဦးက ဖုန်းဆက်အကြောင်းကြား အကူအညီတောင်းခံလာတာပါ၊ ဒါ ကြောင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ သွားရောက်ကူညီပေးခဲ့ပါတယ်၊ ဆယ်တင်ပေးခဲ့ချိန် မှာတော့ အသက်မရှိတော့ပါဘူး၊'ဟုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ရုပ်အလောင်းအား မေတ္တာမြင့်မိုရ်အသင်း လူနာတင်ယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Local_News #စိတ်ဝေဒနာရှင် #ရေတွင်းထဲခုန်ချသေဆုံးမှုဖြစ် #YMG/NN #Yangon_Times
#Local_News
Published 05 December 2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသတွင်သုံးကြိမ်မြောက် ချယ်ရီပန်းပွဲတော် ကျင်းပမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ချယ်ရီပန်းပွဲတော်ကို ၂၀၂၂ ခုနှစ်တွင် စတင်ကျင်းပလာခဲ့ရာ ယခုအကြိမ်မှာ ၃ ကြိမ်မြောက်ဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ငါးရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
'ချယ်ရီပန်းပွင့်ချိန် စုံတဲ့အနေအထားပေါ်မူတည်ပြီးပွဲတော်ကျင်းပမှာပါ။ လတ်တလောတော့ပန်းစုံတာက ဇန်နဝါရီလဆန်းဆိုတော့ အဲ့ဒီအချိန် ပဲလုပ်မယ်လျာထားပါတယ်' ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှတာဝန်ရှိသူတစ်ဦး ကပြောသည်။
အဆိုပါဒေသတွင် ချယ်ရီပန်းပွင့်သည့်ကာလများ၌ ပန်းများနှင့်အတူဓာတ်ပုံလာရောက်ရိုက်ခြင်းများရှိသည့် အပြင် အချို့သူများမှာမူ ပန်းခိုင်များအားခူးယူ ခြင်းများရှိခဲ့သည့်အတွက် အသိပညာပေးခြင်းများပြုလုပ်ရန်ရည်ရွယ်၍ပန်းပွဲတော် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် ချယ်ရီပင်များကိုပြုပြင် ထိန်းသိမ်းစိုက်ပျိုးခြင်းများကို ဆောင်ရွက်ပေးနေကြောင်း၊ ယင်းပွဲတော်တွင် ရှမ်း၊ အခါ၊ လားဟူ၊ အပါအဝင် အခြားသော တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကများကိုပါ တင်ဆက်ဖျော်ဖြေသွားမည့်အပြင် အမှတ်တရရိုးရာ ပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ ရောင်းချခြင်း၊ ဒေသထွက်ကုန်ပစ္စည်းများကိုပါ ရောင်းချသည့်ဆိုင်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #လွိုင်မွေဒေသ #ချယ်ရီပန်းပွဲတော်ကျင်းပ #YMG/ NN #Yangon_Times
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ တောင်ကိုရီယားနိုင်ငံကို ရာသီချိန်လုပ်သားစေလွှတ်လိုပါက အလုပ်သမား၀န်ကြီးဌာနကို လာရောက်လျှောက်ထားနိုင်တယ်လို့ အလုပ်သမား ၀န်ကြီးဌာနထံက သိရပါတယ်။
#Local_News
Published 05 December 2023
#တောင်ကိုရီးယား #ရာသီချိန်လုပ်သားစေလွှတ်
#YMG/LW #Yangon_Times
#Local_News
Published 05 December 2023
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် FIFA-MFF U17 League 2023 ပြိုင်ပွဲကိုယခုလအတွင်း ကျင်းပသွားမည်ဖြစ်ရာအသင်း(၁၀)သင်းဖြင့် ကျင်းပရန်လျာထားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှသိရသည်။
လူငယ်မျိုးဆက်သစ် ကစားသမားများထွက်ပေါ်လာရေးနှင့်မြန်မာ့လက်ရွေးစင် လူငယ်အသင်းများအား ထောက်ပံ့မှု ဖြစ်စေရန် ရည်ရွယ်၍ယခုလ ၂၀၂၃ ဒီဇင်ဘာလ နောက်ဆုံးအပတ်အတွင်း ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ ယူ ၁၇ လိဂ်ပြိုင်ပွဲအား အသင်း(၁၀)သင်းဖြင့် ကျင်းပရန်လျာထားပြီး ပြိုင်ပွဲဝင် ကစားသမားများအား ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း ဖွားမြင်သူများကိုသာ ပါဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊အသင်းတစ်သင်းတွင် အုပ်ချုပ်မှု အဖွဲ့ဝင်အနည်းဆုံး(၆)ဦး မှ အများဆုံး (၁၅)ဦး၊ ကစားသမား အနည်းဆုံး (၂၃)ဦးမှ အများဆုံး (၃၀)ဦး မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး ပထမ အကျော့၊ ဒုတိယ အကျော့ ပွဲစဉ်များအား ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
FIFA-MFF U17 League 2023 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသော အသင်းများ အနေဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ လာရောက်ဆက်သွယ်နိုင်ပြီး
FIFA နှင့် MFF တို့ပူးပေါင်း၍ မြန်မာ ယူ၁၅ လိဂ်ကိုလည်း ယခုနှစ် ဇွန်လ ၂၄ ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မန္တလေးမြို့(အထက်မြန်မာပြည်ဇုန်)နှင့် ရန်ကုန်မြို့ (အောက်မြန်မာပြည်ဇုန်)တို့တွင် ကျင်းပခဲ့ကာ ပြိုင်ပွဲဝင် အသင်းပေါင်း ၂၁ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
#Local_News #FIFA #MFF #မြန်မာယူ၁၇လိဂ်ပြိုင်ပွဲ #YMG/ NN #Yangon_Times
Page 810 of 2108