#Local_News
Published 8 December 2023
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မြို့ရှောင်လမ်းတွင် စက်သုံးဆီသယ်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာ ၈ ရက် နံနက် ၈နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်/ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂စီး ရေသယ်ယာဉ် ၄စီး စဉ့်ကိုင်မြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁စီး ၊တံတားဦးမြို့နယ်မှ ရေသယ်ယာဉ် ၁စီးတို့ဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၉နာရီခွဲ အချိန်တွင်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ယာဉ်တစ်စီးလုံး ပျက်စီးဆုံးရှုံးခဲ့ကာ မီးလောင်သည့် အကြောင်းရာကို သက်ဆိုင်ရာက စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #ကျောက်ဆည်မြို့ #စက်သုံးဆီသယ်ယာဉ်တစ်စီးမီးလောင်မှု #YMG/LW #Yangon_Times
၇ ဒီဇင်ဘာ ၂၀၂၃
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်း
ကောလာဟလ သတင်းတု၊ သတင်းမှားများ အချိန်ကိုက် လှုံ့ဆော်ဝါဒဖြန့်နေမှုများ
၇-၁၂-၂၀၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား မှုအခြေအနေများ
အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှင့်အမျိုးသားရေးရည်မှန်းချက်များအပေါ် ရပ်တည်ဆောင်ရွက်နေမှုများ
နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါတယ်။
Ymg/knl
#Daily_News
Published 07 December 2023
၁။ စက်သုံးဆီအခက်အခဲရှိသော်လည်း ရန်ကုန်-ခရမ်းတက်စီယာဉ်လိုင်းကြိုးစားပြေးဆွဲပေးနေဟုဆို
၂။ တညင်းကုန်း ဈေးရှိ ကိုယ်တိုင်စိုက်ပျိုးရောင်းချသူများ ကို အဓိက ထားပြီး MSMEချေးငွေ ထုတ်ပေးနိုင်ရန် MAEX နှင့်A bank တို့ MOU လက်မှတ် ရေးထိုး
၃။ ဈေးကွက်ဝင် ကြက်မဲများ တစ်နိုင်တစ်ပိုင်မွေးမြူရန် အော်ဒါမှာယူမှုများလာ
၄။ နိုင်ငံတကာရွှေဈေးမြင့်တက်ခြင်းကြောင့် တောင်ကိုရီးယားတွင်ရွှေနှင့်ငွေထည်များစံချိန်တင်ရောင်းဝယ်မှုမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 07 December 2023
ငါးရက်တာအတွင်း မြိတ်ကုန်သွယ်ရေးစခန်း မှ ကန်ဒေါ်လာတစ်သန်းကျော်ဖြင့်ကုန်သွယ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
ထိုသို့ကုန်သွယ်မှုပြုရာတွင် မြိတ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ(၂၉)ရက်နေ့မှဒီဇင်ဘာလ(၃)ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သားတစ်တန်လျှင် (၁၈၀၇)ဒေါ်လာနှုန်းဖြင့်(၁၈)တန်၊ တန်ဖိုး(ဝ.၀၃၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ် ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် မြိတ်ကုန်သွယ်ရေးစခန်းမှနိုဝင်ဘာလ (၂၉)ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှုဒီဇယ်ဆီတစ်တန်လျှင်(၈၇၀) ဒေါ်လာနှုန်းဖြင့်(၉၀၀) တန် ၊ တန်ဖိုး (ဝ.၇၈၃)ဒေါ်လာသန်း၊ ဓါတ်ဆီတစ်တန်လျှင်(၉၅၃)ဒေါ်လာနှုန်းဖြင့်(၂၄၀)တန် ၊ တန်ဖိုး (ဝ.၂၂၉) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး(၁.၀၁၂)ဒေါ်လာသန်း တင်သွင်းခဲ့ကြောင်းသိရသည်။
မြိတ်ဒေသ တွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၆) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ မြိတ်ကုန်သွယ်ရေးစခန်းမှ တဆင့်ထိုင်းနိုင်ငံသို့ ပို့ကုန်များပို့ရာတွင်လည်း မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ် သိန်း)ရှိကြောင်း သိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်း ကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 7 December 20023
ထိုင်းနိုင်ငံ၊ ပသမ်သနီပြည်နယ်၌ မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် ကွန်တိန်နာထရပ်ကားနှင့် တိုက်မိပြီး တိမ်းမှောက်ခဲ့သောကြောင့် မြန်မာအလုပ်သမား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရှိ သတင်းဌာနများ၏ဖော်ပြချက်အရသိရသည်။
အဆိုပါ တိမ်းမှောက်ခဲ့သည့် ကုန်တင်ကားသည် မြန်မာနိုင်ငံသား အလုပ်သမား၂၀ဦး ကို ပသမ်သနီမြို့ရှိ စင်တာတစ်ခုမှ ၄တို့နေထိုင်ရာ နေရာသို့ပို့ဆောင်ခဲ့ရာ ယင်းကုန်တင်ကားသည် ဒီဇင်ဘာလ ၇ ရက် နံနက် ၆ နာရီလခန့်က ထိန်းချုပ်မှု ပြတ်တောက်၍ကွန်တိန်နာတင်ထရပ်ကားကို ဝင်တိုက်မိပြီး လူ အများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းအလုပ်သမားများ၏ ကြီးကြပ်ရေးမှူးတစ်ယောက်၏ ပြောကြားချက်အရသိရသည်။
ထို့ပြင် ယင်းကွန်တိန်နာကုန်တင်ယာဉ်သည် ခွန်တိုဆိပ်ကမ်းမှ အယုဒ္ဓယပြည်နယ် ဝမ်နွိုင် သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နေခြင်းဖြစ်ကာ မြန်မာအလုပ်သမားတွေကို သယ်ဆောင်လာသည့် ကုန်တင်ယာဉ်မှ နောက်မှ လာတိုက်ပြီး တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း၊ အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို စစ်ဆေးကာ တာဝန်ရှိသူများမှ သက်သေအထောက်အထားများအား မှတ်တမ်းတင်ခဲ့သည့်အပြင် အခင်းဖြစ်ပွားရာနေရာက မော်တော်ယာဉ်တွေကို ဖယ်ရှားဖို့အတွက် ကရိန်းယာဉ်ကို အသုံးပြုခဲ့ရကြောင်း၊ဒဏ်ရာရ မြန်မာအမျိုးသား၊ အမျိုးသမီးများကို ဆေးရုံအမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရသည်။
Yangon-Times/NN
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 7 December 2023
ကရင်ပြည်နယ် ဘားအံ မြို့နယ် ဖားပုကျေးရွာ ရှိ ဘုရားလေးဘေး ငါးကန်တွင် ရေဆင်းချိုးသည့် အမျိုသား တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကူဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)ထံ က သိရသည်။
ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီ ခန့် က ရေဆင်းချိုးရင်း ရေနစ် မြုပ်ခဲ့တာကြောင့် လူမူကယ်ဆယ်ရေး အဖွဲ့များ က ရှာဖွေ ကယ်ဆယ်ခဲ့ရာ ည ၉နာရီ ခန့် တွင် အဆိုပါ အမျိုးသား၏ ရုပ်အလောင်း ကို တွေ့ရှိ ခဲ့ ကြောင်း သိရသည်။
'' အမျိုးသား က အသက် ၄၀ လောက်ရှိပြီ ညနေ ၆ နာရီ လောက်မှာ ရေချိုး ဆင်းသွားတာကနေ နစ်မြုပ်သွားတယ်လို့ ကျွှန်တော်အဖွဲ့ ကို အကြောင်းကြားလို့ ၈နာရီ ခွဲ မှာ ဖြစ်စဉ် နေရာ ကို ရောက်တယ်၊၈နာရီ ၅၅ မှာ စပြီး ရှာတယ် ၉နာရီ ခွဲ လောက် မှာတော့ အမျိုးသားရဲ့ ရုပ်အလောင်း ကို ကန်အတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်''ဟု မြန်မာနိုင်ငံ လူမှုကူဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)ရေငုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
ဒီဇင်ဘာ ၅ရက် တွင်လည်း ရှမ်းပြည်နယ် ကျိုင်းတုံ မြို့နယ် လွိုင်မွေ အတတ်လမ်းရှိ ငါးကန်အဟောင်း တွင် လည်း အမျိုးသား တစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့သေးကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
Yangon-Times/LW
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ဒီဇင်ဘာ ၇၊၂၀၂၃
လတ်တလောတွင် တရုတ်-မြန်မာပူးပေါင်း၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဆက်သွယ်ရေးလိမ်လည်မှုများတိုက်ဖျက်ရေးနှင့် ပိတ်မိနေသူများအားကယ်ဆယ်ရာတွင် ကောင်းမွန်သည့်ရလဒ်များ ရရှိခဲ့ပြီး ရာဇဝတ်အဖွဲ့အစည်းများကို ထိရောက်စွာ ဟန့်တားလိုက်နိုင်ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးလုံခြုံမှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများကို နှစ်ဖက်ပူးပေါင်း၍အမြတ်ပြတ်ချေမှုန်းရမည်ဟုတရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ Mr. Wang Yi ကပြောသည်။
Video:CCTV+
Page 805 of 2109