#LocaL_News
Published 10 December 2023
စက်သုံးဆီတစ်လပျမ်းမျှ မက်ထရစ်တန်၅သန်းဝန်းကျင် တင်သွင်းဖြန့်ဖြူး ပေးနေပြီး ယခုလအတွင်းလည်း ပြည်ပမှ ဆီတင် သင်္ဘော (၂၇) စီးထပ်မံတင်သွင်းရန် Suppliers များနှင့် ညှိနှိုင်းထားကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။
ပြည်တွင်း၌ စက်သုံးဆီ လက်ကျန် ပြတ်လပ်နေပြီဖြစ်ပြီး ဝယ်ယူရန် ခက်ခဲမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ၄က ရှင်းလင်းချက်ထုတ်ပြန်စဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းသုံးစွဲမှုပမာဏ၏၉၀ရာခိုင်နှုန်းကျော်မှာ စင်ကာပူနိုင်ငံမှ အဓိကအားဖြင့် အချိန်နှင့် တစ်ပြေးညီဝယ်ယူတင်သွင်းသိုလှောင်ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
'လက်ရှိအခြေ အနေမှာ တစ်လပျမ်းမျှ မက်ထရစ်တန် ၅ဒသမဝသန်းဝန်းကျင် တင်သွင်းဖြန့်ဖြူး ပေးနေပါတယ်။ လစဉ်ပြည်တွင်းမှာ ဖူလုံစွာသုံးစွဲနိုင်ဖို့လိုအပ်တဲ့ စက်သုံးဆီ အမျိုးအစားအလိုက် ပမာဏကိုတွက်ချက်ပြီး အဲဒီပမာဏအတိုင်း သင်္ဘောတွေကို ခန့်မှန်းရောက်ရှိလာမယ့်အချိန်၊ ဆိုက်ကပ်ရမယ့် Jetty တွေရဲ့ အခြေအနေ၊ Terminal တွေရဲ့ သိုလှောင်နိုင်မှုပမာဏ၊ ဘောက်ဆာတွေ ဝင်/ထွက်ထုတ်ယူဖြန့်ဖြူး ပေးနိုင်မှု အခြေအနေတို့နဲ့ ကိုက်ညှိပြီး ပြည်ပနိုင်ငံက ဆီတင်ယာဉ်သင်္ဘောတွေအတွက် Shipment Plan ကိုရေးဆွဲတင်သွင်းနေတာဖြစ်ပါတယ်။ ဒီအပြင် ရာသီအလိုက်၊ ပွဲတော်တွေအလိုက်၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အလိုက်လိုအပ်ချက်တွေကိုလည်း ထည့်သွင်း သုံးသပ်ရေးဆွဲပြီးတင်သွင်းနေတာဖြစ်ပါတယ်'ဟု ၄င်းကဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ၈ရက်အထိသီလဝါသိုလှောင်ကန်စခန်းများ၊အခြားဒေသက သိုလှောင်ကန်စခန်းများ၌စက်သုံးဆီလက်ကျန်အခြေအနေဖြင့် ပြည်တွင်းးလမ်းခရီး သယ်ယူပို့ဆောင်နေမှုများ အပါအဝင် သီလဝါဒေသ Jetty များတွင် ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘော ၆ စီး၊ ပင်လယ်ဝ Pilot Station များတွင် ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘော ၉ စီး၊ စင်္ကာပူနိုင်ငံမှ ဆီတင်ပြီးထွက်လာသည့် ဆီတင်သင်္ဘော ၁ စီး၊ စုစုပေါင်း ၁၆ စီးရှိသည့်အတွက် ပြည်တွင်းသုံးစွဲမှုပမာဏအရ အများပြည်သူတွေအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်ကြောင်း သိရသည်။
'ဒီအပြင် နောက်ထပ်ဒီဇင်ဘာလအတွင်းမှာပဲ ပြည်ပက ဆီတင်သင်္ဘော ၂၇စီးနဲ့ ထပ်မံတင်သွင်းဖို့ Supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီး လည်းဖြစ်ပါတယ်။'ဟုစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။
ထို့အပြင် စက်သုံးဆီအဓိကဖြန့်ဖြူးပေးနေသည့် သီလဝါဆိပ်ကမ်းမှ သိုလှောင်ကန်စခန်း ၈ ခု၌ တစ်နေ့လျှင် ဘောက်ဆာအစီးရေ ၁၅၀၀မှ ၁၈၀၀ကြား ဝင်ထွက်ပြီးလုပ်ငန်းများဆောင်ရွက်နေသည့် အတွက် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာန များဖြင့် ပူးပေါင်းပြီးဖြေရှင်းဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိကြောင်းသိရသည်။
#LocaL_News #တင်သွင်းဖြန့်ဖြူး #ဆီတင်သင်္ဘော(၂၇) စီးထပ်မံတင်သွင်း #YMG/NN #Yangon-Times
#LocaL_News
Published 10 December 2023
ထိုင်းနိုင်ငံ နခေါစီထမ်မရတ်ခရိုင် ဘန်င်ခန်မြို့ လမ်နောင်ဝ်ကျေးရွာ အုပ်စု ၈ နယ်မြေရှိ ကားလမ်းပေါ်တွင် ဘန်ကောက်-ရနောင်းပြေးဆွဲနေသည့် အဝေးပြေးဘတ်စ်ကားပေါ်တွင် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာသည့်မြန်မာအလုပ်သမား များ အဖမ်းခံရကြောင်းထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။
နယ်မြေစစ်ဆေးရေးဂိတ်မှ လုံခြုံရေး အဖွဲ့က အဆိုပါ ဘတ်စ်ကားကို စစ်ဆေးမှု ပြုလုပ်ရာ မှကားမောင်းသူအခန်းတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၅ ဦး ခရီးသည်ထိုင်ခုံတွင် ၂ဦး စုစုပေါင်း ၇ ဦး ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
ထို့အတူ စုခ်စာမ်ရာစစ်ဆေးရေးဂိတ်တွင် ပစ်ကပ်ကားတစီးတွေ့ရှိသဖြင့် စစ်ဆေးကြည့်ရာ ကားထဲတွင် တရားမဝင်မြန်မာအလုပ်သမား ၆ ဦးတို့ကိုတွေ့ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများကိုခေါ်ဆောင်ပေးလာသည့် ကားသမာဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ယင်း ကားသမား၏အမည် အချက်အလက်တို့ကို တာဝန်ရှိသူများကစစ်ဆေးတွေ့ရှိကြောင်းသိရသည်။
ဖမ်းဆီးမိသူများ အားလုံးကို သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေလျင်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။
#LocaL_News # အဝေးပြေးဘတ်စ်ကားပေါ် #မြန်မာအလုပ်သမားများ အဖမ်းခံရ #YMG/NN #Yangon_Times
"ပန်းပွဲတော်မှာ ထိုင်းနိုင်ငံကပန်းမျိုးစိတ် အမျိုး၄၀၊ အပင်အရေ အတွက်အားဖြင့် ၂ သိန်းနဲ့ မြန်မာပန်းမျိုးရင်း ပန်းပြကွက်တစ်ခုလည်း ထည့်သွင်းပြသသွားမှာဖြစ်တယ်" ထူးကုမ္ပဏီဥယျာဉ်ဌာန၊ Deputy Managing Director ကိုဝေမျိုးအောင်
#Local_News
Published 10 December 2023
#ပြင်ဦးလွင်ပန်းပွဲတော် #မြန်မာပန်းမျိုးရင်း
#tthl #Yangon_Times
၉ ဒီဇင်ဘာ ၂၀၂၃
#ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှုမရှိစေဖို့ ဘယ်လို ဝယ်ယူတင်သွင်းနေပါသလဲ
#တစ်နိုင်ငံလုံးသုံးစွဲမှုအခြေအနေအရ စက်သုံးဆီဖူလုံမှုရှိအောင် ဘယ်လိုတွေဆောင်ရွက်နေသလဲ
#စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုသတင်းစကားပါးလိုသလဲ
အထက်ပါအချက်များနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
အတွင်းရေးမှူး ဦးသန်းဇော်က ယခုလိုဖြေကြားထားပါတယ်။
-ymg/knl
၉ ဒီဇင်ဘာ ၂၀၂၃
#တိုင်းဒေသကြီး၊ပြည်နယ်အချို့တွင် စက်သုံးဆီများ တန်းစီဝယ်ယူနေရတာ ဘာကြောင့်လဲ။
#လက်ရှိစက်သုံးဆီဈေးနှုန်းနှင့် ပြည်တွင်းပြည်ပ စက်သုံးဆီဈေးနှုန်းအခြေအနေတွေဘယ်လိုရှိပါသလဲ။
#ယခုလက်ရှိအခြေအနေမှာ စက်သုံးဆီတွေကို ဘယ်လိုဖြန့်ဖြူးပေးနေပါသလဲ။
အထက်ပါအချက်များနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
အတွင်းရေးမှူး ဦးသန်းဇော်က ယခုလိုဖြေကြားထားပါတယ်။
-ymg/knl
၉ ဒီဇင်ဘာ ၂၀၂၃
မဟာဗျူဟာအမြင်၊နည်းဗျူဟာအမြင်နှင့်ပတ်သက်ပြီးမြန်မာနိုင်ငံ၏လက်ရှိ၊အတိတ်နှင့်နောင်ဖြစ်လာနိုင်သည့် အခြေအနေများ
ကောလာဟလ သတင်းတု၊ သတင်းမှားများထုတ်လွှင့်၍ ပြည်သူလူထုအား အကြောက်တရား ဖြင့် ခြိမ်းခြောက်နေမှုများ
၉-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့၊ လောက်ကိုင်မြို့ ၊ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
အကြမ်းဖက်သောင်းကျန်း သူများက အများပြည်သူများအသုံးပြုလျက်ရှိသည့် လမ်းများ၊ တံတားများနှင့် လျှပ်စစ်တာဝါ တိုင်များ ဖောက်ခွဲ ဖျက်ဆီးမှုများ
တို့နှင့်ပတ်သက်၍နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#Daily_News
Published 09 December 2023
၁။ မြန်မာ့ကျောက်စိမ်းထည်များကို ဂျပန်၊ တရုတ်နှင့်ဟောင်ကောင်သို့စတင် တင်ပို့နေ
၂။ စက်သုံးဆီဝယ်ယူရခက်သဖြင့် လူမှုကူညီရေး အသင်းများ အခက်တွေ့နေဟုဆို
၃။ အွန်လိုင်းထရိတ်ဒင်းနှုန်းထားကြောင့် ရန်ကုန်ရွှေရည်ညွှန်းဈေးနှုန်း ကျပ်၃၅သိန်းကျော်အထိ ခုန်တက်
၄။ တရုတ်နိုင်ငံ၏ အာကာသဥယျာဥ်ဒုတိယမျိုးဆက်မစ်ရှင်တွင် ဟင်းသီးဟင်းရွက်များအောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 801 of 2109