၁၆ စက်တင်ဘာ ၂၀၂၄

အိန္ဒိယအစိုးရက တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ရေကြီးရေလျှံမှုများဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံအတွက်  အရေးပေါ်အကူအညီ (၁၀)တန်ကို ပေးပို့လှူဒါန်းသွားမယ်လို့ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အိန္ဒိယနိုင်ငံက ရိက္ခာခြောက်၊ အဝတ်အထည်တွေ နှင့် ဆေးဝါးများအပါအဝင် တန်ချိန်၁၀ တန်ရှိတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံသို့ ပေးအပ်သွားမှာဖြစ်ပါတယ်။

အဲဒီအကူအညီတွေသယ်ဆောင်လာတဲ့ အိန္ဒိယစစ်ရေယာဉ် INS Satpura ဟာ အိန္ဒိယနိုင်ငံမှ ယနေ့ထွက်ခွာသွားပြီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ စေတနာ စစ်ဆင်ရေး လို့အမည်ရတဲ့  Operation Sadbhav  နှင့် အိန္ဒိယက မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်နှင့် လာအိုတို့ကိုပါ ကူညီဖို့ဆောင်ရွက်နေပါတယ်။

အိန္ဒိယလေတပ်ဟာ ဗီယက်နမ်သို့ အကူအညီတန်ချိန် ၃၅တန်နှင့် လာအိုသို့ အကူအညီ၁၀တန် ကို မြန်မာနိုင်ငံနှင့်တစ်ပြိုင်နက် ပေးပို့ကူညီသွားမှာဖြစ်ကြောင်းသိရပါတယ်။

#knl/ymg