#Local_News
Published 16 September 2024

▪️ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလင်ဗန်းစက်မှုဇုန်၌ ယနေ့မနက်ပိုင်း၌  မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ စက်တင်ဘာ၁၆ ရက်နေ့၊ မနက်၄ နာရီ၄၃မိနစ်အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်းမြို့နယ်)၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း အကွက်အမှတ်(၅၄) တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၅မိနစ်အချိန် level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၅နာရီ  ၂၇မိနစ်အချိန်၌  မီးထိန်းနိုင်ခဲ့ပြီ ၅နာရီ ၃၉မိနစ်အချိန်တွင်  မီးငြိမ်းခဲ့‌ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times