#Local_News
Published 16 September 2024


▪️ လယ်ဝေးနှင့်တပ်ကုန်းမြို့များရှိ ရေဝင်ရောက်ရာမှ တင်ကျန်ခဲ့သော နုန်းမြေများအား သက်ဆိုင်ဂာအဖွဲ့အစည်းများ ပူးပေါင်းရှင်းလင်းနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ စက်တင်ဘာ ၁၆ ရက်နေ့၊  မနက်၉ နာရီအချိန်ခန့်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာ၊ အလက(ပေါက်မြိုင်)စာသင်ကျောင်းအတွင်း ရေဝင်ရောက်ခဲ့သဖြင့် တင်ကျန်ခဲ့သော နုန်းမြေများအား သာဝတ္ထိနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

▪️ ထို့အတူ  နေပြည်တော်၊ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊  သဒ္ဓါဓိကဘိုးဘွားရိပ်သာအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် တင်ကျန်ခဲ့သော နုန်းမြေများအား ဥတ္တရခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times