#Local_News
Published 12 September 2024


▪️ ငါးလတာကာလအတွင်း ကန်ဒေါ်လာ(၁ဒသမ၁၁၉)သန်း တန်ဖိုးရှိ ပျားရည်တန်ချိန် ၇၄၅တန် ကျော်တင်ပို့ထားကြောင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပျားလုပ်ငန်းဌာန ပျားမွေးမြူမှု့ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှုး ဦးမျိုးတင့်ထံမှ သိရသည်။

 

▪️ ၂၀၂၄-၂၅ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လငါးလတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှပြည်ပသို့ပျားရည်တင်ပို့မှု့မှရာတွင် မက်ထရစ်တန်(၇၄၅ဒသမ၉၂)တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ(၁ဒသမ၁၁၉) သန်းရရှိထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

▪️ ထိုသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည်မက်ထရစ်တန် (၆၉၈ဒသမ၁၂)တန်တင်ပို့ပြီးနယ်စပ်ကုန်သွယ်ရေးမှ(၄၇ဒသမ၈၀)တန် တင်ပို့ခဲ့ရာ စုစုပေါင်း ပြည်ပသို့ပျားရည်တင်ပို့မှု့ (၇၄၅ဒသမ၉၂)တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ(၁ဒသမ၁၁၉)သန်းရရှိသည်ဟု သိရသည်။

 

▪️ နိုင်ငံအလိုက်တင်ပို့ရာ၌ ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန်(၅၁၆ဒသမ၁၂)တန်ဖြင့် အများဆုံးတင်ပို့ပြီး အမေရိကန်ဒေါ်လာ(၇၇၄၁၈၀)ရရှိခဲ့ပြီး ကိုရီးယားနိုင်ငံသို့ ပျားရည်မက်ထရစ်တန်(ဝဒသမ၅၀)တန်တင်ပို့ခဲ့ပြီး အမေရိကနိဒေါ်လာ(၇၅၀)ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ပျားရည် မက်ထရစ်တန်(မက်ထရစ်တန်(၁၈၁ဒသမ၅၀)တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ
(၂၇၂၂၅၀)ရရှိခဲ့ပြီး တရုတ်နိုင်ငံသို့ ပျားရည်မက်ထရစ်တန်(၄၅ဒသမ၇၉၇)တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ( ၆၈၆၉၆)ရရှိခဲ့ကြောင်း ထိုင်ဝမ်သို့ပျားရည်မက်ထရစ်တန်(၂ဒသမ၀၁၂)တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ(၃၀၀၃)ရရှိခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times