Published 7 December 2023
မလေးရှားနိုင်ငံ ပီနန်း မြို့ရှိ ထိန်းသိမ်းရေး စခန်း တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၁ဦး ကို မြန်မာ နိုင်ငံ သို့ ပြန်လည် ပို့ဆောင်နိုင်ရေး ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများမှာ အကြောင်းအမျိုးမျိုးကြောင့် မလေးရှား အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရပြီးနောက် မိခင်နိုင်ငံသို့ ပြန်ရန်အတွက် စောင့်နေရသူတွေ ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး မှ သံအမတ်သည် စီလန်ဂေ ပြည်နယ်ရှိ Sungai Buloh
အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား ၃ဦးကိုလည်းကောင်းperak ပြည်နယ် Taiping အကျဉ်းထောင် မှ အကျဉ်းသားတစ်ဦးတို့ကို သွားရောက် တွေ့ဆုံခဲ့ပြီး အမှု အယူခံ၀င်နိုင်မှု အခြေအနေနှင့်လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်သူများကို စီမံချက်ဖြင့် ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်လျက်ရှိပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများလဲမကြာခဏ အဖမ်းခံရခြင်းများရှိကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားများထံက သိရသည်။
Yangon_Time/LW
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 07 December 2023
အမျိုးသားနေ့ပိတ်ရက်တွင် စားအုန်းဆီကန်(၈)ခုအနက် (၇)ခုပိတ်ပြီး တစ်ခုသာဖွင့်ထားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
သီလဝါဆီကန် Wilmar Myanmar Edible Oil Co.ltdဆီကန်သာဖွင့်ထားမည်ပြီး ကျန် MNG1 /MNG2/ Htoo ဆီကန်/Htooဆီကန် KIP /HTT ထီးတန်းဆီကန်/MEC ဆီကန်အဖြူ YTT/Diamond Dragon DDဆီကန်တို့ကိုတော့ ဒီဇင်ဘာလ(၇)ရက် အမျိုးသားနေ့တွင်ပိတ်ထားမည်ဖြစ်သည်ဟုဆိုသည်။
အမျိုးသားနေ့ဒီဇင်ဘာ၇ရက်မတိုင်မီ ဒီဇင်ဘာလ၆ရက်တွင် ဒီဇင်ဘာ(၆)ရက်အတွက်ရော (၇)ရက်အတွက်ပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၆)ခုကို စားအုန်းဆီ ပေပါ ၅၇၄၉ပေပါထုတ်ပေးထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
အမျိုးသားနေ့ဒီဇင်ဘာ၇ရက်မတိုင်မီ ဒီဇင်ဘာလ ၆ရက်၌ နေပြည်တော်၊မန္တလေးအပါအဝင်ပြည်နယ်နှင့်တိုင်းဒေသကြီးကို ၅၅၃၀ပေပါကို ရည်ညွှန်း ဈေးဖြင့် ရောင်းချထားပေးကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
Yangon_Time/tthl
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၇ ဒီဇင်ဘာ ၂၀၂၃
နစကသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၇)ရက်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ် ၁၄၇ ဦးတို့ကို ဂုဏ်ထူဆောင်ဘွဲ့နှင့်ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဆိုပါ အမိန့်ကြော်ငြာစာအရ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများမှာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ (သူရဘွဲ့) (၄)ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် (၃၅)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များ၊ ရဲသူရတံဆိပ် (၅)ဦး၊ ရဲဗလတံဆိပ် (၁၀၃)ဦး၊ စုစုပေါင်း (၁၄၇)ဦးတို့ ဖြစ်ကြပါတယ်။
-ymg/knl
၆ ဒီဇင်ဘာ ၂၀၂၃
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ဗီနေး မိုဟန် ကွာထရာတို့ နယ်စပ်ဒေသလုံခြုံရေးအခြေအနေများနှင့်စီမံခန့်ခွဲရေးများကို ဒီဇင်ဘာ ၆ရက်က နယူးဒေလီတွင် ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယ-မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနများရဲ့ အကြိမ်(၂၀)မြောက် ဆွေးနွေးညှိနှိုင်းပွဲကို ဒီဇင်ဘာ ၆ ရက်က နယူးဒေလီမှာ ကျင်းပခဲ့ရာတွင် ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် အိန္ဒိယနို်ငံခြားရေးအတွင်းဝန် ဗီနေးကွာထရာတို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးကိစ္စများကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
နှစ်နိုင်ငံသည် လုံခြုံရေးအခြေအနေနှင့် နယ်စပ်စီမံခန့်ခွဲရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးတို့အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍစုံကို သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆောင်ရွက်နေမှုများကိုထောက်ခံကြောင်း ထပ် လောင်းပြောကြားခဲ့တယ်လို့ အိန္ဒိယမီဒီယာများက သတင်းရေးသားပါတယ်။ ယင်းအပြင် မြန်မာပြည်သူများ၏ အကျိုးစီးပွား အတွက် နှစ်နိုင်ငံဆက်သွယ်သည့် စီမံကိန်း များ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အောက်က စီမံကိန်းများနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို ထောက်ခံအားပေးတယ်လို့လည်း အိန္ဒိယနိုင်ငံက ဆက်လက်အတည်ပြုပြောဆိုခဲ့ ကြောင်းသိရှိရပါတယ်။
-ymg/knl
၆ ဒီဇင်ဘာ ၂၀၂၃
ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကဖြေလျော့ပေးလိုက်ပါတယ်။
၂၀၂၃ခုနှစ် ဒီဇင်ဘာ(၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၃ တွင် အဆိုပါဖြေလျော့ ပေးလိုက်ကြောင်း ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။
“ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်” လို့ အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း (၁၃-၇- ၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၃) ဖြင့် သတ်မှတ်ခဲ့ရာမှ ယခုလို၃၅ ရာခိုင်နှုန်းသို့ ဖြေလျော့ပေးလိုက်ခြင်းဖြစ်ပါတယ်။
အဆိုပါအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီးလိုက်နာခြင်းမရှိပါက နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမယ်လို့လည်း အမိန့်မှာဖော်ပြထားပါတယ်။
-ymg/knl
၆ ဒီဇင်ဘာ ၂၀၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ဒေသကိစ္စများပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တရားမဝင်နေထိုင်သူများအား တရုတ် နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု
၆-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်
နှင့်ပတ်သက်၍နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်းပြောကြားခဲ့ပါတယ်။
ထိုပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
#Daily_News
Published 06 December 2023
၁။ တရုတ်မှအိမ်သုံး gas များ ၀ယ်ယူနိုင်တဲ့အတွက် မူဆယ်တွင် အိမ်သုံး gas ဈေးနှုန်းများ ထက်ဝက်ခန့်ပြန်ကျ
၂။ ပူတာအိုတွင်ရေခဲနေပြီးလှပနေသည့်အတွက် ခရီးသွားလိုသူများ၊ လေယာဉ်အခက်အခဲကြောင့် အပြည့်အဝမလာရောက်နိုင်သေး
၃။ ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအေးနေသောကြောင့် သိန်းထောင်ချီလျော့ဈေးဖြင့်ရောင်းချနေ
၄။ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဘရာဇီးလ်မိုးသစ်တောများတွင် တောမီးလောင်ခြင်းနှင့်ရေကြီးမှုများ ပိုမိုကြုံတွေ့လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 807 of 2109