#Local_News
Published_ 19 August 2023
အာဆီယံကော်မတီဝါရှင်တန် (ACW) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့် အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဝါရှင်တန်မြို့အခြေစိုက် အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Mr. Keo Chhea ဦးဆောင်၍ အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးလွှဲပြောင်းသည့် အခမ်းအနားကို ဩဂုတ် ၁၆ ရက်က ကမ္ဘောဒီးယားသံရုံး၌ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဆိုပါအခမ်းအနားသို့ ဝါရှင်တန်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီး များ၊ သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း ပါဝင် တက်ရောက်ခဲ့ပါတယ်။
ကမ္ဘောဒီးယားသံအမတ်ကြီးက အာဆီယံကော်မတီဝါရှင်တန် (ACW) အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ် ပြောကြားခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. Keo Chhea က အာဆီယံ ကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌရာထူးအား အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mr. Rosan Perkasa Roeslani ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #အာဆီယံကော်မတီဝါရှင်တန် # မြန်မာသံရုံးယာယီတာဝန်ခံ
#Yangon_Media_Group
၁၈ ဩဂုတ် ၂၀၂၃
ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့်သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည့် “ဘာမှ မမျှော် လင့်ပါနဲ့ (Don’t expect anything!)” အမည်ရှိ ဇာတ်လမ်းကိုဦးဆောင်ဖန်တီးခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသား (၁)ဦးနှင့် သရုပ်ဆောင်(၁၃)ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်ကြတဲ့ Isi Dhamma Youtube Channel နှင့် Tiktok တို့တွင် အဆိုပါ ဇာတ်လမ်းစတင်ပျံ့နှံ့ခဲ့တဲ့အတွက် ဝေဖန်မှုများစွာရှိခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ထိုဇာတ်လမ်းတွင်ပါဝင်ခဲ့သူတွေကို သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂုတ်လ ၈ ရက်တွင် ဇာတ်ညွှန်း၊ ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer နှင့် သရုပ်ဆောင်များဖြစ်သည့် ဆန်းဝင်း(ခ) ဦးဇာနိန္ဒ၊ယွန်းအိခင်(ခ)ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ)ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ)ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ဉာဏ်လင်းဖြိုး(ခ)ဘရိုင်ယန် စသည့် တရားခံ ၁၄ ဦးတို့အား ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer သည် “ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything!)”ဇာတ်လမ်းအား ၎င်းကိုယ်တိုင် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ၏ သိက္ခာ၊ ကိုယ်ကျင့်တရားများအား ထိခိုက်ကျဆင်းစေသည့် စကားလုံးအသုံးအနှုန်း များဖြင့်ဇာတ်ညွှန်းရေးသား၍ ကိုယ်တိုင် ရိုက်ကူးတည်းဖြတ်ကာ ဇူလိုင်လ ၂၄ ရက်တွင် isi Dhamma Youtube Channel မှတစ်ဆင့် လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်သူများ၏ သရုပ်ဆောင်ချက်၊ ပြောကြားချက်၊ စကားလုံးအသုံးအနှုန်းများသည် ဒါရိုက်တာဖြစ်သူ Didier Nusbaumer ကိုယ်တိုင်ရေးသားထား သောဇာတ်ညွှန်းများ အတိုင်း ပြောဆိုခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ယင်း ဇာတ်လမ်းတွင် အမျိုးသမီးငယ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိခိုက်ညှိုးနွမ်းစေပြီး ရဟန်း သံဃာတော်များ၏ အကျင့်သီလအားပုတ်ခတ်စော်ကားသော အပြောအဆိုနှင့် ရိုင်းပျသည့် စကားလုံး အသုံး အနှုန်းများထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ဇာတ်လမ်း၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်သရုပ်ဆောင်ခဲ့သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်များဖြစ်ပါ လျက် ကိုယ်အမူအယာ၊ နှုတ်အမူအယာဖြင့်ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားများကို ထိခိုက် ကျဆင်းစေသည်အထိ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူဆောင်ရွက်ခဲ့ကြသည့်အပြင် ဇာတ်လမ်းကိုကြည့်မြင်ရသည့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးကိုထိခိုက်စေပြီး ကိုးကွယ်ယုံကြည်မှုနှင့်ဘာသာ၊ သာသနာကို စော်ကားသည့် အပြုအမူ များသက်ရောက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါဖမ်းဆီးရမိ တရားခံများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။
-ymg/knl
#Daily_News
Published_ 18 August 2023
၁။ လာမည့်နှစ် ပဲရစ်အိုလံပစ်ပွဲအတွက် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားနေဟုဆို
၂။ မြန်မာ - ကမ္ဘောဒီးယားနှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဒေဝနှင့် Prom Somnang တို့ ယှဉ်ပြိုင် ထိုးသတ်မည်
၃။ ဒေသအချို့ မိုးသည်းထန်ဦးမည်ဖြစ်၍ မြစ်ရေကြီးပြီးသားဒေသများ အချိန်မရွေးမြစ်ရေပြန်တက်လာနိုင်ဟု သတိပေး
၄။ အိန္ဒိယစံပယ်ဖူးများကို ကမ္ဘာကျော်ရေမွှေးများထုတ်လုပ်ရေးအတွက် အသုံးပြုလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ဩဂုတ်လ (၁၈)ရက် ကနေ (၂၀) ရက်နေ့အထိ သုံးရက်ကြာဖွင့်လှစ်ပြသမည်
Published_ 18 August 2023
#EVကား #ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာပြပွဲ
#YMG/my
#Yangon_Times
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့မွန်၊ကရင်၊ တနင်္သာရီဒေသတွေ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီစတဲ့ မြစ်၀ကျွန်းပေါ်ဒေသတွေမှာ အခုရက်ပိုင်းအတွင်း မိုးပြန်သည်းထန်ဦးမှာ ဖြစ်ပါတယ်။
Published_ 18 August 2023
#ဒေသအချို့တွင်မိုးထပ်သည်း #မြစ်ရေကြီးနိုင်
#tthl #Yangon_Times
သူ့ရဲ့နောက်ဆုံးပွဲလည်းဖြစ်ပြီး၊ မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်နိုင်မယ်လို့မျှော့်လင့်
Published_ 18 August 2023
#မြန်မာ - ကမ္ဘောဒီးယား #Prom Somnang
#YMG/my
#Yangon_Times
နိုင်ငံတကာပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ပြီး သတ်မှတ်အဆင့်ရရှိရန် ကြိုးစားနေ
Published_ 18 August 2023
#သက်ထားသူဇာ #နိုင်ငံတကာပြိုင်ပွဲ #ပဲရစ်အိုလံပစ်ပွဲ
#YMG/my
#Yangon_Times
Page 814 of 1915