ဖွဲနုဆီ တစ်နှစ်လျှင် တန်ချိန်(၁၅၃၀၀)ထုတ်လုပ်နိုင်မည့် စက်ရုံဆောက်နေ
အခုစတင် အကောင်အထည်ဖော် ဆောင်ရွက်မယ့် ဖွဲနုဆီကြမ်း၊ ဆီချောနဲ့စားသုံးဆီထုတ်လုပ်ရေးစက်ရုံဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဖွဲနုဆီဆီကြမ်းနှင့် ဆီချော(Refinery) ပါဝင်တဲ့စက်ရုံဖြစ်ပြီး တစ်နှစ်လျှင် ဆီကြမ်း တန်ချိန်(၉၀၀၀)၊ ဆီချောတန်ချိန်(၆၃၀၀)ခန့် စုစု ပေါင်းဖွဲနုဆီ တန်ချိန် (၁၅၃၀၀)ကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရဲ့ အိုအေစစ်လို့ တင်စားခေါ်ဝေါ်တဲ့ ပုပ္ပါးတောင်မကြီးပေါ် သန့်ရှင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စိတ်ပါဝင်စားသူတွေ စုပေါင်းပြီး အမှိုက်ကောက်ကမ်ပိန်းတစ်ခုကိုဖေဖေါ်ဝါရီ ၁၈ရက်တွင် ပြုလုပ်မယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားပြီး ပါဝင်ဖို့ ဆက်သွယ်လာသူတွေက သတ်မှတ်ထားတဲ့ ဦးရေထက် ပိုများပါတယ်။
Yangon Times/LW
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကို ထိန်းညှိဆောင်ရွက်နိုင်ဖို့ ၂၀၂၃_၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ဖေဖော်ဝါရီ၊မတ်နဲ့ ဧပြီလတွေမှာ တစ်လကို တန်ချိန်တစ်သိန်းခွဲနဲ့ ပျှမ်းမျှစုစုပေါင်းတန်ချိန် လေးသိန်းခွဲအထိ တင်ပို့သွားဖို့ လျာထားတယ် ဆန်ကွဲ၊ ပေါင်းဆန်နဲ့ တန်းမြင့်ဆန် (၅ မှတ်ဆန်) တွေကိုသာ ဦးစားပေး တင်ပို့သွားမယ်၊ ' မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) '
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မော်တင်စွန်းဘုရားပွဲတော်မတ်လတွင်ကျင်းပမည်၊EVဖြင့်ပါလာရောက်ကြ
"မော်တင်စွန်းဘုရားကို တစ်နှစ်ပတ်လုံးဖွင့်ထားတာဖြစ်ပြီး လမ်းသစ်တည်ဆောက်ထားတဲ့အတွက်လည်း သွားလာရေးတွေ လွယ်ကူအဆင်ပြေနေသလို လျှပ်စစ်မီးလည်းရလို့ ဟိုတယ်၊ တည်းခိုခန်းနဲ့ EVကားတွေအတွက်လည်း အဆင်ပြေတယ်။ ဘုရားပွဲက တပေါင်းလဆန်း(၁)ရက်နေ့ကနေစတင်ကျင်းပမယ်" ပပဝတီResortမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 9 February 2024
နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှသိရသည်။
အဆိုပါပြပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် EV ဆိုင်ရာ လျှပ်စစ်ယာဉ်များ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူစားသုံးနိုင်မည်ဖြစ်ကာ ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်သည့်အတွက် မည်သူမဆို နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ လွတ်လပ်စွာ လာရောက်လေ့လာ ဝယ်ယူစားသုံးနိုင်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 9 February 2024
တရုတ်နိုင်ငံရွှေလီမြို့နှင့် မြန်မာနိုင်ငံမူဆယ်မြို့မှ တရုတ်-မြန်မာမိသားစုများသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တရုတ်-မြန်မာ ယဉ်ကျေးမှုကူးလူးဖလှယ်မှုအခမ်းအနားတစ်ခုကို အတူတကွ ကျင်းပခဲ့ကြကြောင်းသိရသည်။
ရွှေလီမြို့မှမိတ်ဆွေများက နယ်စပ်ဂိတ်ကိုကျော်ဖြတ်ပြီး မြန်မာ ကျောင်းသားကျောင်းသူများကို ချစ်ကြည်မှုဖြင့် နွေးထွေးသည့် နှစ်သစ်ကူးလက်ဆောင်များပေးခဲ့သည်ဟုဆိုသည်။
မြန်မာနိုင်ငံ၊မူဆယ်မှမိတ်ဆွေများကလည်း ရွှေလီမြို့ ရှင်းအန်းရပ်ကွက်ကို လာရောက်ခဲ့ပြီး နှစ်နိုင်ငံနယ်စပ်နေပြည်သူများသည် အတူတကွ ဖက်ထုပ်ထုပ်ရင်း နှစ်သစ်ကိုကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 9 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန်အိမ်ရာရှေ့တွင် ကားနှစ်စီးတို-က်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး ကားခေါင်းခန်းထဲ ည-ပ်နေသဖြင့် ကယ်ထုတ်ခဲ့ရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၈)ရက်၊ ညနေ (၅)နာရီအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန်ရှေ့တွင် ကားနှစ်စီး တို-က်မိမှုဖြစ်ပွားရာ ကားခေါင်းခန်းထဲ ည-ပ်နေသည့် အမျိုးသား တစ်ဦးကိုာင်း သတင်းအရ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီ ကူညီထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူနာ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦးတို့အား ပုလဲအရန်မီးသတ် လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာ၊ မေဓါဝီဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 696 of 2117