Published 8 February 2024
နိုင်ငံခြားငွေဈေးကွက်သို့ ကန် ဒေါ်လာ ၈ သန်း ယနေ့ ထပ်မံထုတ်ရောင်းလိုက်ပြီးယခုနှစ် တစ်လကျော်ကာလအတွင်း ဒေါ်လာ ၉၉ သန်းနီးပါးအထိ ရောင်းချပေးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသိရသည်။
သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဗဟိုဘက်က ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေတို့ကိုထုတ်ရောင်းပေးနေခြင်းဖြစ်ကာ ဇန်နဝါရီ ၁ ရက်တွင်ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၁ သန်းနှင့် ယနေ့ တွင် ဒေါ်လာ ၈ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်လကျော်အတွင်း ကိုးကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၉၈ ဒသမ ၉၃ သန်း ထုတ်ရောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့အတူ ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ထိုင်းဘတ် သန်း ၂၀၀ နှင့် ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းဘတ် သန်း ၅၀ နှင့် ယနေ့တွင် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်း၍ တစ်လတွင်း စုစုပေါင်း ထိုင်းဘတ်သန်း ၅၀၀ ထုတ်ရောင်းပေးခဲ့သလို ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးထားကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 8 February 2024
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးလမ်း ဆုံအနီး အမှတ်(၃) ရပ်ကွက် မင်းလမ်းနှင့် ရန်ကုန်- မန္တလေးလမ်းဟောင်းဘေးရှိ ဌေးဌေးမြတ် ရေခဲမုန့်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ဖေဖော်ဝါရီ ၈ ရက်(ယနေ့) နံနက် ၆ နာရီ ၂၀ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
အခင်းဖြစ်နေရာသို့ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်သည့်အကြောင်းအရာနှင့်ပျက်စီးဆုံးရှုံးမှု များကို သက်ဆိုင်ရာ က စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 7 February 2024
၁။ တရုတ်နှစ်ကူးနားနီးသော်လည်း ဝယ်လိုအားလျော့ကျ၍ ဖရဲစိုက်တောင်သူများတွက်ခြေကိုက်မှုနည်းပါးနေ
၂။ ဂိုးသမားအောင်ကျော်ကျော်ကို ရန်ကုန်ယူနိုက်တက်လူငယ်အသင်းအတွက် ဂိုးနည်းပြအဖြစ်ပြန်လည်ခေါ်ယူ
၃။ ဝူရှူးအားကစားနည်း စိတ်ဝင်စားသူများအတွက် နွေရာသီသင်တန်းအခမဲ့သင်ကြားပေးမည်
၄။ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ကာကွယ်ရေးပြပွဲအား ဆော်ဒီအာရေဗျမြို့တော်တွင် စတင်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မတ်ပဲတစ်တန် ၃၆ သိန်းကျော်အထိ မြင့်တက်လာ 'အိန္ဒိယကုန်သည်တွေဈေးကစားနေတာနဲ့ ပြည်တွင်းကမတ်ပဲကုန်သည်တွေ အတက်ဈေးစောင့်ပြီး အရောင်းအဝယ်လုပ်နေတာကြောင့် မြန်မာ့မတ်ပဲဈေးနှုန်းတွေ မြင့်တက်လာတာပါ၊ အိန္ဒိယနိုင်ငံ ချနိုင်းဈေးကွက်မှာ ယခင်လကာလတူနှိုင်းယှဉ်ချက်အရ ဈေးနှုန်းခြားနားချက် ၆.၅% အထိမြင့်တက်လာတာဖြစ်ပြီး မြန်မာမတ်ပဲပြည်တွင်းဈေးနှုန်းရဲ့ ယခင်လနဲ့ ယခုလ ဈေးနှုန်းခြားနားချက်ကတော့ ၁၄%ဖြစ်ပါတယ်'
#Local_News
Published_ 7 February 2024
#မတ်ပဲတစ်တန်၃၆သိန်းကျော် #ဈေးနှုန်းခြားနားချက်
#YMG/NN #Yangon_Times
"အခုနှစ်ဟာ နဂါးနှစ်ဖြစ်လို နဂါးအကနဲ့လာဘ်ဖွင့် လာဘ်ခေါ်ရတဲ့ဝန်ဆောင်မှုတွေပိုမိုဆောင်ရွက်ပေးနေရတယ်"
မိုးနဂါးခြင်္သေ့အဖွဲ့မှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 7 February 2024
#တရုတ်နှစ်သစ်ကူးချိန် #နဂါးအကနဲ့လာဘ်ဖွင့်လာဘ်ခေါ်
#tthl #Yangon_Times
#Local_News
Published 7 February 2024
နိုင်ငံအတွင်းဖြစ်ပေါ်နေသည့်လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြရန် နစကဥက္ကဌ ကပြောကြားလိုက်သည်။
အထက်ပါပြောကြားချက်မှာ(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာနှင့် စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်များ ပြည့်စုံရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူနိုင်ရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ သင်ယူနိုင်ရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းပညာများကို အထက်တန်းအဆင့်တွင် သင်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အထူးသဖြင့် ကျေးလက်ဒေသများ၊ နယ်စပ်ဒေသများအပါအဝင် တိုင်းရင်းသားဒေသများတွင် ပညာသင်ယူနိုင်မှု အခွင့်အလမ်းနည်းပါးနေကြောင်းတွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံး ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိကြောင်း၊လူငယ်များကို အသိပညာ၊ အတတ်ပညာနှင့်အတူ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ရှိလာစေပြီး အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့် စွမ်းဆောင်ရည်မြင့်မားသော အနာဂတ်သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်မှာ အရေး ကြီးသောအချက်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လူငယ်များအား အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသော မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်ကိုလည်း တိုက်တွန်းမှာကြား လိုကြောင်းဖော်ပြထားသည်။
ထို့အပြင် နိဂုံးချုပ်အားဖြင့် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြပါရန်၊ နိုင်ငံ၏အနာဂတ်ဖြစ်သော လူငယ်မျိုးဆက်သစ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြပါရန်နှင့် ရှမ်းပြည်နယ်တစ်ခုလုံး အေးချမ်းသာယာ၍ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ကာ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားပါစေကြောင်း ဆန္ဒပြုတိုက်တွန်းကြောင်း
သဝဏ်လွှာ၌ ဖော်ပြပါရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_7February 2024
သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့သည့် မြန်မာသင်္ဘောသားအတွက်လျော်ကြေး တောင်းခံရာမှာ မြန်မာသင်္ဘောသားအတွက်သာမကကျန်ရစ်ခဲ့တဲ့ကလေး (၂) ယောက်အတွက်ပါလျော်ကြေးရရှိခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)ရဲ့ကူညီဆောင်ရွက်ပေးမှုဖြင့် လျော်ကြေးငွေစုစုပေါင်း (USD-51000) ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
မူလက သေဆုံးသင်္ဘောသား၏ရုပ်ကလာပ်အား မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူရမည်ဆိုပါက သယ်ယူစရိတ်အဖြစ်အမေရိကန်ဒေါ်လာကိုးသောင်း (USD-90,000) စိုက်ထုတ်ပေးရမည်ဖြစ်၍ ကျန်ရစ်သူမိသားစုမှာ အခက်အခဲတွေ့ခဲ့သည်။
အဖွဲ့ချုပ်အနေဖြင့် သင်္ဘောသားတစ်ဦး သင်္ဘောပေါ်တွင်တာဝန်ထမ်းဆောင်ရင်း အသက်သေဆုံးပါက အလုပ်ရှင်မှ အသုဘစရိတ်နှင့် မိသားစုမှအသုဘကျင်းပသည့်အခမ်းအနားသို့တက်ရောက်ခြင်းကုန်ကျစရိတ်များအားလည်းကောင်း၊ အကယ်၍ မိသားစုမှ မိမိနေရပ်တွင် ရိုးရာထုံးတန်းစဉ်လာအရ လုပ်ငန်းစဉ်ရှိပါက အလုပ်ရှင်ဖြစ်သည့် သင်္ဘောပိုင်ရှင်မှ ဂရုဏာကြေးပေးအပ်ရန်ရှိပါကြောင်း အကြံပြုခဲ့သည်ဟုဆိုသည်။
"ကွယ်လွန်သွားတဲ့ သင်္ဘောသားနာမည်က နေမင်းထွန်းပါ။ကျွန်မအမျိုးသားသင်္ဘောတက်ပြီးတစ်ပတ်အကြာမှာ သင်္ဘောပေါ်မှာ ကွယ်လွန်ခဲ့ပါတယ်။မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)ရဲ့ကူညီဆောင်ရွက်မှုနဲ့ အမျိုးသားအတွက်သာမက ကျန်ရစ်သူကလေးတွေအတွက်ပါ ရရှိခဲ့ပါတယ်"ဟု ပြောကြားထားသည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)အနေဖြင့် ကျန်ရစ်သူမိသားစုကိုသေဆုံးသင်္ဘောသားအတွက် အသက်အာမခံအမေရိကန်ဒေါ်လာသုံးသောင်း (USD-30,000) ၊ မိသားစုရှိ (၁၈) နှစ်အောက် ကလေး (၃) ဦးအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာခုနစ်ထောင် (USD-7,000) ၊ စုစုပေါင်းကလေး (၃) ဦးအတွက် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာနှစ်သောင်းတစ်ထောင် (USD-21,000) ခံစားခွင့်ရှိသောကြောင့် စုစုပေါင်းအမေရိကန်ဒေါ်လာငါးသောင်းတစ်ထောင် (USD-51,000) အားလျော်ကြေးအဖြစ် ရရှိမည်ဖြစ်ကြောင်း အကြံပြုခဲ့သည့်အတွက် လျော်ကြေးငွေ ကန်ဒေါ်လာ51000ရရှိခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 699 of 2117