#Local_News
Published 17 December 2024
▪️ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ မီးလောင်မှုတစ်ခု ယနေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဒီဇင်ဘာ၁၇ ရက်နေ့၊ မနက်၇နာရီခွဲ အချိန်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိုသစ်ရပ်ကွက်၊ အောင်ဆန်းလမ်းမကြီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါ သတင်းရရှိသဖြင့် မြိတ်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၈ နာရီ ၅ မနစ်အချိန် ၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ မီးလောင်မှုဖြစ်စဉ်အပါအဝင်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 December 2024
▪️ မိတ္ထီလာတပ်မတော်ချည်မျှင်နှင့် အထည်လိပ်စက်ရုံ၊ ၂/၈၀ ချည်ချောစက်ရုံခွဲမှ ထွက်ရှိသည့် ချည်ချောများကိုပြင်ပဈေးကွက်သို့ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးမည်ဟု နစက ဥက္ကဋ္ဌ ကပြောသည်။
▪️ ယနေ့ဒီဇင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သည့် တပ်မတော်ချည်မျှင်နှင့် အထည်လိပ်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားတွင်ယင်းကအထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
▪️ ယခုတည်ဆောက်တပ်ဆင်ပြီးစီးသည့် စက်ရုံသည်စက်စွမ်းအားပြည့် လည်ပတ်မည်ဆိုပါက တစ်ရက်ချည်ပေါင်ချိန် ၄၈၄၀၊ တန်အားဖြင့် ၂ တန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများကို ပြည်သူလူထုအတွက် လိုအပ်သည့် လုံချည်နှင့်ပိတ်များအဖြစ် ယက်လုပ်မည်ဖြစ်ပြီး ပိုလျှံသည့်ချည်များကို ပြင်ပဈေးကွက်ကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။
▪️ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)က တပ်မတော်တစ်ရပ်လုံးအတွက် လိုအပ်သည့် စစ်ဝတ်ထည်ပစ္စည်းများကို ဝါဂွမ်းကုန်ကြမ်းမှ စစ်ဝတ်ကုန်ချောအထိ ထုတ်လုပ်ပေးနေသကဲ့သို ယနေ့ ဖွင့်လှစ်လိုက်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏အဝတ်အထည် လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း နစက ဥက္ကဌကပြောသည်။
▪️ ယခု ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ချည်ထည် ခေတ်တစ်ခေတ်ပြောင်းလဲမှု၏ အစဖြစ်သည်ဟုပြောလိုကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်း၊ မျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ပြီး ဝါအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ကြရန်လိုအကြောင်း၊ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံများ၊ ချည်မျှင်နှင့်အထည် စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံသည့်စက်မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
Yangon -Times/PP
၁၆ ဒီဇင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစည်းဝေးများကိစ္စနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဲဒီပြောကြားချက်အပြည့်အစုံကိုဖော်ပြပေးအပ်ပါတယ်။
@ymg/knl
#Daily_News
Published 16 December 2024
၁။ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နည်းပညာ၊ ငွေကြေးနှင့်အခြေခံ လိုအပ်ချက်များကို နိုင်ငံတော်ဘက်မှ ဖြည့်ဆည်းပေးလျှက်ရှိ
၂။ ၈ လတာအတွင်း ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာတစ်သန်းကျော်ရရှိ
၃။ နိုင်ငံအထက်ပိုင်း၌ အအေးပိုလာနိုင်ပြီး တိုင်းနှင့်ပြည်နယ်ရှစ်ခု၌ မိုးရွာသွန်းနိုင်
၄။ တရုတ်သမ္မတရှီကျင့်ဖျင်က တရုတ်ရုရှားဆက်ဆံရေးတိုးတက်မှုသည် သမိုင်းရလဒ်တစ်ခုဟု ရုရှားပါတီဥက္ကဋ္ဌကိုပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၆ ဒီဇင်ဘာ ၂၀၂၄
▪️ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့် သန်းကြွယ်သူဋ္ဌေးကြီး သက်ဆင်ရှင်နာဝါထရာကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က သူ့အနေနှင့်လာမယ့်နှစ် အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့အခါသူ့ကိုအကြံပေးဖို့ သူ့ရဲ့ ကိုယ်ရေး အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်လိုက်ပါတယ်။
▪️သက်ဆင်ဟာ အာဆီယံ၁၀ နိုင်ငံမှ နိုင်ငံတော်တော်များများရဲ့ အကြံပေးတွေနှင့်အတူ သူ့ရဲ့အကြံပေး အဖြစ် အလွတ်သဘော ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ အန်ဝါကပြောပါတယ်။
▪️အန်ဝါဟာ သက်ဆင်ရဲ့ သမီးထွေးဖြစ်တဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါထရာ မလေးရှား နိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း အဆိုပါကြေညာချက်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
▪️“ သူ့လိုနိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ အတွေ့အကြုံတွေ ကျွန်တော်တို့လိုအပ်ပါတယ်။ အခုလိုသဘောတူ လိုက်တဲ့အတွက်ကျေးဇူးတင်ပါတယ်” လို့ အန်ဝါကပြောပါတယ်။
▪️ထိုင်းမီဒီယာတွေရဲ့ရေးသားချက်များအရ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေမှာ သက်ဆင်က ကြားထဲကနေ စေ့စပ်ဖြန်ဖြေပေးသူတစ်ဦးအဖြစ် သက်ဆင်က လိုလားနေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ တွေဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာမယ့် မလေးရှားဝန်ကြီးချုပ်အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတယ် လို့ ရိုက်တာသတင်းဌာနကရေးသားပါတယ်။
Source Reuters
နိုင်ငံတော်အစိုးရက ပို့ကုန်မြှင့်တင်ရေးကို ဦးတည်ဆောင်ရွက်နေတဲ့ ကာလမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍနဲ့သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အားစိုက်တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ဥက္ကဌ ဦးအေးဝင်းက ပြောပါတယ်။
#Local_News
Published 16 December 2024
#ပို့ကုန်မြှင့်တင်ရေး #ကုန်ထုတ်လုပ်ရေးကဏ္ဍ
#YMG/SW #Yangon_Times
#Local_News
Published 16 December 2024
▪️ Myanmar Disability Inclusion Fund (MDIF) မှ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေကို ပေးအပ်လျှက်ရှိရာ ယခုလအတွက် ၂၀ရက်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ လျှောက်လွှာတင်လိုသူများအနေဖြင့် Myanmar Disability Inclusion Fund (MDIF) လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ဖော်ပြထားသည့် ဖောင်ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ မိမိနေထိုင်ရာဒေသရှိပုဂ္ဂိုလ်များကိုသာ ထပ်ဆင့်ထောက်ခံသူအဖြစ် ထောက်ခံလျှောက်ထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် မှတ်ပုံတင် သို့မဟုတ် သန်းခေါင် စာရင်း၊ မိမိ၏ မသန်စွမ်းမှုကိုပေါ်လွင်စေသည့် ပုံနှင့်တကွ မသန်စွမ်းသူမှတ်ပုံတင် ကတ်ပါ (ရှိလျှင်) ပူးတွဲ၍ (MDIF) လူမှုကွန်ရက်စာ messenger မှသော်လည်းကောင်း ရန်ပုံငွေအဖွဲ့၏ ရုံးလိပ်စာသို့လည်းကောင်း ပေးပို့လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။
▪️ Myanmar Disability Inclusion Fund (MDIF) မှ ရန်ပုံငွေ ထောက်ပံ့ပေးနိုင် ရေးအတွက် လျှောက်လွှာများကို လစဉ်ပုံမှန်ခေါ်ယူလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 698 of 2532