ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးတွေဈေးနှုန်းပြန်မြင့်တက်လာတယ်လို့ အောင်ပန်းမြို့ကုန်စိမ်းပွဲရုံတွေက သိရပါတယ်။
#Local_News
Published 17 December 2024
#ခရမ်းချဉ်သီးဈေးတက် #အောင်ပန်းမြို့ကုန်စိမ်းပွဲရုံ
#YMG/NN #Yangon_Times
ကြံကြိတ်ခွဲရာသီ စတင်ချိန်သကြားဈေးအမြင့်တန်း၌တည်ငြိမ်နေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 17 December 2024
#ကြံကြိတ်ခွဲရာသီ #သကြားဈေးတက်
#YMG/NN #Yangon_Times
ရန်ကုန်မြို့ရဲ့ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင်ဖြစ်တဲ့ ရွှေတိဂုံစေတီတော်နဲ့ပြည်သူ့ရင်ပြင်ကြား ဆက်သွယ်ထားတဲ့ မြေအောက်လမ်းကူးလူသွားဥမင်ကို မကြာခင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 17 December 2024
#မြေအောက်လမ်းကူး #လူသွားဥမင်
#YMG/SW #Yangon_Times
လက်ခစားအပ်ကုန်စနစ်နဲ့ ပြည်ပကတင်သွင်းလာတဲ့ကုန်ပစ္စည်းတွေ၊ထုတ်ပိုးပစ္စည်းတွေအပေါ် အကောက်ခွန်အားလုံးကင်းလွတ်ခွင့်ပြုထားပေမယ့် သတ်မှတ်ချက်တွေနဲ့မကိုက်ညီဘူးဆိုရင် ကျသင့်အခွန်အားလုံးနဲ့ သတ်မှတ်ဒဏ်ကြေးတွေပေးဆောင်ရမယ်လို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 17 December 2024
#လက်ခစားအပ်ကုန်စနစ် #အခွန်ကင်းလွတ်ခွင့်
#YMG/SW #Yangon_Times
#Local_News
Published 17 December 2024
▪️ မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများခေါ်ယူနိုင်ရေး အခြေအနေများနှင့် သိရှိ လိုသည်များကို မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဖိုရမ်ကို ဂျပန်နိုင်ငံတွင် ဒီဇင်ဘာလ ၁၃ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှ ကြီးမှူး၍ “မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဖိုရမ်” ကို နာဂိုယာမြို့ရှိ Nagoya Chamber of Commerce and Industry ခန်းမ၌ ကျင်းပခဲ့ရာ ဖိုရမ်သို့ မြန်မာသံရုံး၊ တိုကျိုမြို့မှ သံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့ေကြာင်း သိရသည်။
▪️ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်မှု အခက် အခဲကို ဖြေရှင်းနိုင်ရန် ပြည်ပမှလူ့စွမ်းအားအရင်းအမြစ်များ လက်ခံနိုင်ရေးကို အလေးထား စဉ်းစားလျက် မြန်မာနိုင်ငံမှ ကျွမ်းကျင်အလုပ်သမားများ ခေါ်ယူနိုင်ရေး အခြေအနေများနှင့် သိရှိ လိုသည်များကို မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍ အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ ဖိုရမ်သို့ Aichi ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Hideaki OHMURA၊ ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ် Ms. Satsuki Katayama၊ Aichi ပြည်နယ်လွှတ်တော်အမတ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura၊ စက်မှုနှင့် အလုပ်သမားဌာန၊ အာဆီယံသမဝါယမအသင်း၊ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံမှ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတို့မှ တာဝန်ရှိ သူများ၊ ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော် စုစုပေါင်း (၁၀၀) ဦး ပါဝင်တက်ရောက်ခဲ့ကြေကြာင်း သိရသည်။
▪️ ဖိုရမ်၌ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များ၊ မြန်မာကျွမ်းကျင်အလုပ်သမားများ၏ ကြိုးစားမှုနှင့် စွမ်းဆောင်ရည်များကြောင့် ဂျပန်နိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ရန် သင့်လျော်သည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ထို့နောက်ဂျပန်နိုင်ငံဘက်မှ မြေယာ၊ အခြေခံအဆောက် အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ယာဉ်မောင်းကျွမ်းကျင်လုပ်သားများ အသစ်ထပ်မံခေါ်ယူမည့်ကိစ္စများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 17 December 2024
▪️ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဈေးဆိုင်တန်း မီးလောင်မှုတစ်ခု ယနေ့မနက်အစောပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဒီဇင်ဘာ ၁၇ရက်နေ့၊ မနက်၁ နာရီ ၀၃မိနစ် အချိန်ခန့်က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်တွင် ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဘားအံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၂နာရီ အချိန်၌ မီးငြိမ်းခဲ့ ကြောင်းသိရသည်။
▪️ မီးလောင်မှုဖြစ်စဉ်အပါအဝင်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 December 2024
▪️ နှစ်သစ်ကူးပွဲတော်Myanmar Countdown 2025 ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၁၊ ၂တွင် ၃ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ Myanmar Countdown 2025 အား ဒီဇင် ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ နိုင်ငံကျော်တေးသံရှင်များစွာ၏ ဖျော်ဖြေမှုများနှင့်အတူ ကျင်းပမည်ဖြစ်ရာဒီဇင်ဘာ ၂၉ ရက်ညပိုင်းတွင် တေးသံရှင်များဖြစ်သည့် Bobby Soxer ၊ ပုံရိပ်၊ လွှမ်းပိုင်၊ ချမ်းမြေ့မောင်ချို၊ ထက်ယံ၊ Examplez ၊ Double J နှင့် Team 143 တို့မှ လည်းကောင်း၊ ဒီဇင်ဘာ ၃၀ ရက်ညပိုင်းတွင် ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ Jewel ၊ နေမင်းအိမ်၊ ဝေလ၊ ဘိုဖြူ၊ ဟဲလေး၊ နေနော်တို့ကလည်းကောင်း၊ ဒီဇင်ဘာ ၃၁ ရက်ညပိုင်းတွင် အိုင်းရစ်ဇင်မာမြင့်၊ ရဲရင့်အောင်၊ ယွန်းမြတ်သူ၊ ရတနာမိုင်၊ J Fire ၊ အစ္စဏီ၊ သိန်းလင်းစိုး၊ အောင်ထက်၊ Jason Ace ၊ မဟော်၊ ချစ်ကောင်း၊ Project K နှင့် Awasome Boyz တို့ကလည်းကောင်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို Myanmar Countdown 2025 ဖျော်ဖြေပွဲကို မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 697 of 2532