#Local_News
Published 18 December 2024

▪️ AFF MITSUBISHI ELECTRIC CUP 2024 ဘောလုံးပြိုင်ပွဲ မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ AFF MITSUBISHI ELECTRIC CUP 2024 ဘောလုံးပြိင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအမျိုးသားလက်ရွေးစင် ဘောလုံးအသင်းနှင့် လာအိုအမျိုးသားလက်ရွေးစင် ဘောလုံးအသင်းတို့သည် ဒီဇင်ဘာ ၁၈ ရက် (ယနေ့) ညနေ ၅ နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

▪️ ထို့ပွဲစဉ်အား  MRTV-HD Channel: MRTV Parliament Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ ညနေ ၄ နာရီ ၄၅ မိနစ်မှ စတင်ပြီး တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ လာအိုအသင်းနှင့်  ပွဲအတွက် သေချာပြင်ဆင်ထားကြောင်း  မြန်မာအသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းက ဒီဇင်ဘာ၁၇ရက်တွင်  ပြုလုပ်သည့်  ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောကြားထားကြောင်း သိရသည်။

▪️ “ဖိလစ်ပိုင် အသင်းနဲ့ ပွဲပြီးကတည်းက ဒီပွဲအတွက် သေချာလေး ပြင်ဆင်ထားပါတယ်။ လက်ရှိမှာ ဒဏ်ရာရ ကစားသမားတွေလည်း မရှိပါဘူး။ တိုက်စစ်ပိုင်းက ဂိုးရဖို့ခက်ခဲနေတာကိုလည်း ပြင်ဆင်ထားသလို ဝင်းနိုင်ထွန်း အသင်းနဲ့လာရောက်ပူးပေါင်းတာက အသင်းအတွက် ခွန်အားတစ်ရပ်ဖြစ်စေပါတယ်။ လာအိုအသင်းက ခြေစွမ်းပိုင်းတိုးတက်လာတဲ့ အသင်းဖြစ်လို့ မနက်ဖြန်ပွဲက ခက်ခဲမှာပါ။ ပရိသတ်တွေအနေနဲ့ အင်ဒိုနီးရှားနဲ့က ပွဲလိုပဲ မနက်ဖြန်ပွဲမှာ လာရောက်အားပေးကြည့်ရှုမယ်လို့ မျှော်လင့်ပါတယ်”လို့ ဦးမျိုးလှိုင်ဝင်းက ပြောသည်။

▪️ အာဆီယံချန်ပီယံရှစ် ၂၀၂၄ဘောလုံးပြိုင်ပွဲတွင်  မြန်မာအသင်းအနေဖြင့် ပွဲစဉ်၂ပွဲကစားပြီးချိန်၌ ၁ပွဲရှုံး၊ ၁ပွဲသရေနှင့် ရမှတ်၁မှတ်ရရှိထားကြောင်း သိရသည်။

#YMG/NN #Yangon_Times