#Local_News
Published 18 December 2024

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်နှင့် ထိုင်းဘတ်‌ငွေရှစ်သိန်းကျော်ကို ယမန်နေ့က ထုတ်ရောင်းခဲ့ကြောင်း သိရသည်။

▪️ ထိုသို့ထုတ်ရောင်းရာတွင်ဒီဇင်ဘာလ ၁၇ ရက်နေ့က ငွေလဲနှုန်း ၃၅၈၇ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၁၅၁,၀၀၀ ကို ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ငွေလဲနှုန်း ၁၂၉.၅ ကျပ်ဖြင့် ထိုင်းဘတ် ၈၁၆,၀၈၁ ကိုလည်းထုတ်ရောင်းပေးခဲ့ ကြောင်း သိရသည်။

▪️ ၎င်းအပြင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား ဒေါ်လာသန်း ၂၀ ခန့်၊ တရုတ်ယွမ် ၇၁၂,၄၂၉ နှင့် ထိုင်းဘတ်သန်း ၅၀ အလွှဲအပြောင်းရှိခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times