#Daily_News
Published_ 09 November 2023
၁။ မူဆယ်မှတစ်ဆင့် တရုတ်သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(TBP)ဖြင့် ဝင်ရောက်သူရဲ့တစ်ဝက်ခန့်သာ မြန်မာဘက်ကို ပြန်လည်ဝင်ရောက်လာဟုဆို
၂။ ရာသီဥတုအေးသည့်ဒေသများတွင် နေထိုင်သူများ၊ စစ်ဘေးရှောင်များ ငှက်ဖျားနှင့်တုပ်ကွေးမဖြစ်အောင်နေထိုင်ရန်လိုဟုဆို
၃။ ရှမ်းမြောက်တိုက်ပွဲများကြောင့် မြန်မာ့ဖရဲများမိုင်းလားနှင့်လွယ်ဂျယ်လမ်းကြောင်းများမှ တဆင့်တရုတ်သို့ လမ်းကြောင်းပြောင်းလဲတင်ပို့နေ
၄။ အမေရိကန်နှင့်တရုတ်ကြားကုန်သွယ်ရေးသည် နှစ်နိုင်ငံစီးပွားရေးနှင့် ဆက်ဆံရေးကိုအကျိုးဖြစ်ထွန်းစေမည်ဟု အမေရိကန်အရာရှိပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
'ဆန်လိုတယ်၊ သူတို့တောင်းနေကြတာကတော့ ဆန်တောင်းနေကြတယ်၊ ဆန်ဆီအဲ့ဒီနှစ်ခုပဲ၊ ကျန်တာကအဆင်ပြေသေးတယ်၊ အသီးအနှံက နည်းနည်းရှိသေးတယ်၊ အဓိကကဆန်ပဲ' ကမ္ဘောဇပရဟိတအသင်း ဦးစန်းဦးက
#Local_News
Published_ 09 November 2023
#လားရှိုး #တိုက်ပွဲရှောင် #ကမ္ဘောဇပရဟိတအသင်း
#YMG/NN #Yangon_Times
#Local_News
Published_ 09 November 2023
မြန်မာသံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၇၀) ပြည့်နှင့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်အား ဂုဏ်ပြုရန်အတွက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ တောင်းဆိုချက်အရ “ငဘ” ရုပ်ရှင်အား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းခဲ့ပြီး မြန်မာနိုင်ငံထံသို့ လက်ဆောင်ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာရုပ်ရှင် “ငဘ” ၏ အဓိကသရုပ်ဆောင်ဖြစ်သူ ဦးမြင့်မောင်၏ မိသားစုဝင်သည် ဖိတ်ကြားချက်အရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ လာရောက်ခဲ့ရာ သံမှူးကြီး Dr. Zheng Zhihong သည် ၎င်းနှင့်အတူ ရင်းနှီးစွာဆွေးနွေး၍ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းထားသော ရုပ်ရှင် soft copy အားလက်ဆောင်ပေးအပ်ခဲ့သည်။
သံမှူးကြီး Dr. Zheng Zhihong က ၂၀၁၉ ခုနှစ်တွင် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် (၇၀) ပြည့်နှင့် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်အား ဂုဏ်ပြုရန်အတွက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏တောင်းဆို ချက်အရ “ငဘ” ရုပ်ရှင်အား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းခဲ့ပြီး မြန်မာနိုင်ငံထံသို့ လက်ဆောင်ပေးအပ်ခဲ့ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံကလည်း တရုတ်ရုပ်သံဇာတ်လမ်းတွဲနှင့် မှတ်တမ်းရုပ်ရှင်များစွာကို မြန်မာနိုင်ငံ၌ထုတ်လွှင့်ပြသရန်ဆောင်ရွက်ခဲ့ပြီး မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲများလည်း တရုတ်နိုင်ငံတွင်ပြသနိုင်ကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်နှင့် ပြည်သူများ စိတ်နှလုံးချင်းဆက်နွယ်မှု အဆက်မပြတ်တိုးမြှင့်လာခြင်းကိုလည်း တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။
“ငဘ” ရုပ်ရှင် အဓိကသရုပ်ဆောင်၏မြေးဖြစ်သူ ဦးသီဟအောင်ကလည်း အဖိုးဖြစ်သူပါဝင်သရုပ်ဆောင်သည့် ရုပ်ရှင်ကိုမကြည့်ရှုသည်မှာ ကြာပြီဖြစ်ကြောင်း၊ တရုတ်ဘက်က “ငဘ” ရုပ်ရှင်ကို ပြုပြင်ပေး၍ မိသားစုဝင် များအား လက်ဆောင်ပေးခြင်းကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းတွင် လုပ်ကိုင်သူအနေဖြင့် မြန်မာ-တရုတ်ရုပ်ရှင်ကူးလူးဖလှယ်ရေးအတွက်လည်း တက်တက်ကြွကြွ အကျိုးထမ်း ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
#Local_News #“ငဘ”ရုပ်ရှင် #ဒစ်ဂျစ်တယ်နည်းပညာ #လက်ဆောင်ပြန်ပေးအပ်
#tthl #Yangon_Times
#Local_News
Published_ 09 November 2023
အခုရက်ပိုင်းအတွင်း မိုးတိမ်တောင်များကြောင့် ရန်ကုန်အပါအဝင်ဒေသအချို့ မိုးထစ်ချုန်းခြင်း၊မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်မိုးသီးကြွေခြင်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင် များဖြစ်ပေါ်လျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျား ရာနေရာတစ်လျှောက်တွင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။
နိုဝင်ဘာလ ၁၀ ရက်မနက်ပိုင်းအထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းတွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်သည်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တိုတွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်းသိရသည်။
#Local_News #မိုးတိမ်တောင် #မိုးထစ်ချုန်းခြင်း #မိုးသီးကြွေခြင်းဖြစ်ပေါ်နိုင် #tthl #Yangon_Times
‘သောက်ရေတကောင်းပိုက်တပ်လို့ရတဲ့ စစ်ကိုင်းမြေထည်သောက်ရေအိုးတွေနဲ့ မြေထည်ပန်းအိုးတွေကို ရန်ကုန်မှဝယ်ယူမှုတွေများနေတယ်။ စဉ့်ထည်အဓိက အားထားအသုံးပြုတဲ့ ချင်းပြည်နယ်ကို လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် တင်ပို့နိုင်ခြင်းမရှိဘဲ အရောင်းအဝယ်အေးနေတယ်’ စစ်ကိုင်းရှိမြေထည်စဉ့်ထည်လက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 09 November 2023
#ဆီမီးခွက် #စစ်ကိုင်းမြေထည်သောက်ရေအိုး
#tthl #Yangon_Times
#Local_News
Published 9 November 2023
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအပါအဝင် ရွေ့ပြောင်းလုပ်သားများ၏ ဗီဇာကြေးကို ဘတ်ငွေ ၅၀၀ သာကောက်ခံတော့မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန က အသိပေးကြေညာထားသည်။
ယခင်က ပြည်ပရွေ့ပြောင်းလုပ်သားများ၏နေထိုင်ခွင့်ဗီဇာကြေးကို ဘတ် ၁၉၀၀ ကောက်ခံခဲ့ပြီး လာမည့် နိုဝင်ဘာ၁၁ ရက်မှစကာ ဘတ် ၅၀၀ သာ ကောက်တော့မည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ဗီဇာကြေးထက်ဝက်ကျော် လျော့ချပေးခြင်းမှာ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ထားသည့် လုပ်ငန်းရှင်များအား အကူအညီဖြစ်စေရန်အတွက် ဗီဇာကြေး လျော့ချသတ်မှတ်တာဖြစ်ပြီး ထိုင်းစီးပွားရေးကို အရှိန်အဟုန်မြှင့် ရှေ့သို့စဉ်ဆက်မပြတ် ရွေ့လျားစေရန် ရွှေ့ပြောင်းအလုပ်သမား ပြဿနာကို ဖြေရှင်းရန်နှင့် တရားဝင်အလုပ်သမား စနစ်ကို အားပေးဖို့ရန်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်နှင့်လာအိုနိုင်ငံတို့ မှ လာရောက်အလုပ်လုပ်ကျသည့် ရွေ့ပြောင်းလုပ်သားများရှိကြောင်း သိရသည်။
#Local_News #ထိုင်းနိုင်ငံ #ဗီဇာကြေးဘတ်၅၀၀ #YMG/LW #Yangon_Times
#Local_News
Published-9 November 2023
ရန်ကုန်တိုင်း၌ ဆောင်းဆီထွက်သီးနှံလျာထားချက်ဧက၏ ထက်ဝက်ကျော်ဖြင့် နေကြာသီးနှံအား အဓိကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခု၂၀၂၃_၂၀၂၄ စိုက်ရာသီအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဆီထွက်သီးနှံဧက၁၇,၆၄၀ စိုက်ပျိုးရန်လျာထားပြီးနေကြာကို ဧက ၈,၉၆၉ ဖြင့် အများဆုံး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
နေကြာကို တိုက်ကြီးမြို့နယ်၌ ၂၄၁၄ ဧကဖြင့် အများဆုံး၊ လှည်းကူးမြို့နယ်၌ ၈၅၄ ဧက ဖြင့် ဒုတိယအများဆုံး၊ ကွမ်းခြံကုန်းမြို့နယ်၌ ၈၃၄ ဧကဖြင့် တတိယ အများဆုံးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နှမ်းစိုက်ဧက ၄,၉၅၃ ဧကနှင့် မြေပဲစိုက်ဧက ၃,၇၁၈ဧက စိုက်ပျိုးရန်လျာထားခြင်းဖြစ်ပြီး မြေပဲကိုတိုက်ကြီးမြို့နယ်၌ ၁,၅၅၇ ဧကဖြင့် အများဆုံး၊ လှည်းကူးမြို့နယ်၌ ၉၇၀ ဧက ဖြင့်ဒုတိယအများဆုံး၊ ထန်းတပင်မြို့နယ်၌ ဧက ၅၂၀ ဖြင့် တတိယအများဆုံးနှင့် နှမ်းကို တိုက်ကြီးမြို့နယ်၌ ၄,၉၃၁ ဧကဖြင့် အများဆုံးနှင့် မှော်ဘီမြို့နယ်၌ ၂၀ ဧကဖြင့် ဒုတိယအများဆုံး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ဆောင်းပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား မိုးရွာသွန်းမှုကုန်ဆုံးချိန်နောက်ကျခြင်းနှင့် စောခြင်းပေါ်မူတည်၍ အောက်တိုဘာနှင့် နိုဝင်ဘာစသည့်လများ၌ စတင်စိုက်ပျိုးလေ့ရှိကာ အပင်သက်တမ်းများမှာသုံးလကြာမြင့်လေ့ရှိကြောင်း သိရသည်။
#Local_News #ရန်ကုန်တိုင်း #နေကြာသီးနှံ #ဆောင်းဆီထွက်သီးနှံ #YMG/NN #Yangon_Times
Page 673 of 1919