အင်းလေးဒေသထွက် ခရမ်းချဉ်သီးတွေ လာမယ့်ဖေဖော်ဝါရီလမှသာ အများအပြားပြန်လည် ထွက်ရှိနိုင်မယ်လို့ စိုက်ပျိုးသူတွေနဲ့ပွဲရုံတွေကနေသိရပါတယ်။
#Local_News
Published 9 January 2025
#ခရမ်းချဉ်သီး #အင်းလေးဒေသ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် Coffee Quality Instituteက အသိအမှတ်ပြုတဲ့ Robusta သင်တန်းCQI certified Robusta for Arabica Lovers အတန်းသစ် ကို ဖွင့်လှစ်ပေးသွားမယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းက သိရပါတယ်။
#Local_News
Published 9 January 2025
#Coffee_Quality_Institute #မြန်မာနိုင်ငံကော်ဖီအသင်း
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန်နှစ်သန်းကျော်တင်ပို့ထားပြီး လျာထားချက်နီးပါးပြည့်မှီနေပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စာရင်း တွေအရ သိရပါတယ်။
#Local_News
Published 9 January 2025
#ဆန်နှင့်ဆန်ကွဲ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 9 January 2025
▪️ ရွှေကြိုမောင်မယ်များအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့်ထိတက်ရောက်ကာ ရွေးချယ်ခြင်းမခံခဲ့ရသူများအနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ "အမှန်တကယ်အချိန်ပေးနိုင်ပြီး ရုပ်ရှင်ဝါသနာပါတဲ့ နောက်ဆုံးအဆင့်မှာ ရွေးချယ်မခံခဲ့ရတဲ့ ရွှေက်ြုမောင်မယ်တွေက ရုပ်ရှင်အစည်းအရုံးမှာအမြန်ဆုံးစာရင်းပေးသွင်းဖို့လိုပါတယ်"ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ ပြိုင်ပွဲဝင် ရွှေကြိုမောင်မယ်များသည် တစ်ဦးနှင့်တစ်ဦး အရည်အသွေးအပြတ်အသတ်ကွာခြားခြင်းမရှိခဲ့ရာ ရွှေကြိုမောင်မယ်များအဖြစ် အရွေးမခံရသော်လည်း ကျန်ရစ်ခဲ့သူ အရည်အသွေးရှိပြီး ဝါသနာကြီးမားသော မောင်မယ်အားလုံးကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ ဖျော်ဖြေရေးကဏ္ဍတွင် ပါဝင်နိုင်ရေး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 9 January 2025
▪️ သထုံမြို့လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး၏ (၃၃)ကြိမ်မြောက်ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇလသုတ်ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပနေကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားကို သထုံမြို့နယ်ရှိဩဝါဒါစရိယဆရာတော်ကြီးများဦးစီး၍ ရွှေစာရံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပပြီး သံဃာတော်(၂၄)ပါးတို့မှ ယမန်နေ့မနက်၇နာရီမှစတင်၍ သု၀ဏ္ဏဘူမိသာသနာ့ဗိမာန်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် သထုံမြို့နယ်ရှိဩဝါဒါစရိယ ဆရာတော်ကြီးများများမှ နမောတဿ(၃)ကြိမ် ရွတ်ဆိုပြီးအခမ်းအနား ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသောသူများမှသထုံမြို့ညောင်လေးပင်ကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာထံမှ ငါးပါးသီလခံယူဆောက်တည်တော်မူကြပြီး တရားတော်မြတ်ကို နာယူတော်မူခဲ့ကြသည်။
▪️ ရွှေစာရံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဌ ဦးခွန်သိန်းရွှေမှ ပဌာန်းပွဲကျင်းပပြုလုပ်ရခြင်းအား ဆရာတော်အရှင်သူမြတ်များထံ တင်ပြလျှောက်ထားခဲ့ကြောင်း၊ (၃၃)ကြိမ်မြောက် ပဌာန်းဒေသနာတော်နှင့်ဗြဟ္မဇလသုတ်ရွတ်ဖတ်ပူဇော်ပွဲအတွက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း၍လှူဒါန်းသည့် အလှူတော်ငွေကျပ်-၉၀၀,၀၀ဝိ/(ကိုးသိန်းကျပ်)အား သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးရဲနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မိုးစိုးမှ ရွှေစာရံစေတီတော်ဘဏ္ဍာတော်ထိန်းဥက္ကဌ ဦးခွန်သိန်းရွှေထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ယင်းနောက်မြို့နယ်သံဃနာယကဥက္ကဌဆရာတော်ဘဒ္ဒန္တသူရိယမှနတ်ပင့်ဂါထာအစပြု၍ ပဌာန်းဒေသနာတော်စတင်ရွတ်ဖတ်ဖွင့်လှစ်ခဲ့ပြီး ရွတ်ဖတ်တော်မူကြမည့်သံဃာတော်အရှင်သူမြတ်တို့မှ ပဌာန်းဒေသနာရွတ်ဖတ်တော်မူခဲ့ကြောင်း၊
ပဌာန်းဒေသနာတော်နှင့်ဗြဟ္မဇလသုတ် ရွတ်ဖတ်ပူဇော်ပွဲအား ၁၃၈၆-ခုပြာသိုလဆန်း(၁၀)ရက်နေ့ ဇန်နဝါရီ ၈ ရက်မှ ပြာသိုလပြည့်နေ့၁၃ရက် အထိ(၅)ရက်တိုင်တိုင်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 January 2025
▪️ ရန်ကုန်-ပြည်လမ်းတွင် ယနေ့မနက်ပိုင်း၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူနှစ်ဦးညှပ် နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇန်နဝါရီ ၉ရက်နေ့၊ မနက်၇ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ကားအတွင်းညှပ်နေသောကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား ၇ နာရီ၂၇မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး မိုးစေတနာလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 January 2025
▪️ ၂၀၂၄ ခုနှစ်အတွက် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် ပါဝင်တင်ဆက်ရန် ရွေးချယ်ခံရသည့် ရွှေကြိုမောင်/မယ် အယောက် ၄၀ စာရင်းကို ဇန်နဝါရီလ ၈ရက် ည၈နာရီက တရားဝင်ထုတ်ပြန်လိုက်သည်။
▪️ ရွှေကြိုမောင်အဖြစ်ရွေးချယ်ခံရသူများမှာ ပီမန်း၊ ယံသက်ခ၊ အောင်သူဆန်း၊ ဩနေသိမ်၊ စွမ်းဘုန်းတေဇ၊မဂ္ဂ၊ စပ်ဝဏ္ဏကျော်စွာ၊ သျှိုင်းမာန်၊ ဘုန်းမြတ်မောင်၊ အောင်မြင့်မြတ်၊ ကောင်းခန့်၊ ဉာဏ်မင်းဆက်၊ နန်းဦးလှိုင်၊ လျန်းထက်အောင်၊ ပြည့်စုံ၊ သူရိန်၊ ကိုကိုကျော်၊ အောင်သီဟ၊ ဘုန်းဟိန်း၊ ဖြိုးဟန်ကျော် တို့ဖြစ်ပြီး
ရွှေကြိုမယ် အဖြစ်ရွေးချယ်ခံရသူများမှာ ဆုကျော့ခိုင်၊ သော်တာလှိုင်ထွန်း၊ ချစ်မမမိုး၊ သဒ္ဒါနန်းထိုက်၊ ထံထျာလင်း၊ ဝိုင်းပြည့်ပြည့်စန်းလွင်၊ မေမီလင်း၊ မီကိုခန့်၊ ကြည်ဇေယျရှင်၊ ကေဇင်ခန့်၊ ဆုစန္ဒီမိုး၊ ကေကေဖြိုး၊ ကြယ်စင်သန့်၊ စီလာဝင်း၊ လင်းဝသန်ဦး၊ ဩမြတ်ခင်၊ ဖူးဖူးနန်းတော်၊ ရှင်းသီရိသူ၊ သင်းနန္ဒီဇော်၊ မိုကိုခန့်တို့ဖြစ်ကြောင်း သိရသည်။
▪️ ဖေဖော်ဝါရီလတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက်မြန်မာ့ရုပ်ရှင်ဆုပေးပွဲတွင် ရွှေကြိုမောင်မယ်အဖြစ်ပါဝင်နိုင်ရန် လျှောက်ထားခဲ့သူ ဦးရှိခဲ့ပြီး ထိုသူများထဲမှ အဆင့်ဆင့်ယှဥ်ပြိုင်စေကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 668 of 2531