‘ကလေးသိုက်နန်းရှင်တွေထံ စီးပွားရေးဆိုင်ရာ ခြံကွက်၊ မြေကွက်တွေအရောင်းထွက်ဖို့ဆုတောင်းကြပြီး ဆုတောင်းပြည့်တဲ့အတွက် လှူဒါန်းငွေတွေပေးပိုလှူဒါန်းစေတာမျိုးတွေရှိသလို ကလေးသိုက်နန်းရှင်လေး တွေလိုအပ်တဲ့ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းလေးတွေပေးပို့လှူဒါန်းတာမျိုးတွေ ရှိနေတယ်။ သိုက်နန်းရှင် ကလေးတွေဆီကနေစွန့်ပြီး ကလေးတွေကိုပြန်လှူဒါန်းပါတယ်’ နဂါးမောက်ဘုရားမှ အကျိုးတော်ဆောင်ကိုဇင်မိုး
#Local_News
Published_ 13 November 2023
#နဂါးမောက်ဘုရား #ကလေးသိုက်နန်းရှင်
#tthl #Yangon_Times
'ဇီးခွဲဆံဝတ်ဆံကို တရုတ်ကအများဆုံးဝယ်တာ အခုကလမ်းပန်းဆက်သွယ်ရေးကြောင့်လည်းပါတယ်၊ ဈေးကွက်တွေကတအားအေးနေတာ'ကျောက်ပန်းတောင်းမြို့၊ သိန်းတစ်ရာဇီးခွဲစက်ကိုသန့်
#Local_News
Published_ 13 November 2023
#ဇီးဆံဈေးနှုန်း #တင်ပို့မှုရပ်နား
#YMG/NN #Yangon_Times
#Local_News
Published November 2023
ယခုအပတ်တွင် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးကျပ်၄၆၈၀ရောင်းချပေးရန်သတ်မှတ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ မှ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄,၆၈၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထား ခြင်းဖြစ်သည်။
ပြီးခဲ့သည့်အပတ်က စားအုန်းဆီတစ်ပိဿလျှင် လက်ကားရည်ညွှန်းဈေး၄၅၆၀ဖြင့်ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုအပတ်တွင်ရာဂဏာန်းခန့်တက်ခဲ့ကြောင်းသိရသည်။
နိုဝင်ဘာလ၁၃ရက်တွင် ရန်ကုန်တိုင်း၊ ပြင်ဦးလွင်၊ ပဲခူးတိုင်းအပါအဝင်ဒေသ(၁၃)ခုကို မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း ၏စီစဉ်မှုဖြင့် ဆီကုမ္ပဏီများမှ ဆီပေပါ ၃၀၀၀ ကိုအခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာလျှင် ၄,၆၈၀ ကျပ်ဖြင့်ရောင်းချထားပေးပြီဖြစ်ကောင်းသိရသည်။
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
#Local_News #စားအုန်းဆီလက်ကား #ရည်ညွှန်းဈေးကျပ် ၄၆၈၀ #tthl #Yangon_Times
လာမယ့် ဒီဇင်ဘာလမှ စိုက်ပျိုးထွက်ရှိမှာ ဖြစ်ပေမယ့် မကွေးတိုင်းဒေသကြီးက စိုက်ပျိုးထွက်ရှိမယ့် ပဲစဉ်းငုံတန် ၂၀၀၀ ကို ဝယ်ယူရန် ပို့ကုန်လုပ်ငန်းရှင်မှ ကမ်းလှမ်းထားပြီဖြစ်တယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_ 13 November 2023
#ပဲစဉ်းငုံ #ပို့ကုန်လုပ်ငန်းရှင် #မကွေးတိုင်းတောင်သူ
#YMG/LW #Yangon_Times
'ဈေးမြင့်မားတဲ့အနေအထားပေါ်မှာ အရောင်းအဝယ်အေးနေတယ်၊ အဝယ်တွေပျောက်သွားတာ၊ တစ်ချို့ကျတော့လည်း သုံးဖို့ပြုဖို့ဝယ်ထားတယ်၊ တချို့ကျတော့လည်းဝယ်ရောင်းပေါ့နော်၊ မြတ်ရင်ပြန်ရောင်းမယ်၊ လုပ်ငန်းပိုင်းအနေနဲ့ကတော့ အားကောင်းတဲ့အနေအထားမရှိဘူး ' မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဌဦးခင်မောင်သန်း
#Local_News
Published_ 13 November 2023
#စက်မှုဇုန်မြေဈေးကွက် #အရောင်းအဝယ်အေး
#YMG/ NN #Yangon Times
‘ဆောင်းတွင်းမှာ ကိုဗစ်တစ်ကျော့ပြန်ပြန်ဖြစ်နိုင်လို့ သတိထားဖို့လိုပါတယ်။နာတာရှည်ရောဂါရှိသူတွေ၊ လူအများနဲ့ထိတွေ့ဆက်ဆံရတဲ့အလုပ်လုပ်ကိုင်ရသူတွေအနေနဲ့ခြောက်လတစ်ကြိမ်ကိုဗစ်ကာကွယ်ဆေးပြန် ထိုးဖို့လိုသလို ကျန်တဲ့သူတွေကတော့ တစ်နှစ်တစ်ကြိမ်ပြန်ထိုးသင့်တယ်’ မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်း
#Local_News
Published_ 13 November 2023
#ကိုဗစ်ပိုးတွေ့သူ(၂၅)ဦး #ပြည်သူ့ကျန်းမာရေး #ကိုဗစ်တစ်ကျော့ပြန်ပြန်ဖြစ်နိုင်
#tthl #Yangon_Times
#Local_News
Published 13 November 2023
ပြည်တွင်းရေယာဉ်များ လုံခြုံချောမွေ့စွာသွားလာနိုင်ရေးအတွက် ဝန်တင်ရေစူးကန့်သတ်ချက် များကို ရေယာဉ်များ အနေဖြင့် လိုက်နာကျရန် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးချက်ကို နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်အထိ ကာလကို ရေနည်းကာလအဖြစ် သတ်မှတ်၍ ရေကြောင်းနယ်မြေအလိုက် ရေယာဉ်များ၏ ဝန်တင်ရေစူးကို ကန့်သတ်လိုက်ကြောင်း သိရသည်။
ကန့်သတ်လိုက်သည့် ရေယာဉ်များ၏ ဝန်တင်ရေစူးမှာ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်အတွင်းရှိ ရေကြောင်းနယ်မြေ ၉ ခုတွင်ဖြစ်ပြီး ရေစူးကန့်သတ်ချက်များကို ရေကြောင်းနယ်မြေ အလိုက် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ဝန်တင်ရေစူးကန့်သတ်ချက်များကို ရေယာဉ်များ အနေဖြင့် လိုက်နာကျရန် ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကတိုက်တွန်းနှိုးဆော်ထားသည်။
#Local_News #ရေစူးကန့်သတ်ချက် #ရေအရင်းမြစ်နှင့်မြစ်ချောင်း #ရေလမ်းသတိပေး
#YMG/LW #Yangon_Times
Page 667 of 1919