တစ်ပတ်တာအတွင်း စင်ကာပူ စက်သုံးဆီဈေးနှုန်းတွေက အမျိုးအစားအလိုက် တစ်ဘာရယ်ကို ၃ဒေါ်လာ ကျော်ဝန်းကျင်အထိ ကျဆင်းနေတာဖြစ်ကာ ရန်ကုန် စက်သုံးဆီဈေးနှုန်းတွေကတော့ ဓာတ်ဆီတစ်လီတာလျှင် ၁၀ကျပ်တက်၍ ဒီဇယ် ကျပ်၃၀ အထိသာကျဆင်းပြီး ဈေးအမြင့်ပိုင်း၌သာ ဆက်ရှိနေပါတယ်
Yangon Times/NN
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေတိဂုံစေတီ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှ ရရှိလာတဲ့ထမနဲတွေကို ဖေဖော်ဝါရီလ (၂၄)ရက် (တပိုတွဲလပြည့်နေ့)မှာ မြတ်စွာဘုရားနဲ့သံဃာတော်တွေကို အာရုဏ်ဆွမ်းဆက်ကပ်တာ ၊ဘုရားအမှူးပြုတဲ့ သံဃာတော် ၆၄ပါးကို ထမနဲဆွမ်းတော်ကြီးလောင်းလှူတာ ၊အလှူရှင်တွေကို ဒါနပြုတာနဲ့ ဘုရားဖူးခုနစ်ရက်သားသမီးတွေကို ဝေငှကုသိုလ်ပြုခြင်းတို့ ပြုလုပ်သွားမယ်။ ရွှေတိဂုံဂေါပကအဖွဲ့
Yangon Times/tthl
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 24 February 2024
ယနေ့ တပို့တွဲလပြည့်နေ့၌ ဒေသအနှံ့အပြား၌ ထမနဲထိုးပွဲ နှင့် စတုဒီသာလှုဒါန်းပွဲများကျင်းပနေကြောင်းသိရသည်။
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သာဝက တို့အား ဩဝါဒပေးတော်မူခြင်းကို အကြောင်းပြုပြီး ဩဝါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ရခြင်း ဖြစ်ပြီး ယခုကျရောက်လာသော လရာသီကို "တပို့တွဲလ. ထမနဲပွဲ"ဟုသတ်မှတ်ပြီး နိုင်ငံအနှံ့အပြား၌ ထမနဲထိုးပွဲများ ပြုလုပ်ကြခြင်းဖြစ်ကြောင်းသိရသည်။
ရှေးအခါကမူ မီးထွန်းပွဲတော်လို့ခေါ်ဆိုပြီး မီးထွန်းပွဲတော်များ ပြုလုပ်ကြပြီး ဗုဒ္ဓဘုရားရှင်ကို ချမ်းအေးတဲ့ရာသီမှာအနွေးဓာတ်ရစေရန် မီးပူဇော်ခြင်းဖြင့် ကုသိုလ်ယူကြလေ့ရှိကြောင်းသိရသည်။
ယခုခေတ်၌မူ ထမနဲပြိုင်ပွဲများပြုလုပ်သလို မိသားစုအလိုက် ထမနဲထိုးပြီးကုသိုလ် ဒါနပြုလုပ်လေ့ရှိကြောင်းသိရသည်။
တပို့တွဲလပြည့် အဖိတ်နေ့နှင့် ယနေ့လပြည့်နေ့တွင်လည်း ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ဗဟိုတစ်ထောင်ဘုရားစသည့် တန်ခိုးကြီးဘုရားများအပါအဝင် ဘုရားတော်များ ၊မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် မီးပုံပျံလွှတ်တင်ပွဲ များကျင်းပခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
ထမနဲထိုးပွဲပြုလုပ်ကြပြီးနောက် မြတ်စွာဘုရားအား ဆွမ်းကပ်လှုဒါန်းခြင်းနှင့် ဒေသခံများအား စတုဒီသာလှုဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 24 February 2024
အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျခံခဲ့ပြီး ရက်ပြည့်၍ ပြန်လွတ်မြောက်လာသည့် အကျဉ်းသားများကို ၎င်းတို့၏နေအိမ်သို့ ပြန်ရောက်ရှိစေရန်အ တွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ခရီးစရိတ်၊စားစရိတ်နှင့် တည်းခိုစရိတ်များထောက်ပံ့ကူညီနေကြောင်း အိုင်စီအာရ်စီ ၏ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ခုနှစ် ဇန်နဝါရီလအတွင်းတွင် ရန်ကုန်မြို့၌ရှိသည့်အိုင်စီအာရ်စီအဖွဲ့က ဘေးကင်းလုံခြုံစွာအိမ်ပြန်ရေးအစီအစဥ်ကနေ လွတ်မြောက်လာသူအကျဥ်းသား(၁၆၀)ကို ထောက်ပံ့ကူညီနိုင်ခဲ့သည်ဟုဆိုသည်။
“မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျွန်တော်တို့အဖွဲ့တွေက နေအိမ်နဲ့ဝေးကွာနေတဲ့လွတ်မြောက်လာသူတွေကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်စေဖို့ သူတို့ရဲ့ အိမ်ပြန်တဲ့ ခရီးစဉ်အတွင်း ခရီးစရိတ်၊ စားသောက်စရိတ်နဲ့ ယာယီတည်းခိုစရိတ်တွေ ထောက်ပံ့ကူညီနေပါတယ်။အခုလက်ရှိအခြေအနေအရ စားသောက်စရိတ်နဲ့ ခရီးစရိတ်တွေကမြင့်တက်နေပြီး အမြန်လမ်းမှာသွားလာခွင့်ကန့်သတ်မှုတွေလည်းရှိနေတော့ အကျဉ်းထောင်ကလွတ်မြောက်လာသူတစ်ချို့က သူတို့အိမ်ကိုရောက်ရှိဖို့အတွက် ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေကို ဖြတ်သန်းသွားလာရမှာပါ။ဒီအသုံးစရိတ်တွေကို ကာမိစေဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံစွာအိမ်ပြန်နိုင်စေရေးအစီအစဥ်က အိမ်ပြန်နိုင်ပြီး မိသားစုနဲ့ ပြန်လည်စုံဆည်းနိုင်ဖို့ ခရီးစရိတ်နဲ့ တခြားလိုအပ်နေတဲ့အထွေထွေစရိတ်တွေ ကာမိစေနိုင်အောင် အကူအညီပေးပါတယ်"ဟု အိုင်စီအာရ်စီရဲ့ ဝန်ထမ်းတစ်ဦးကပြောပြထားသည်ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။
လတ်တလောမှာအကျဥ်းထောင်ကနေ လွတ် မြောက်လာသူတစ်ဦးက" အိမ်ကို ဘယ်လိုပြန်မလဲဆိုတာကိုပဲ တစ်ချိန်လုံးတွေးနေတာပါ၊၊ကျွန်တော့်မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားပြီး အိမ်နဲ့အတော်ဝေးတဲ့ထောင်ကို ရောက်သွားတာပါ။အခုဆိုရင် အိုင်စီအာရ်စီကပေးတဲ့အကူအညီရခဲ့ပြီး ကျွန်တော်လိုတာလေးတွေသုံးလို့ရပါပြီ။ တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ်မှာရှိတဲ့ရွာက ကျွန်တော့်အိမ်လေးကိုပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ပြောခဲ့ကြောင်း အိုင်စီအာရ်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 24 February 2024
ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် အနီး အင်အား ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင် လှုတ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖေါ်ဝါရီ ၂၄ ရက် နံနက် ၅နာရီ ၆မိနစ် ၁၆စက္ကန့်က လှုတ်ခတ်ခဲ့ကြောင်း သိရသည်။
မြေငလျင် သတင်း ထုတ်ပြန်ချက်အရညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ညောင်ဦးမြို့၏ မြောက်-အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၃၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း ထုတ်ပြန်ထားသည်။
Yangon Times/LW
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 24 February 2024
မလေးရှားနိုင်ငံရေပိုင်နက်သို့ ငွေကျပ် ၄၅ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်မည့် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့ကို လက်နက်ခဲယမ်းများဖြင့် ဇန်နဝါရီလ ၂၂ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်၌ “အေးမြတ်အောင်” စက်လှေ ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ စက်လှေပေါ်တွင် မူးယစ်ဆေးဝါးများ လွှဲပြောင်း လက်ခံသယ် ဆောင် ရန် စောင့်ဆိုင်းနေသည့် ဇော်မင်းဦး၊ ကိုကိုဇော်၊ လွှမ်းအောင်၊ သူရစိုး နှင့် ထွန်းဦး တို့ ၅ ဦးအား တပ်မ တော်(ရေ)ကတွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်တွင် “အေးမြတ်အောင်” အမည်ရှိ ပင်လယ် ပြင်သွား စက်လှေပိုင်ရှင် တင်ရှိန် နှင့် စိုးရန်နိုင်(ခ) နောင်နောင်အား ပုသိမ်မြို့တွင်လည်း ကောင်း၊ ဇန်နဝါရီလ ၂၈ ရက်တွင် ဌေး အောင်(ခ) ပေါက်စ အား ကျောင်းကုန်းမြို့နယ် တွင်လည်းကောင်း ဖမ်းဆီးရမိခဲကြောင်းသိရသည်။
၎င်းတို့၏ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၁၂ ရက်၌ နိုင်ဦး(ခ) မောင်မောင်လေး(ခ) လှဝင်း အား ပုသိမ်မြို့ နယ် ကုလားချောင်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီခွဲတွင် ပုသိမ်မြို့နယ် သမ္ဗန်ချိုင်ကျေးရွာရှိ တင်ထွန်း ၏ ဂိုဒေါင်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက် ဖော် ထုတ်ချက်များအရ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီတွင် ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာတွင် ထွန်း လင်းနိုင်(ခ)ငလင်း၊ ဇော်ထွေးလွင်(ခ)ငတိုလေး၊ ရဲလွင်ကို(ခ) ရခိုင်လေး၊ ကျော်ဇင်ထက်နှင့် ကျော်မင်း တို့ ၅ ဦးအား “အေးမြတ်အောင်”စက်လှေပေါ်သို့ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ တင်ဆောင်ပေး ရန် စောင့်ဆိုင်းနေသည့် ကမ်းရိုးတန်းသွား စက်လှေတစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အလယ်ကျွန်းရပ်ကွက်ရှိ “အေးမြတ်အောင်” စက်လှေပိုင်ရှင် တင်ရှိန် နှင့် မဇင်မာဌေး တို့၏နေအိမ်မှ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄၅ တောင့်၊ ၁၂ ဗို့ ပြောင်းချောကျည် ၂၃ တောင့်၊ မြန်မာငွေကျပ် သိန်း ၃၀၊ မော်တော်ယာဉ် ၂ စီးနှင့်လည်းကောင်း၊ တနင်္သာရီမြို့၊ ချောင်းငယ် ရပ်ကွက်ရှိ တင်ရှိန် ၏နေအိမ်မှ ပြောင်း ချောသေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၂၃ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက် တမင်း)များကိုမန္တလေးမှ ပုသိမ်သို့ Dump Truck မော်တော်ယာဉ်နှင့် သယ်ဆောင်ခဲ့သည့် ကျော်ရဲမြင့်(ခ) ဖြိုးသူရ နှင့် စိုးမောင်မောင် တို့အား ရေကြည်မြို့နယ်၊ ရေနံ့သာကျေးရွာတွင် အဆိုပါ မော်တော်ယာဉ် နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်တွင်သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များကို တာဝန်ခံသယ်ဆောင်သူ ရဲခေါင်ထွန်း ငှားရမ်းထားသည့် ပြည်ကြီးတံခွန်မြို့နယ် (ည)ရပ်ကွက် ၅၉ လမ်းနှင့် ၁၄၁ လမ်းထောင့်ရှိ ခြံဝင်း အတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် Methylamine လီတာ ၁၆,၄၀၀၊ Sulphuric Acid လီတာ ၁၂၀၀ Hydrochloric Acid လီတာ ၅၆၀၊ Benzyl Cyanide လီတာ ၁၂,၄၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သိမ်း ဆည်း ရမိ အိုက်စ် (မက်သ်အဖက်တမင်း)များနှင့် ဓာတုပစ္စည်း စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၄၅ ဒသမ ၂၈ ဘီလီယံကျော်နှင့် ပင်လယ်ပြင်သွားစက်လှေ ၁ စီး၊ ကမ်းရိုးတန်းသုံး စက်လှေ ၁ စီး၊ မော်တော်ယာဉ် ၃ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ် (မက်သ် အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ မန္တလေးသို့သယ်ဆောင်၍ မန္တလေး တွင်သိုလှောင်ကာ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မလေးရှားနိုင်ငံရေပိုက်နက်သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကား၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
Yangon Times/PP
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၃ ဖေဖော်ဝါရီ ၂၀၂၄
တာချိတ်လိတ်မြို့နှင့် ရန်ကုန်မြို့တို့တွင် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုဆိုင်ရာ ဖမ်းဆီးရမိခဲ့မှုအခြေအနေများ နှင့် AA သောင်းကျန်းသူများမှ မမှန်သတင်းများ ထုတ်လွှင့်နေမှုများကို နစကသတင်းထုတ် ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားချက်အပြည့်အစုံကိုဖော်ကပြပေးအပ်ပါသည်။
@ymg/knl
Page 669 of 2119