Published_ 23 February 2024
ဟိန္ဒူဘာသာတွင် သိုက် အယူအဆမရှိသည့်အတွက် ဟိန္ဒူဘုရားများ အမည်နာမဖြင့် ပူးကပ်သယောင် လုပ်သူများသည် လူလိမ်များသာဖြစ်ကြောင်းဟိန္ဒူဘာသာရေးအသိပညာအဖွဲ့မှ သတိပေးထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက အနုပညာရှင်အသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးမှ သိုက်ချော့သည်ဟုဆိုကာ ဟိန္ဒူရိုးရာ အမျိုးသမီးအဝတ်အစားအား ဝတ်ဆင်ကာ ပူးနေသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီးနောက် ဝေဖန်မှုများမြင့်တက်ခဲ့ပြီး ဟိန္ဒူသာသနာပုံရိပ်ကို ညှိုးနွမ်းစေသည့် အချင်းအရာများအား ရှုံချကြောင်းဟိန္ဒူဘာသာရေးအသိပညာအဖွဲ့မှ ထပ်မံအသိပေးကြေညာ တားမြစ်ချက်ထုတ်ပြန်လာခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ဟိန္ဒူဘာသာတွင် သိုက်ဟူသော အယူအဆလည်း အလျဉ်းမရှိပါ၊ ထို့အတွက် ဟိန္ဒူဘုရားများ အမည်နာမဖြင့် ပူးသယောင် ကပ်သယောင်လုပ်သူများဟာ လူလိမ်စစ်စစ်များသာဖြစ်ပါကြောင်း အမှန်တကယ်သာ ပူးကပ်လျှင်လည်း ဘုရားမဟုတ်ဘဲ မကျွတ်မလွတ် သရဲတစ္ဆေ၊ လမိုင်းများသာ ဖြစ်ကြောင်းဖော်ပြထားသည်။
ထို့အပြင် ဟိန္ဒူဘုရားများအား မေတ္တာပို့ခြင်းကို လုံး၀လက်မခံသလို ဟိန္ဒူသာသနာအကြောင်းပြု၍ ပူးကပ်ခြင်းဖြစ်စဉ်များကိုလည်း အပြင်းအထန်ဆုံး ရှုတ်ချကြောင်း၊ထိုအပြုအမူပြုသူတစ်ဦးတစ်ယောက်ချင်းဆီကို မှတ်တမ်းယူထား၍ အမည်ပျက်စာရင်းသွင်းသွားမည်လည်းဖြစ်ကြောင်းဖော်ပြပါရှိသည်။
Yangon Times/NN
#Local_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 February 2024
၁။ ဂျပန်ရောက်မြန်မာများ သံရုံးသို့ ငွေပိုသွင်းနေ၍ ပမာဏအတိအကျသာ လွှဲကြရန် အသိပေး
၂။ ရှမ်းတောင်ရှိ အရှူးပေါ်နေသည့် မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက်များအား နောက်ဆုံးဈေးကွက်ဖြင့် ချိတ်ဆက်ပေးနေ
၃။ အခုရက်ပိုင်းတွင် တစ်ရက်တည်းကို မီး(၁၀)ကြိမ်လောင်ကျွမ်းသည့်အထိကြုံလာ၊ မနှစ်ကထက်တော့ မီးလောင်ကျွမ်းမှုနည်းပါး
၄။ မော်ရိုကိုမှ တရုတ်ပေကျင်းအထိ ကီလိုမီတာတစ်သောင်းခွဲကွာဝေးသည့်ခရီးစဥ်ကို စက်ဘီးစီးလည်ပတ်မည့် မော်ရိုကိုစွန့်စားခရီးသည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
22 February 2024
ပြည်တွင်းစက္ကူလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့်စက္ကူများထုတ်လုပ်ရန်ဆောင်ရွက်ရန်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည်။
စပါး၏ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များပြုလုပ်ပြီး အဆင့်မြင့်စက္ကူများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကမြန်မာနိုင်ငံစက္ကူနှင့်ပျော့ဖတ် အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက "မိမိတို့နိုင်ငံ၌ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် စပါးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိ၍ ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များပြုလုပ်ပြီး အဆင့်မြင့်စက္ကူများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန် ထပ်မံလမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် အသေးစားစက်ရုံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ဒေသတွင်းရှိ ပြည်သူများအား အလုပ်အကိုင်ရရှိအောင် ဖန်တီးပေးခြင်းဖြစ်ကြောင်း၊ ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့်စက္ကူ များထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်"ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လုပ်ငန်းများ စတင်ဆောင်ရွက်စဉ် အခက်အခဲများစွာရှိသလို အခွင့်အလမ်းလည်း များစွာရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် အကြီးစား စက်မှုလုပ်ငန်းများကိုသာ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက္ကူနှင့်ပျော့ဖတ် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published- 22 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဒဂုံ-သီလဝါကားလမ်း၊ ကုလားဝဲကျေးရွာအနီး၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုယနေ့တွင် ဖြစ်ပွား ခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ရက်နေ့၊ နေ့လယ် ၁နာရီ ၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဒဂုံ-သီလဝါကားလမ်း၊ ကုလားဝဲကျေးရွာအနီး၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရသည်။
' မီးသတ်ယာဉ်နှစ်စီးနဲ့ ရေဖြန်းနေတယ်၊ ကျွန်တော်တွေ့တာ မီးတော့ ဟိုလိုလောင်နေတာမဟုတ်ဘူး၊ မီးခိုးလေးတွေတော့တွေ့ရတယ်၊ ကားသမားတော့ ဆေးရုံပို့လိုက်ကြတယ်။' ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာ၍ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
စပျစ်လှိုင်ချိန်ဖြစ်သော်လည်း ဝယ်လိုအားများ၍ ဈေးတက်ရိပ်ပြလာ
'နေပူလာတော့ အရောင်းသွက်လာတယ်၊ စပျစ်ရာသီလည်းရောက်လာတော့လေ၊ လက်ရှိတောင်ကြီးအလှုချိန်ဆိုတော့ အဲ့ဒီဘက်ကပိုမှာနေတယ်၊ နောက်ပိုင်းအသီးလှရင် ရှစ်ထောင်၊တစ်သောင်းဖြစ်ဦးမယ်'
စပျစ်တစ်ပိသာ ပျှမ်းမျှကျပ်၈၀၀ အထိဈေးတက်လာ
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲမှာဗိုလ်တထောင်စေတီရှိ ဌာန(၇)ခုမှ ဝန်ထမ်းတွေပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လာမယ့် တပိုတွဲလပြည့်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်မှာတော့ နှမ်းမနဲစတုဒိသာလှူဒါန်းမှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ် ဂေါပကအဖွဲ့
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 22 February 2024
CTBTO Preparatory Commission ၏ (၆၂) ကြိမ်မြောက်လုပ်ငန်းအဖွဲ့(ဘီ) အစည်းအဝေးသို့ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း သိရပါတယ်။
The Comprehensive Nuclear-Test-Ban Treaty Organization (CTBTO) Preparatory Commission ၏ (၆၂) ကြိမ်မြောက်လုပ်ငန်းအဖွဲ့(ဘီ)အစည်းအဝေးကို ဩစတြီးယားနိုင်ငံ၊ Vienna International Centre ၌ hybrid format ဖြင့် ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကျင်းပလျက်ရှိရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ ဒေါ်စုစုဝင်းနှင့် ပထမအတွင်းဝန် ဒေါ်မြတ်မဉ္ဇူပြုံးတို့ တက်ရောက်နေကြတာ ဖြစ်ပါတယ်။
အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုဆိုင်ရာ စောင့်ကြည့်စစ်ဆေးသည့် အစီအစဉ်များ အကောင်အထည် ဖော်ခြင်းနှင့်ပတ်သက်သော အတွင်းရေးမှူးရုံး၏ အစီရင်ခံစာများအား ပြန်လည်သုံးသပ်ကြမှာ ဖြစ်ပါတယ်။
အဆိုပါလုပ်ငန်းအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ်တွင်ပါရှိတဲ့ နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခြင်း နှင့် International Monitoring System (IMS) Station ဆိုင်ရာ တည်နေရာအညွှန်း၊ အမည်နာမနှင့် code များကို ထပ်မံပြင်ဆင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ အတွင်းရေးမှူးရုံး၏ အဆိုပြုချက်များအပေါ် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
အစည်းအဝေးသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနိုင်ညီညီအောင် က အွန်လိုင်းစနစ်ဖြင့် တက်ရောက် လျက်ရှိကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 672 of 2119