#Local_News
Published 6 January 2025
▪️ လာမည့် နှစ်ရက်အတွင်း ကချင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် သုံးခု၌ ဆောင်းရာသီ ၌ နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နေ့လယ် ၂နာရီ ထုတ်ပြန်ချက်အရ သိရသည်။
▪️ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် တို့တွင် အများအားဖြင့် သာယာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း၊ ညအပူချိန်များမှာ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် ၂ ဒီဂရီဆဲလ်စီးယပ်လျော့နည်းခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီ ဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်းသိရသည်။
▪️ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၃.၀ ဒီဂရီဆဲလ်စီးယပ်၊ တီးတိန်မြို့တွင် ၅.၆ ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့တွင် ၅.၈ ဒီဂရီဆဲလ်စီးယပ်၊ ပင်လောင်း မြို့တွင် ၆.၅ ဒီဂရီဆဲလ်စီးယပ်၊ ပြင်ဦးလွင်မြို့တွင် ၆.၇ ဒီဂရီဆဲလ်စီးယပ်၊ မိုင်းယန်းမြို့တွင် ၈.၀ ဒီဂရီဆဲလ်စီးယပ်၊ မချမ်းဘောမြို့တွင် ၈.၈ ဒီဂရီဆဲလ် စီးယပ်၊ မင်းကင်းမြို့နှင့် ဟဲဟိုးမြို့တို့တွင် ၁၀.၀ ဒီဂရီဆဲလ်စီးယပ်စီနှင့် မြစ်ကြီးနားမြို့တွင် ၁၀.၅ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြကြောင်း သိရသည်။
▪️ မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်း ၊နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times