#Local_News
Published 6 January 2025

▪️ ရန်ကုန်အထိုင်စားအုန်းဆီရည်ညွှန်းဈေးများမှာ ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ဆက်တိုက်တည်ငြိမ်လျှက်ရှိကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏အပတ်စဉ်ထုတ်ပြန်လျှက်ရှိသည့် ဈေးနှုန်းများအရ သိရသည်။

▪️ ရန်ကုန်အထိုင် စားအုန်းဆီဈေးရည်ညွန်း‌ဈေးများကို ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံ‌များတွင် ဖြစ်ပေါ်နေသည့် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု‌များအရ သတ်မှတ်ထုတ်ပြန်လျှက်ရှိရာ ယခုတစ်ပတ်ယခုတစ်ပတ်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၆) ရက်မှ (၁၂) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၇၂၈၀) ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

▪️ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာကို ၇၂၈၀ ကျပ်ဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှ  ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာလည်း တစ်ပိဿာကို ၇၂၈၀ ကျပ်ဖြစ်ခဲ့ရာ ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ စားအုန်းဆီဈေးတည်ငြိမ်နေခြင်းဖြစ်သည်။

▪️ ယခုကဲ့သို့ ရည်ညွန်းဈေးများ ထုတ်ပြန်နေသကဲ့သို့ ဈေးကွက်အတွင်း စားသုံးဆီ‌များကို သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချပေးရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက တိုက်တွန်းပြောဆိုထားပြီး ဈေးကွက်အတွင်း စားအုန်းဆီ‌များကို ဈေးနှုန်းမြင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်အတွက် ရှောင်တခင်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိ‌ကြောင်း စားသုံးသူရေးရာဦးစီးဌာနက သိရသည်။

#YMG/SW #Yangon_Times