#LocalNews
Published_ 21 March 2023
ပုသိမ်ကြီးမြို့နယ်၊ အုန်းချော ကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်အားရှောင်ကွင်း၍ မူးယစ်ဆေးဝါးများအား LAND CRUISER မော်တော်ယာဉ်ဖြင့် သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မသင်္ကာယာဉ်ရောက်ရှိလာသဖြင့် ရှာဖွေစစ်ဆေးရန်ရပ်တန့်စေရာ ရပ်တန့်စစ်ဆေးခံခြင်းမရှိဘဲ အရှိန်မြှင့်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
ယင်းနောက် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ညနေ ၃ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ ၅၈(A)လမ်းနှင့် ၁၁၀ လမ်းထောင့်အရောက်မှာ အဆိုပါယာဉ်ပေါ်တွင် ဆာလာအိတ် ၂၂ အိတ်အတွင်းမှ ဆပ်ပြာခွက် ၄၈၄၀ ခွက်ဖြင့်ထည့်ထားသော ငွေကျပ် ၁ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှာသတင်းထုတ်ပြန်ထားသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ လမ်းတစ်လျှောက်ရှိ ရှာဖွေစစ်ဆေးရေးစခန်းများအား ရှောင်ကွင်း၍ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ပြစ်မူကျူးလွန်သူယာဉ်မောင်းအား ဥပဒေအရအရေးယူထားရှိပြီး ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ymg/ynzw
#Yangon_Media_Group
#LocalNews
Published-21 March 2023
မွန်ပြည်နယ် မော်လမြိုင်တွင် ဆေးခန်းလာပြသူ အမျိုးသမီးထံမှ ရွှေဆွဲကြိုးလုဖြတ်ပြေးသူကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးနိုင်ခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ် ဆယ်ရေးအဖွဲ့က သိရသည်။
ဖြစ်စဉ်မှာ မတ်လ၂၁ရက် နံနက်၁၁နာရီအချိန်တွင် မော်လမြိုင် ချမ်းမြေဂုဏ်ဆေးခန်းလာပြသူ ကျိုက်က္ခမီမြို့နေမှ အသက်(၄၀)ဝန်းကျင်အမျိုးသမီး ၂ ဦး ထမင်းဆိုင်ရှေ့ကားစောင့်နေစဉ် ရွှေဆွဲ ကြိုး ၃ ကျပ်သားကို ဖြတ်လုခံရခြင်းဖြစ်သည်။
ယင်းကဲ့သို့ လုဖြတ်ပေးစဉ် ပြည်သူများကလိုက်လံဖမ်းဆီးရာ ဝါဆိုင်ကျော်ရွာထဲတွင် တရားခံအား နပန်းလုံးသတ်ပုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
"အဖိုးတန်လက်ဝတ်ရတနာတွေကို ဝတ်ဆင်ထားသူတွေ အသိသတိရှိဖို့ လိုအပ်ပါတယ်။ အတတ်နိုင်ဆုံး အခုခေတ်ကာလမှာ အဖိုးတန်လက်ဝတ်ရတနာတွေ ဝတ်ဆင်တာကို ရှောင်ကြဉ်သင့်ပါတယ်" ဟုလည်း ဘိုဘိုဝင်းက သတိပေးထားသည်။
ဖမ်းဆီးရမိသူကို ရခိုင်ကုန်းအုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ပေးခဲ့၍ လက်ရှိတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။
#ymg/mt
#ဆွဲကြိုးလုပြေး
#Yangon-Media-Group


#LocalNews
Published_ 21 March 2023
မတ်လ ၂၁ ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၁၉၆၅ ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်ကားရောင်းချဈေးမှာ တစ်လီတာ ၁၈၆၀ အကျနှုန်းထားဖြင့် ဈေးကျဆင်းလာကြောင်းစက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ်ဈေးနှုန်းအပြောင်းအလဲများအရ သိရသည်။
ယနေ့ ရန်ကုန်မြို့ စက်သုံးဆီရည်ညွှန်းဈေး၌ အောက်တိန်း ၉၂ တစ်လီတာ ၁၉၆၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၀၅၀ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၂၀၀၀ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ၂,၀၈၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။
မတ်လအစ၌ ပြည်တွင်း စက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီ ၂,၁၀၀ ကျပ်ဖြင့် စဖွင့်ခဲ့ပြီး အမြင့်ဆုံးဈေးအဖြစ် ပရီမီယမ်ဒီဇယ် တစ်လီတာ ၂,၂၆၅ ကျပ်အထိရောက်ရှိခဲ့သည် ။
ဒေါ်လာဈေးအပြောင်းအလဲမရှိသော်လည်း ကမ္ဘာစက်သုံးဆီဈေးကြောင့် ပြည်တွင်းစက်သုံးဆီဈေးများ ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်းသိရသည်။
ymg/ppk
#ဓါတ်ဆီဈေး
#Yangon_Media_Group
#LocalNews
Published_ 21 March 2023
ရန်ကုန်သင်္ကြန်ပွဲတော်ကာလအတွင်း ခွင့်ပြုချက်မဲ့ရေဆက်သွယ်မှု ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ထုတ်ပြန်လိုက်သည်။
ယာယီရေဆက်သွယ်ခွင့်လျှောက်ထားရမှာဖြစ်ကြောင်းအဆိုပါကော်မတီမှထုတ်ပြန်လိုက်သည်။
သင်္ကြန်ပွဲတော်အတွင်း စည်ပင်သာယာ ရေပိုက်လိုင်း၊အင်းလျားကန်နှင့်ကန်တော်ကြီးတို့မှရေကို ခွင့်ပြုချက်ဖြင့် ဆက်သွယ်ကစား ရမည် ဖြစ်ပြီး ရေဆက်သွယ်လိုသူများအနေဖြင့်ဧပြီလ ၁၃ ရက်(အကြိုနေ့)နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)သို့ ယာယီရေဆက်သွယ်ခွင့်လျှောက်ထားရမည်ဖြစ်ကြောင်းအဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယာယီရေဆက်သွယ်ခွင့်လျှောက်လွှာများကို စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး၊တိုးချဲ့ရုံးသစ်၊ပဉ္စမထပ်ရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ရုံးခန်း၌ အခမဲ့ထုတ်ယူနိုင်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
ရေဆက်သွယ်မှုကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ဝန်ထမ်းများက ရေဆက်သွယ်သူတို့လိုက်နာရမည့်စည်းကမ်းချက်များနှင့်ခွင့်ပြုပေးမည်ဖြစ်ပြီး စည်ပင်သာယာ ရေပိုက်လိုင်း၊အင်းလျားကန်၊ကန်တော်ကြီးနှင့် အခြားမြေစိုက်ရေကန်များခွင့်ပြုချက် မရှိဘဲရေဆက်သွယ်ပါကအရေးယူမည်ဖြစ်ကြောင်းသိရသည်။
ymg/ynzw
#ရန်ကုန်သင်္ကြန်
#Yangon_Media_Group
#LocalNews
Published_ 21 March 2023
ထိုင်းနိုင်ငံ၊အယုဒ္ဓယခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး အိမ်သာအတွင်း ခလေးမွေးဖွားမှု မတ်လ ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးမှာ အသက် ၂၉ နှစ်အရွယ်ရှိပြီး ဗိုက်အောင့်ရာမှ အိမ်သာခန်းတွင်းသွားရောက်စဉ် အရေးပေါ်ကလေးမွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း၊မွေးလာသည့် ကလေးမှာ မိန်းခလေးဖြစ်ကြောင်း ထိုင်းနိုင်ငံတွင်းရွေ့ပြောင်းမြန်မာလုပ်သားများအရေး ကူညီနေသူများထံမှ သိရသည်။
အဆိုပါ ကလေးမွေးဖွားမှုမှာ ညပိုင်းဖြစ်သောကြောင့်အယုဒ္ဓယလူမှုကယ်ဆယ်ရေးသူနာပြုဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ရကြောင်း၊ ၎င်း၏ကိုယ်ဝန်သက်တမ်း ၆ လသာ ရှိသေးသည်ဟုဆိုသော်လည်း ကလေးငယ်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားနေကြောင်း၊ယခုအခါ အဆိုပါ အမျိုးသမီးအား အယုဒ္ဓယဆေးရုံတွင် ထားရှိကာ စောင့်ရှောက်ပေးထားပြီး ကလေးရော မိခင်ပါ ကျမ်းမာကြောင်း သိရသည်။
Photo- Thaitv2 သတင်း
ymg/mt
#Yangon_Media_Group


#LocalNews
Published_ 21 March 2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြလမ်းပေါ်ရှိ အရှည်ပေ ၁၂၆၀ ရှိ ပမ္မဝတီတံတား (မြင်းကဆိပ်) ကို မတ်လ ၂၀ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယခင်က တည်ဆောက်ခဲ့သည့် ပမ္မဝတီတံတား (မြင်းကဆိပ်) ကြိုးတံတားဟောင်းမှာ ကြံ့ခိုင်မှု အားနည်းလာသည့်အတွက် မူလကြိုးတံတားဟောင်းကို ဖြုတ်သိမ်း၍ ကျွမ်းကျင်ပညာရှင်များက ခေတ်မီနည်းစနစ်တို့ကို အသုံးပြုပြီးအရှည်ပေ ၁၂၆၀၊ အပေါ်ထည် Steel Box Girder သံကူကွန်ကရစ်ကြမ်းခင်းနှင့် အောက်ထည်အုတ်မြစ် ကို R.C.C Bored Pile ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှစ်လမ်းသွား၊တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုတံတားကြီးကို ဖွင့်လှစ်လိုက်သည့်အတွက် ပုသိမ်မြို့မှမြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဖျာပုံမြို့နယ်တို့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ အချိန်တိုအတွင်း အလွယ်တကူဆက်သွယ်သွားလာနိုင်ပြီး ဒေသထွက်ကုန်များကို သယ်ယူပို့ဆောင်နိုင်မည့်အပြင် ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကာ ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေ၊ နိုင်ငံတကာအကူအညီချေးငွေများဖြင့် လမ်း၊ တံတားများကို တည်ဆောက်ပေးလျက်ရှိရာ ယနေ့အထိ လမ်းမိုင် ၁၈၈၅ မိုင် ကျော် ဖောက်လုပ်ထိန်းသိမ်းထားပြီး ပေ ၁၈၀ နှင့်အထက် တံတားကြီး ၁၀၉ စင်းကိုလည်း တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းတွင်လည်း ပေ ၁၈၀ နှင့်အထက်တံတား ၁၂ စင်းနှင့် ပေ ၁၈၀ အောက်တံတားခုနစ်စင်း စုစုပေါင်း ၁၉ စင်းကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 21 March 2023
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် လိုသော အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ ကချင်အမျိုးသားကွန်ကရက်ပါတီ(KNC)နှင့် ရခိုင်အမျိုးသားပါတီ(ANP) တိုသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့မတ်လ ၂၀ရက်နေ့တွင်လာျလျှာက်ထားကြောင်းညအဆိုပါရွေးကောက်ပွဲရှင်မကထုတ်ပြန်ထားသည်။
ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီ ရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၂၆ ပါတီဖြစ်၍ စုစုပေါင်း ၃၂ ပါတီ အထိရှိလာပြီဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
ယင်း ၃၂ ပါတီ တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၈ ပါတီနှင့် တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၂၄ ပါတီ ဖြစ်ပြီး၊ အဆိုပါပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှသိရသည်။
ymg/ynzw
#Yangon_Media_group
Page 1647 of 2475