Published_ 27 September 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပန အခမ်းအနား ကို စက်တင်ဘာ (၂၇) ရက် နေ့လည် (၂) နာရီက တိုကျိုမြို့ရှိ Nippon Budokan ခန်းမ ကြီး၌ ပြုလုပ်ခဲ့ရာ မြန်မာအစိုးရကိုယ်စား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် နှင့်ဇနီး ပါဝင်တက်ရောက်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ ဦးဆောင်သော အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ဥက္ကဋ္ဌများ၊ တရားရုံးချုပ် တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော် အမတ်များ၊ ပြည်ပနိုင်ငံပေါင်း (၂၀၀) ကျော်မှ အစိုးရအဖွဲ့အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ တိုကျိုမြို့ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၃၀၀) ခန့် တက်ရောက်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေးနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြုစကား များကို နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပရေးကော်မတီ ၊ ဥက္ကဋ္ဌ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟီရိုယူကီ ဟိုဆိုဒါ၊ အထက် လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟီဒေဟီဆာ အော့ဆုဂျိ၊ တရားရုံးချုပ် တရားသူကြီးချုပ် မစ္စတာ ဆာဘူရို တိုဂူရာ နှင့် ဝန်ကြီးချုပ် ဟောင်း ရှင်ဇိုအာဘေး၏ မိတ်ဆွေများကိုယ်စား ဝန်ကြီးချုပ် ဟောင်း ယိုရှီဟီဒေး ဆူဂမှ အသီးသီး ပြောကြား ခဲ့ကြပါတယ်။
ထို့နောက် ဂျပန်ဧကရာဇ် နာရူဟီတိုနှင့်မိဘုရားတို့၏ ကိုယ်စားလှယ်များ၊ ဂျပန်ဧကရာဇ်ဟောင်း အာကီဟီတိုနှင့် မိဘုရားတို့၏ ကိုယ်စားလှယ်များမှ ဂါရဝပြုခဲ့ ကြပြီးနောက် တော်ဝင်မိသားစုအဖွဲ့ဝင်များ၊ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း၏ မိသားစုဝင်များမှ ပန်းစည်းချ ဂါရဝပြုခဲ့ကြပါတယ်။
ဆက်လက်၍ နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပရေးကော်မတီ ၊ ဥက္ကဋ္ဌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ၊ အထက် လွှတ်တော် ဥက္ကဋ္ဌ၊ တရားရုံးချုပ်တရားသူကြီးချုပ်၊ ဝန်ကြီးချုပ်ဟောင်း၏ မိတ်ဆွေများ၊ ပြည်ပနိုင်ငံများမှ တက်ရောက်လာကြသော အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ တိုကျိုမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များမှ ပန်းစည်းချ ဂါရဝပြုခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 27 September 2022
ရန်ကုန်တိုင်းမှာ ကိုဗစ်လူနာတွေကို ဆေးရုံကြီး(၉)ရုံနဲ့မြို့နယ်ဆေးရုံတွေမှာ လက်ခံကုသပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမင်း ကပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 27 September 2022
၁။ ကိုဗစ်လူနာများကို ဆေးရုံကြီး(၉)ရုံနှင့် မြို့နယ်ဆေးရုံများတွင် လက်ခံကုသပေးနေ
၂။ ရုရှားစက်သုံးဆီကို အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဦးစားပေးရောင်းချမည်
၃။ ယခုလအတွင်း ပြည်ပသို့ပြောင်းတန်ချိန် ခြောက်သောင်းတင်ပို့နိုင်ခဲ့
၄။ ထိုင်ဝမ်မှ သင်းခွေချပ်များ လမ်းဘေးခွေးကိုက်သည့် အန္တရာယ်နှင့်ကြုံတွေ့နေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 27 September 2022
လာမယ့် ပွင့်လင်းရာသီမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေအနေနဲ့ ပြန်လည်ဦးမော့လာနိုင်ဖို့တွေ ပြင်ဆင်နေလျှက်ရှိနေပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 September 2022
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း'နိုရူ'အရှိန်ကြောင့် ရန်ကုန်တိုင်အပါ အဝင်ဒေသ(၁၁)ခု၌ မိုးထစ်ချုန်းရွာခြင်း၊မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
စက်တင်ဘာလ (၂၇)ရက်တွင်ထူးခြားမိုးလေဝသအခြေအနေအဖြစ် သတိပေးချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်၊၊
တိုင်ဖွန်းမုန်တိုင်း “နိုရူ”(Noru)၏ အရှိန်ကြောင့်စက်တင်ဘာ(၂၈)မှ အောက်တိုဘာ(၂)ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ အချိုဒေသများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်၊၊
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလမှ အသိပေးနှိုးဆော်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 27 september 2022
တောင်ကိုရီးယားနိုင်ငံသို့ လာမည့် အောက်တိုဘာလ ၅ ရက်တွင် မြန်မာနိုင်ငံမှ အလုပ်သမား ၁၄၁ ဦးကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာထားသည်။
သွားရောက်လုပ်ကိုင်ခွင့်ရရှိသူများ၏ အမည်စာရင်းများကို ယမန်နေ့က ထုတ်ပြန်ထားပြီး စာရင်း၌ ပါဝင်သူများအနေဖြင့် စက်တင်ဘာလ ၂၈ ရက်အတွင်း POEA ရုံးချုပ်သို့ လာရောက်သတင်းပို့ရန်လည်း အသိပေးထားရှိသည်။
အောက်တိုဘာလ ၅ ရက်တွင် သွားရောက်မည့်သူများ အနေဖြင့် အာမခံကြေးနှင့် ဝန်ဆောင်ခပေးသွင်းခြင်း၊ လေယာဉ်လက်မှတ်ခပေးသွင်းခြင်းများကို ကြိုတင်ပြုလုပ်ထားရမည်ဟု အဆိုပါဌာနမှ အသိပေးထားသည်။
တောင်ကိုရီးယားနိုင်ငံက ယခုနှစ်ဆန်းကစပြီး မြန်မာလုပ်သားများကို ဆက်တိုက်ခေါ်ယူနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၉ လအတွင်း မြန်မာလုပ်သား ၄,၀၀၀ ဝန်းကျင် ခေါ်ယူထားရှိကာ ဆက်လက်ခေါ်ယူဦးမည်ဖြစ်ကြောင်းလည်း POEA ထံမှ သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံ၌ လက်ရှိတွင် မြန်မာလုပ်သား ဦးရေ ၄၀,၀၀၀ ကျော်လုပ်ကိုင်နေလျှက်ရှိကြောင်း ယင်းမှသိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_27 September 2022
အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ဗန္ဓုလသယ်ယူပို့ဆောင်ရေးလက်အောက်ရှိ ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထားကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းမှ အသိပေးကြေညာထားသည်။
အဆိုပါယာဉ်လိုင်းများမှာ YBS 12၊ YBS 13၊ YBS 14 ၊ YBS 25 ၊ YBS 30 ၊ YBS 38၊ YBS 55 ၊ YBS 117၊ YBS 128 ယာဉ်လိုင်းများဖြစ်ပြီး ပြောင်းလဲကောက်ခံမည့် ယာဉ်စီးခနှုန်းထားမှာ ခရီးစဉ်တစ်ပိုင်းလျှင် ၂၀၀ ကျပ်၊ ခရီးစဉ်အစ/အဆုံး ၃၀၀ ကျပ်၊ YPS ကတ်ဖြင့်စီးနင်းပါက ခရီးစဉ်မှတ်တိုင် (၃၀) အထိ ၂၀၀ ကျပ်၊ ခရီးစဉ်အစ/အဆုံး ၂၈၀ ကျပ်ဖြစ်ကြောင်း သိရသည်။
YRTC အနေဖြင့် YBS ယာဉ်လိုင်းအားလုံးကိုပုံသေနှုန်းထားတစ်ခုသာသတ်မှတ်ထားသော်လည်း ယာဉ်လိုင်းအချို့မှာ ၅၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံမှုများရှိနေကြောင်း သိရသည်။
“YBS ယာဉ်စီးခက ၂၀၀ လို့သာ သတ်မှတ်ထားပေမယ့် အဲ့ထက်မက ပေးစီးနေရတယ်။ သူတို့ကိုပြန်ပြောရင်လည်း မချေမငံပြန်ပြောတယ်။ အခုအားလုံးက အစစအရာရာဈေးတက်နေတော့လည်း ဘာမှတော့ မပြောလိုပါဘူး”ဟု YBS စီးသည့်ခရီးသည်တစ်ဦးက ပြောသည်။
ယင်းအပြင် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်လက်အောက်တွင် ပြေးဆွဲနေသော YBS ယာဉ်လိုင်းအားလုံးတွင်လည်း ၎င်းနှုန်းထားအတိုင်း ပြောင်းလဲကောက်ခံနေခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ စီးပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၃ သိန်းဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေကြောင်း၊ ယင်းအပြင် YPS ကတ်စနစ်ဖြင့်စီးနင်းသူခရီးသည်ဦးရေမှာ ငါးသောင်းပတ်ဝန်းကျင်ရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1651 of 2142