#Local_News
Published 31 August 2022
စားနပ်ရိက္ခာလိုအပ်နေတဲ့ သက်ကြီးရွယ်အိုနဲ့ကလေးတွေရှိတဲ့အိမ်တွေကိုစားနပ်ရိက္ခာထောက်ပံ့ပေးတဲ့ စီမံချက်ကိုရန်ကုန်တိုင်းအပါအဝင်ဒေသ(၃)ခုမှာအကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အထွေထွေအတွင်း ရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုးကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-31 August 2022
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးဟာ အနိမ့်ဆုံးဈေးနှုန်းကို သတ်မှတ်ပေးထားတာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 31 August 2022
ထိုင်းနိုင်ငံ၊ တက်ခရိုင်၊ မဲဆောက်မြို့နယ်မှာရှိတဲ့ သဘာဝတရားရိပ်သာကို ထိုင်းရဲတပ်ဖွဲ့မှ သြဂုတ်လ ၂၉ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်စီးနင်းချိန်အတွင်း သံဃာတော်များ အပါအဝင် မြန်မာ ၃၈ ဦးဖမ်းဆီးခံလိုက်ရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 31 August 2022
၁။ မဲဆောက်ရှိ သဘာဝတရားရိပ်သာကို ထိုင်းရဲများ ဝင်ရောက်စီးနင်းမှု၌ ဖမ်းဆီးခံရသူများထဲ ထောက်လှမ်းရေးပါသည်မှာ ကောလဟာလသာဖြစ်ဟုဆို
၂။ ရွှေအသင်းမှ ထုတ်ပြန်သည့်ဈေးနှုန်းသည် အနိမ့်ဆုံးဈေးကိုသာသတ်မှတ်ပေးထားခြင်းဖြစ်ဟုဆို
၃။ သက်ကြီးရွယ်အိုနှင့် ကလေးများရှိသည့် အိမ်များကို စားနပ်ရိက္ခာထောက်ပံ့ပေးသည့် စီမံချက်ဖော်ဆောင်နေ
၄။ ဂျပန်ရေချိုးခန်းဝန်ဆောင်မှုများ ဆက်လက်ဖွင့်လှစ်ထားနိုင်ရန် နည်းလမ်းရှာကြံနေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_31 August 2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ နဝဒေးတံတားပေါ်ကနေ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ခုန်ချသွားတဲ့ သားမိနှစ်ယောက်လုံးကို သြဂုတ်လ ၃၁ ရက်ထိ ရှာလို့မတွေ့သေးဘူးလို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published-31 August 2022
ငွေလဲလှယ်နှုန်းမြင့်မားမှုကြောင့် တစ်လအတွင်း နှမ်းဈေး ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း နှမ်းကုန်သည်များထံမှ သိရသည်။
ယင်းအပြင် ပြီးခဲ့သည့်နှမ်းစိုက်ရာသီချိန်တွင် နှမ်းစိုက်သည့်ဒေသအများစု အကြောင်းအမျိုးမျိုးကြောင့် လျော့ချစိုက်ပျိုးခဲ့ရသည့်အတွက် အထွက်နှုန်းနည်းကာ နှမ်းစျေး စျေးကောင်း ပြန်ရလာကြောင်း သိရသည်။
လက်ရှိ နှမ်းစျေးကွက်တွင် အက်စစ်အောင်သည့်နှမ်းများသာ အဓိကထား အရောင်းဝယ်ဖြစ်နေပြီး အက်စစ်အောင်သည့် နှမ်းမှာလည်း လက်ရှိစျေးကွက်တွင် ရှားနေကြောင်း သိရသည်။
ကိုဗစ်ကြောင့် နှမ်းနက် (၄၅)ပိဿာ၀င် တစ်အိတ်ကို နှစ်သိန်းထိ ပေါက်စျေးသာရှိခဲ့ရာမှ ယခုလျှင် အက်စစ်အောင်သည့် နှမ်း (၄၅)ပိဿာ၀င် တစ်အိတ်ကို (၃)သိန်းဝန်းကျင်ရှိပြီး အချိန်နှင့်နေရာလိုက်၍ စျေးနှုန်းများပြောင်းလဲနိုင်ကြောင်း သိရသည်။
မြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး ယခုအချိန်တွင် တရုတ်နိုင်ငံ တခုတည်းသာတင်ပိုနေရကြောင်း ကျန်နိုင်ငံများသို့ တင်ပို့ရန် အခက်အခဲများစွာ ရှိနေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျှက်ရှိပြီး မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှ ထွက်ရှိသည့် နှမ်းနက်သည် အရည်အသွေးကောင်းမွန်ကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published-31 August 2022
လက်ရှိငွေကြေးဈေးကွက်တွင်များစွာ ဂယက်ထနေပြီး ရင်းနှီးမြှုပ်နှံသူများက ခိုင်မာ၍ ပိုင်ဆိုင်မှုရှိသည့် အိမ်ခြံမြေဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံမှု ပိုများလာကြောင်း သိရသည်။
လက်ရှိ ပြည်တွင်းတွင် ငွေကြေး မတည်ငြိမ်မှုသည် အကြီးစားရိုက်ခတ်မှုသဘောဖြစ်နေပြီး ငွေကြေးဖောင်းပွမှုကို အနည်းဆုံး ထိန်းထားနိုင်သည့် အိမ်ခြံမြေအပေါ် ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်လာသော်လည်း အိမ်ခြံမြေဈေးများ အတက်ဘက်သို့ သွားနေကြောင်း သိရသည်။
ယခင်က မိုးရာသီတွင် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးသည့် အချိန်ကာလဖြစ်ပြီး နိုင်ငံရေးအခြေအနေ၊ ငွေကြေးဈေးကွက်ဂယက်များကြောင့် အိမ်ခြံမြေဈေးကွက်မှာ လှုပ်ခတ်လာရခြင်းဖြစ်သည်။
လက်ရှိဈေးကွက်ထဲတွင် သိန်း ၁၀၀၀ နှင့် ၃၀၀၀ ကြား အရောင်းအဝယ်ပိုမိုဖြစ်လျက်ရှိပြီး သိန်း ၁၀၀၀ အောက် တိုက်ခန်းများ ဝယ်လိုအား နှေးနေကြောင်း၊ ပြည်နယ်နှင့် တိုင်းအလိုက်ကြည့်ပါက ရန်ကုန်မြို့တွင် ပိုမိုရင်းနှီးမြှုပ်နှံကြကြောင်းလည်း သိရပါတယ်။
#Ymg/STH
#Yangon_Media_Group
Page 1645 of 2079